၇၆၄ ဘုရားကို ချစ်ရန် သူ၏ ချစ်ဖွယ်ကောင်းမှုကို သင်တွေ့ကြုံရမည်
၁
လူတို့ ဘုရားကို ယုံကြည်ပြီး
ကြောက်ရွံ့သော နှလုံးသားနှင့်
နှုတ်ကပတ်တော်၌ လက်တွေ့ရှင်သန်သည့်အခါ
ဘုရား၏ကယ်တင်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို သူတို့ရရှိကြမှာ
ဤလူများ ဘုရားသခင်ကို သက်သေခံနိုင်
သမ္မာတရားတိုင်း အသက်ရှင်၍
ဘုရား၏ဖြစ်ခြင်းနှင့် စိတ်သဘောထားကို သူတို့ သက်သေခံ
သူတို့ ဘုရား၏မေတ္တာကို မြင်၍ အသက်ရှင်ကြ
လူတို့ ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိလျှင်
ဘုရား၏ ချစ်ဖွယ်ကောင်းမှုကို သူတို့ မြည်းစမ်းမှသာ
ဘုရား၏ ချစ်ဖွယ်ကောင်းမှုကို သူတို့ မြင်တွေ့မှသာ
သူတို့အထဲ၌ ဘုရားကို ချစ်သောနှလုံးသား
ဘုရားအတွက် သစ္စာရှိစွာ ပေးဆပ်သော နှလုံးသား ဖြစ်ပေါ်လာနိုင်
၂
ဘုရားသခင် လူတို့ကို သူ့အား ချစ်ရန်
စကားလုံးများ သို့မဟုတ် စိတ်ကူးဖြင့် လုပ်မည်မဟုတ်
လူတို့ကို အတင်းမချစ်ခိုင်း
လူတို့အား ဆန္ဒအလျောက် ချစ်ခွင့်ပေးထား
နှုတ်ကပတ်တော်နှင့် သူပြုသောအရာ၌
သူ၏ ချစ်ခင်နှစ်သက်ဖွယ်ဖြစ်ပုံကို မြင်တွေ့စေ
ထို့နောက် သူတို့အထဲ၌ ဘုရားအပေါ် စစ်မှန်သည့်အချစ် မွေးဖွား
ဤနည်းဖြင့်သာ လူတို့ ဘုရားသခင်ကို သက်သေခံနိုင်
တိုက်တွန်းခံရလို့ သူတို့ ဘုရားကို မချစ်
ရုတ်တရက် စိတ်ခံစားချက်များကြောင့်လည်း မဟုတ်
လူတို့ ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိလျှင်
ဘုရား၏ ချစ်ဖွယ်ကောင်းမှုကို သူတို့ မြည်းစမ်းမှသာ
ဘုရား၏ ချစ်ဖွယ်ကောင်းမှုကို သူတို့ မြင်တွေ့မှသာ
သူတို့အထဲ၌ ဘုရားကို ချစ်သောနှလုံးသား
ဘုရားအတွက် သစ္စာရှိစွာ ပေးဆပ်သော နှလုံးသား ဖြစ်ပေါ်လာနိုင်
၃
အဘယ်သို့ သူမြတ်နိုးဖွယ်ဖြစ်ပုံကို
မြင်တွေ့ရလို့ သူတို့ ဘုရားသခင်ကို ချစ်ကြ
သူ့၌ မြတ်နိုးခံထိုက်စရာအကြောင်း များစွာ သူတို့တွေ့မြင်
ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဉာဏ်ပညာ၊
အံ့ဖွယ်အမှုများ သူတို့ မြင်တွေ့
သူတို့ ဘုရားသခင်ကို ချီးမွမ်းခြင်းနှင့်
တမ်းတရခြင်းအကြောင်း ဖြစ်လာ
သူတို့အထဲ၌ စိတ်ထက်သန်မှု ပြင်းပြ
ဘုရားမရှိလျှင် သူတို့ မရှင်သန်နိုင်
လူတို့ ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိလျှင်
ဘုရား၏ ချစ်ဖွယ်ကောင်းမှုကို သူတို့ မြည်းစမ်းမှသာ
ဘုရား၏ ချစ်ဖွယ်ကောင်းမှုကို သူတို့ မြင်တွေ့မှသာ
သူတို့အထဲ၌ ဘုရားကို ချစ်သောနှလုံးသား
ဘုရားအတွက် သစ္စာရှိစွာ ပေးဆပ်သော နှလုံးသား ဖြစ်ပေါ်လာနိုင်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်