၈၅ လမ်းတစ်လျှောက် ကိုယ်တော် အဖော်ပြု

၁ လောကထဲ ကျွန်ုပ် လွှင့်မျောကာ လှည့်လည်ခဲ့၊ ကျွန်ုပ် စိတ်နှလုံးအတွင်းထဲ ရှုပ်ထွေးသည်။ ကိုယ်တော်၏ နွေးထွေးသော နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နိုးထစေပြီး မှန်ကန်သော အလင်းကို ကျွန်ုပ် တွေ့ခဲ့။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားကို အားတင်းစေ၊ ၎င်းတို့အားလုံး သမ္မာတရားဖြစ်ကာ အလွန် စစ်မှန်ပေ။ ကျွန်ုပ်၏ လုပ်ရပ်များကို ပြန်သုံးသပ်ရင်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသည်ကို ကျွန်ုပ် နားလည်ခဲ့ရ။ ကျွန်ုပ် လဲကျကာ၊ ဝန်ချတောင်းပန်ကာ မိမိကိုယ်ကို အသစ်ဖြစ်စေဖို့ လိုလားရင်း နောင်တဖြင့် လွှမ်းခြုံ။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများက ကျွန်ုပ် မည်မျှ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်ကို ပြသည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်နှင့်အတူ ရှိပေ။ ကျွန်ုပ် ဝေးကွာသည့်အခါ၊ ကိုယ်တော် ကျွန်ုပ်ကို ခေါ်ကာ စုံစမ်းနှောင့်ယှက်ခြင်းမှ ကျွန်ုပ်ကို ဦးဆောင်ခေါ်သွားသည်။ ကျွန်ုပ် ပုန်ကန်သောအခါ၊ ကိုယ်တော် မိမိကိုယ်ကိုယ် ကွယ်ဝှက်ကာ ဝမ်းနည်းမှုနှင့် နာကျင်ခြင်းထဲ ကျွန်ုပ် ကျရောက်သည်။ ကိုယ်တော်ထံသို့ ကျွန်ုပ်နှလုံးသား ပြန်လာသည့်အခါ၊ ကိုယ်တော် ပြုံးတော်မူပြီး ကျွန်ုပ်ကိ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ စာတန်က ကျွန်ုပ်ကို လှည့်ဖြားကာ ထိခိုက်သည့်အချိန်၊ ကိုယ်တော် ကျွန်ုပ်ကို အလျင်အမြန် ကယ်နုတ်ကာ ကျွန်ုပ်၏ ဒဏ်ရာများကို ပျောက်ကင်းစေသည်။ နတ်ဆိုး အကျဉ်းထောင်ထဲ ကျွန်ုပ် လဲကျချိန်၊ ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိကာ ကျွန်ုပ် အထီးကျန်သလို မခံစားရပေ။ ထို့နောက် အာရုဏ်မိုးသောက်ချိန်ပေါ်ထွန်းမည်ကို ကျွန်ုပ်သိ၊ ကောင်းကင်သည် ယခင်ကဲ့သို့ ပြာလိမ့်မည်။

၂ ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ကျွန်ုပ်ကို လမ်းပြ၊ ကိုယ်တော်၏ ချစ်ခြင်းက ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်ကို ဆွဲခေါ်ပေ။ နေ့တိုင်း ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် အလွန်နှစ်သက်၊ ကိုယ်တော်သည် ကျွန်ုပ်၏ စဉ်ဆက်မပြတ် အဖော်ဖြစ်ပေ။ ကျွန်ုပ် အပျက်သဘောဆောင်ကာ အားနည်းချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ အာဟာရ နှင့် ခွန်အားဖြစ်ပေ။ အနှောင့်အယှက်များနှင့် ကျရှုံးမှုများကို ကျွန်ုပ်ခံစားရချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ကူညီထူမသည့် လက်ဖြစ်ပေ။ စာတန်အားဖြင့် ကျွန်ုပ် အဝိုင်းခံရချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို သတ္တိနှင့် ဉာဏ်ပညာပေးသည်။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကျွန်ုပ် ကြုံရချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက သက်သေခံရန် ကျွန်ုပ်ကို လမ်းပြပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အဖော်ပြုကာ လမ်းပြပေ၊ ကျွန်ုပ်၏ နှလုံးသား နွေးထွေးကာ ငြိမ်းအေးသည်။ ကိုယ်တော်၏ ချစ်ခြင်း အလွန်စစ်မှန်၊ ကျွန်ုပ်၏ နှလုံးသား ကျေးဇူးတင်ရှိခြင်းများဖြင့် ပြည့်ပေ။ ကိုယ်တော်၏ ချီးမွမ်းခြင်းများကို ကျယ်ကျယ် ကျွန်ုပ်သီဆို၊ စာတန်၏ အန္တရာယ်များမှ ကိုယ်တော် ကျွန်ုပ်ကို ကယ်တင်ပြီ။ ကိုယ်တော့်ထံ ကျွန်ုပ် သီဆို၊ ကိုယ်တော် ကျွန်ုပ်ကို သန့်စင်ကာ ကယ်တင်ပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းမရှိဘဲ၊ ယခု ဤနေရာတွင် ကျွန်ုပ် ရှိမည်မဟုတ်ပေ။ အို၊ လူ့ဇာတိ၌ ရှိသော လက်တွေ့ကျသည့် ဘုရားသခင်၊ လူသားမျိုးနွယ်ကို ကိုယ်တော် ကယ်တင်လေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ အစဉ်အမြဲ ချစ်မည်၊လူသား၏ ချစ်ခြင်းနှင့် ကိုယ်တော် အလွန်ထိုက်တန်လှ။

အရှေ့သို့- ၈၄ ဘုရားသခင်ကို ကျွန်ုပ်သာ၍ချစ်လို၏

နောက်တစ်ခုသို့- ၈၆ ကျွန်ုပ်ကို ချစ်သောသူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။