ဘုရား၏အကွယ်အကာအောက်တွင် လူတို့ကြီးထွားကြ၏ကျူး
၁ ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက်ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟူသော အာမခံချက်ပေးခြင်းတို့အပြင်၊ ပို၍များပြားစွာ လုပ်ဆောင်သေး၏။ ဘုရားသခင် လုပ်ဆောင်သောအရာအားလုံး၊ လူသားအတွက် ပင်ပန်းကြီးစွာ စီစဉ်ရသည်များအားလုံးသည် အပြစ်ဆိုစရာမရှိအောင် ဖြစ်သည်ကို ငါတို့ အခု မြင်နိုင်ကြလေပြီ။ လူတစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် လုပ်ဆောင်သည်များအားလုံးသည် သံသယရှိစရာမလိုအပ်ပေ။ သူသည် လူတိုင်းလူတိုင်းကို လက်ဆွဲခေါ်ကာ လမ်းပြပြီး၊ သင့်အား အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်း၍၊ ဤကဲ့သို့သောနောက်ခံမျိုးတွင် ကြီးပြင်းသည့်အတွက်၊ လူတို့သည် အမှန်တကယ်၌ ဘုရားသခင်၏လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်ဟု ဆိုနိုင်မည်လော လူသားမျိုးနွယ်ကို ဆက်၍ထိန်းသိမ်းပါသည်။ ဘုရားသခင် လုပ်ဆောင်သော အရာရာတိုင်း၏ နောက်ကွယ်မှ ကြီးစွာသော အတွေးနှင့် ဂရုစိုက်မှုသည် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။
၂ သင်တို့၏ ရှည်လျားသောဘဝများတစ်လျှောက်တွင် အခြေခံအားဖြင့် လူတစ်ဦးချင်းစီတိုင်းသည် အန္တရာယ်ရှိသော အခြေအနေအများအပြားကို ကြုံတွေ့ရပြီး၊ ဖြားယောင်းသွေးဆောင်မှုအများအပြားကိုလည်း ကြုံခဲ့ရပြီးဖြစ်သည်။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရှိနေလျက်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ်တွင် အချိန်ပြည့် ကျရောက်နေသောကြောင့်ဖြစ်၏။ သင့်အပေါ် ဘေးဒုက္ခကျရောက်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများကျရောက်သည့်အခါ၊ သင့်အတွက် မည်သည့်အရာမျှ အဆင်မပြေသည့်အခါ၊ စာတန်သည် ကျေနပ်သကဲ့သို့၊ သူ၏ ပိုက်ကွန်တွင် သင် ဖမ်းမိခံရသည့်အခါတွင်လည်း၊ ၎င်းက ကျေနပ်လေသည်။ ဘုရားသခင်အတွက်မူ၊ သူသည် သင့်အား အမြဲမပြတ် ကာကွယ်ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီးတစ်ခုမှလည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီးတစ်ခုမှလည်းကောင်း သင့်ကို စောင့်ရှောက်ပေးနေ၏။ ထို့ကြောင့်ပင် လူသားတွင်ရှိသောအရာအားလုံးဖြစ်သည့်— ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည်— အမှန်တကယ်၌ ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသည်ဟု ငါက ပြောခြင်းဖြစ်ကာ၊ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြဆုံးဖြတ်ပေးခြင်း ဖြစ်၏။
၃ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ပြောဆိုခြင်းမရှိသလို၊ မြင့်သောနေရာတွင် ဟန်ထုတ်၍ ရပ်နေခြင်းလည်း မဟုတ်သကဲ့သို့၊ လူတို့ကို အရူးလုပ်ခြင်းလည်း မရှိချေ။ ယင်းအစား သူကိုယ်တိုင် ပြုရန် လိုအပ်သောအရာတို့ကို ရိုးသားစွာ၊ တိတ်ဆိတ်စွာ ပြုလုပ်နေခြင်းဖြစ်သည်။ ဤအရာတို့သည် လူသားဆီသို့ ကောင်းချီးများ၊ ငြိမ်းချမ်းမှုနှင့် ဝမ်းမြောက်မှုတို့ကို သယ်ဆောင်ပေး၏၊ ဤအရာတို့သည် လူသားကို ဘုရားသခင်၏ မျက်မှောက်နှင့် သူ၏မိသားစုထဲသို့ ငြိမ်းချမ်းစွာ၊ ပျော်ရွှင်စွာဖြင့် ပို့ဆောင်ပေး၏၊ ထို့နောက် လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်ပြီး မှန်ကန်သောဆင်ခြင်မှု၊ မှန်ကန်သောတွေးခေါ်မှုတို့နှင့်အတူ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြလေသည်။ ဘုရားသခင်ထံ၌ မည်သည့်လှည့်စားမှု၊ မည်သည့် မမှန်ကန်မှုမျှ မရှိချေ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သူ ပြုသောအရာတိုင်းသည် စစ်မှန်၏။ သူသည် လူတို့ အားထားနိုင်သည့် တစ်ဦး တည်းသောသူဖြစ်ပြီး၊ လူတို့အနေဖြင့် ၎င်းတို့၏အသက်တာများနှင့် ၎င်းတို့၏အရာအားလုံးကို အပ်နှံနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။