၂၆၂ အနန္တတန်ခိုးရှင်၏ သက်ပြင်းချသံကို သင်ကြားပြီးပြီလော

အရှေ့အရပ်မှ အာရုဏ်ဦး မိုးသောက်ကြယ် ထွက်လာ။

ကြယ်သစ် တစ်ပွင့်၊ ငြိမ်သက်သည့် ကောင်းကင်ကို ထွန်းလင်းစေ၊

လူတို့ စိတ်နှလုံး၌ မှိန်သော အလင်းကို တောက်လောင် စေ

ထို့ကြောင့် သူတို့ဟာ အထီးမကျန်၊ အမှောင်တွင် မရှိတော့ပြီ။

သို့သော် ညအမှောင်ထဲ သင်တစ်ဦးတည်း အိပ်မောကျလျက်နေ၊

အလင်းလည်း မမြင်နိုင်၊ အသံကိုလည်း မကြားနိုင်

ခေတ်ကာလသစ်၊ ကောင်းကင်နှင့် မြေကြီးသစ်

ပေါ်ထွန်းကြောင်း တစ်စုံတစ်ရာ စတင်ခြင်းကို သတိမပြုနိုင်။

သင့်ရဲ့ “အဖေ” က စောသေးတယ်၊ အပြင်မှာက အေးတယ်၊

အပြင်ထွက်ရင် မင်း မျက်လုံးတွေ ဓားထိုးမိမယ် ဟု ဆို

အဖေရဲ့ အချစ်စစ်နဲ့ အသက်အရွ‌ယ်‌ကြောင့် သင်ဟာ

အဖေပြောတာကို ယုံကြည်တာ ဖြစ်နေ


ထိုအချစ်နှင့် သတိပေးချက်က

သင့်ကို အလင်းရှိကြောင်း ငြင်းပယ်စေ။

လောက၌ သမ္မာတရား ရှိမရှိ သင် အရေးမစိုက်။

အနန္တတန်ခိုးရှင် လာကယ်တင်ရန် နှင့်

အလင်း မြင်တွေ့ရန်သင်မမျှော်လင့်ပေ၊

လက်ရှိအခြေအနေနဲ့ ရောင့်ရဲတင်းတိမ်။

သင့်အမြင်တွင် လှပသည့် အရာများ မတည်မြဲနိုင်။

လူ၏ မနက်ဖြန်နှင့် အနာဂတ်ဟာ ဆုံးရှုံး ပျောက်ကွယ်။

အဖေကို တင်းတင်း ဆုပ်ကိုင်၊ ကျေနပ်စွာ ဒုက္ခအတူခံစား၊

ခရီးသွားဖော်နှင့် ဦးတည်ချက်ကို

ဆုံးရှုံးရမှာ သင် ကြောက်ရွံ့ရင်းလေ။

ဝိုးတဝါး ဤလောက သည် သင်ကဲ့သို့ မြောက်မြားစွာကို

ကဏ္ဍအသီးသီး၌ မတွန့်ဆုတ်ဘဲ၊ အကြောက်တရားကင်းမဲ့ စေခဲ့။

သေခြင်းတရားကို မကြောက်သော “စစ်သည်” များစွာ ဖွဲ့စည်းခဲ့၊

ဖန်ဆင်းခံရသည့် အကြောင်းရင်းကို မသိသည့်

ထုံထိုင်းသော လူသားများ (ထုံထိုင်းသောလူများ)


ဒုက္ခခံရသော လူမျိုးနွယ်ကို ဘုရား ကြည့်ရှု။

သူတို့၏ ညည်းတွားသံကို သူကြားပြီး

မည်မျှ သူတို့အရှက်မဲ့သည်၊ သူတို့ ခိုကိုးရာမဲ့မှု၊

ကယ်တင်ခြင်း ဆုံးရှုံးရမှာ ပူပန်မှုတို့ကို သူ မြင်သည်။

သူ၏ ဂရုစိုက်စောင့်ရှောက်မှုကို လူတို့ ပစ်ပယ်၊

ကိုယ့်သဘောအတိုင်း သွား။

ဒုက္ခပင်လယ်၏ ခါးသီးမှုကို ရန်သူနှင့် အတူပိုမြည်းစမ်းလို

ဘုရား၏ သက်ပြင်းချသံ မကြားရ၊ ယခု သူ့လက်များ လူကို မထိ

သူအကြိမ်ကြိမ် ဆုံးရှုံးလိုက်နှင့်

ပြန်ရလိုက် ( ဆုံးရှုံးလိုက်နှင့် ပြန်ရလိုက် )

သူ ပင်ပန်းလာကာ သူ့အမှုကို ရပ်တန့်။

သူသည် လူတို့အကြား လှည့်ပတ်သွားလာခြင်း မရှိတော့ပေ။

ပြောင်းလဲမှုများ၊ သူ၏ သွားလာခြင်းကို သတိမမူမိကြ၊

သူ၏ နက်ရှိုင်းသော ဝမ်းနည်းခြင်း

ဘုရား၏ သက်ပြင်းချခြင်းလည်း မမြင်ရပေ။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၆၁ လူသားတို့အနာဂတ်အတွက် ဘုရားသခင်ပူဆွေး

နောက်တစ်ခုသို့- ၂၆၃ သင့်စိတ်နှလုံးထဲရှိ လျှို့ဝှက်ချက်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။