၇ အနန္တတန်ခိုးရှင်ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်း

၁ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ဘုန်းကြီးသော ခန္ဓာကိုယ်သည် ပွင့်လင်းစွာ ပေါ်ထွန်းသည်၊ သန့်ရှင်းတော်မူသော ဝိညာဉ်ခန္ဓာတော်သည် ပေါ်ထွက်ပြီး၊ ကိုယ်တော်သည် ပြည့်စုံသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လောကနှင့်လူ့ဇာတိ နှစ်ခုစလုံးတို့ ပြောင်းလဲကြပြီး၊ တောင်ပေါ်တွင် ကိုယ်တော်၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲခြင်းသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည်။ ကိုယ်တော်သည် ဦးခေါင်းထက်၌ ရွှေသရဖူကို ဆောင်း၏၊ ကိုယ်တော်၏ဝတ်ရုံတော်သည် ဖြူစင်သန့်ရှင်းသည်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ လောကရှိ အရာအားလုံးတို့သည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်သည်။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ နိုင်ငံတော်သို့ သွားရာလမ်းသည် အဆုံးမဲ့စွာ တောက်ပပြီး၊ ကိုယ်တော်၏ ဘုန်းတော်သည် ထွက်ပေါ်ကာ ထွန်းတောက်သည်။ တောင်တို့သည် ဝမ်းမြောက်လျက်၊ ရေတို့သည် ရယ်မောလျက်၊ နေ၊ လနှင့် ကြယ်တို့ အားလုံးသည် စီစဉ်ထားသည့် အစဉ်အတိုင်း လည်ပတ်ကြလျက်၊ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် အပြီးသတ်ခြင်းကို ကြေငြာကာ အောင်ပွဲခံပြန်လာသည့် အတုမရှိ။

၂ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ဘုန်းကြီးသော ပလ္လင်တော်ထက်တွင် ထိုင်တော်မူသည်။ ဘုရား၏ရွေးချယ်ထားသူများအားလုံး ဝမ်းမြောက်စွာ ကခုန်ကြလော့။ သြဘာပေးလော့။ သီချင်းဆိုလော့။ အနန္တတန်ခိုးရှင်၏ အောင်လံကို ဘုန်းအာနုဘော်ပြည့်စုံ၍ ခမ်းနားသော ဇိအုန်တောင်ပေါ်တွင် မြင့်မားစွာ လွှင့်ထူသည်။ လူမျိုးအပေါင်းတို့သည် သြဘာပေးနေကြသည်၊ လူမျိုးအားလုံးတို့သည် သီချင်းသီဆိုနေကြသည်၊ ဇိအုန်တောင်သည် ဝမ်းမြောက်စွာ ရယ်မောနေပြီး ဘုရားသခင်၏ ဘုန်းတော်သည် ထွက်ပေါ်ပြီ ဖြစ်သည်။ ငါသည် ဘုရားသခင်၏မျက်နှာတော်ကို တွေ့မြင်ရလိမ့်မည်ဟု မည်သည့်အခါမျှ အိပ်မက်ပင် မမက်ဘူးပေ၊ သို့သော် ယနေ့တွင် ငါသည် ၎င်းကို တွေ့ခဲ့ပြီ ဖြစ်သည်။ နေ့စဉ် ကိုယ်တော်နှင့်မျက်နှာချင်းဆိုင် ငါသည် ကိုယ်တော်ထံ ရင်ဖွင့်သည်။ ကိုယ်တော်သည် စားဖွယ်နှင့်သောက်ဖွယ်ကို ကြွယ်ဝစွာ ပေးသနားတော်မူသည်။ အသက်၊ နှုတ်ကပတ်တော်များ၊ လုပ်ဆောင်မှုများ၊ အတွေးများ၊ အယူအဆများ အားလုံးတို့ကို ကိုယ်တော်၏ ဘုန်းကြီးသော အလင်းတော်မှ အလင်းပေးတော်မူသည်။ ကိုယ်တော်သည် လမ်းခရီး၏ခြေလှမ်းတိုင်းကို ဦးဆောင်ပြီး၊ ကိုယ်တော်၏ တရားစီရင်မှုသည် မည်သည့် တော်လှန်လိုသော နှလုံးသားပေါ်သို့မဆို ချက်ချင်း ကျရောက်လေသည်။

၃ စားခြင်း၊ အတူနေထိုင်ခြင်း၊ ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်း၊ ကိုယ်တော်နှင့် အတူရှိခြင်း၊ အတူတကွ လျှောက်လှမ်းခြင်း၊ အတူတကွ ပျော်မွေ့ခြင်း၊ အတူတကွ ဘုန်းတော်ရရှိခြင်းနှင့် ကောင်းချီးများခံစားခြင်း၊ ကိုယ်တော်နှင့် နိုင်ငံတော်တွင် အတူတကွ တည်ရှိခြင်း- အို၊ ပျော်ရွှင်ဖွယ် ကောင်းလိုက်လေခြင်း။ အို၊ ချိုမြိန်လိုက်လေခြင်း။ ငါတို့သည် ကိုယ်တော်နှင့်အတူ နေ့စဉ် မျက်နှာချင်းဆိုင် ရှိနေသည်၊ ကိုယ်တော်နှင့် နေ့စဉ် စကားပြောနေပြီး၊ စဉ်ဆက်မပြတ် စကားပြောနေသည်၊ ထို့အပြင် နေ့တိုင်း အသစ်သော ဉာဏ်အလင်းပွင့်ခြင်းနှင့် အသစ်သော ထိုးထွင်းမြင်နိုင်စွမ်းသော အသိဉာဏ်များကို ပေးသနားတော်မူသည်။ ငါတို့၏ ဝိညာဉ်မျက်စိတို့ကို ပွင့်စေပြီး၊ ငါတို့သည် အရာရာတိုင်းကို တွေ့မြင်သည်။ ဝိညာဉ်၏ နက်နဲရာအလုံးစုံတို့ကို ငါတို့အား ထုတ်ဖော်တော်မူသည်။ သန့်ရှင်းသော အသက်တာသည် အကယ်ပင် ပူပင်ကြောင့်ကြမှု ကင်းမဲ့သည်၊ လျင်မြန်စွာပြေးပြီး၊ မရပ်ပေ၊ ပြီးလျှင် ရှေ့သို့ စဉ်ဆက်မပြတ် တိုးသွားသည်- ရှေ့တွင် သာ၍အံ့သြဖွယ် ဘဝတစ်ခု ရှိသည်။ ချိုမြိန်သောအရသာ၌သာ ကျေနပ်မနေလေနှင့်၊ ဘုရားသခင်ထံတွင်းသို့ ဝင်ရောက်ရန် အစဉ် ရှေးရှုလော့။ ကိုယ်တော်သည် အရာခပ်သိမ်းကို လွှမ်းခြုံကာ ကြွယ်ဝပြီး ငါတို့ ချို့တဲ့သောအရာ အမျိုးမျိုးကို ပိုင်ဆိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို မွေ့လျော်ခံစားလော့၊ ထိုအခါ မည်သည့်အရာမျှ မည်သည့်အခါမျှ နောက်တစ်ဖန် တူလိမ့်မည် မဟုတ်ပေ။ ငါတို့၏ဘဝများသည် ထူးကဲသာလွန်ကာ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကိစ္စ သို့မဟုတ် မည်သည့်အရာမျှ ငါတို့ကို နှောင့်ယှက်နိုင်လိမ့်မည် မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း နေပမာ ပေါ်ထွန်းသည်

နောက်တစ်ခုသို့- ၈ အနန္တတန်ခိုးရှင် ဘုရင်အဖြစ် စိုးစံတော်မူပြီကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။