၉၈၁ တောက်ပသောလမ်းကို လူတို့ရရှိကြရန် ဘုရားမျှော်လင့်၏ကျူး

၁ ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို သင်တို့အပေါ် ငါအပ်နှင်းပြီး ဖြစ်သည်။ ယခုတွင်၊ သင်တို့အားလုံးသည် အတိတ်က ကြွယ်ဝခဲ့သည်ထက် သိသိသာသာ သာ၍ ကြွယ်ဝသည်ဟု ခံစားရသည်၊ လူတစ်ဦး မည်သို့ဖြစ်သင့်သည်နှင့်သက်ဆိုင်သော အခြေခံသဘောတရားများစွာ နားလည်လာကြပြီးဖြစ်ကာ သစ္စာရှိသော သူတို့ ရှိသင့်သည့် သာမန်အသိစိတ် များစွာကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာ တစ်လျှောက် သင်တို့ ရိတ်သိမ်းလာခဲ့သည့် အကျိုး ဖြစ်သည်။ ငါသည် သင်တို့၏အောင်မြင်မှုများကို မငြင်းသော်လည်း၊ သင်တို့ထဲတွင် သန့်ရှင်းသူ တစ်ဦးမျှ မရှိသည့်အတွက်၊ ဤနှစ်များစွာအတွင်း သင်တို့အနေဖြင့် ငါ့အပေါ် သင်တို့၏မြောက်မြားလှသည့် မနာခံခြင်းများနှင့် ပုန်ကန်ခြင်းများ တို့ကိုလည်း ငါ မငြင်းဟု တကယ်ကိုပွင့်လင်းစွာ ငါပြောရပေမည်။ သင်တို့သည် ခြွင်းချက်မရှိ၊ စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည့် လူများ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြ၏။

၂ သင်တို့၏ အနာဂတ်များအတွက်၊ သင်တို့၏ ခရီးပန်းတိုင်များအတွက်၊ ယခု ဤနေရာတွင် ငါပြောနှင့်ပြီးသည့်အရာကို နောက်တစ်ဖန် ငါထပ်ပြောမည်။ သင်တို့သည် ငါ့ကို ခွင့်လွှတ်နားလည်သည့်အပြင်၊ ငါ၏ မိန့်မြွက်ချက်တိုင်းကို ယုံကြည်နိုင်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ နက်ရှိုင်းသော သွယ်ဝိုက်သည့် အနက်အဓိပ္ပာယ်များကို ကောက်ချက် ချနိုင်မည်ဟု မျှော်လင့်သည်။ သင်တို့ကို ငါ မည်သည့်အရာပြောနေသည်ကို အနာဂတ်တွင် မည်သူမျှ သင်တို့ကို ပြောပြကောင်း ပြောပြနိုင်မည်မဟုတ်၊ သို့မဟုတ် သင်တို့ကို အလွန်ညှာတာစိတ်ရှိစွာ ပြောဆိုမည်မဟုတ် သို့မဟုတ် ထို့ထက်မက သာ၍ပင် စိတ်ရှည်စွာနှင့် သင်တို့ကို ဤအချက်များတစ်ခုပြီးတစ်ခု ရှင်းပြမည်မဟုတ်။

၃ သင်တို့သည် လာမည့်နေ့ရက်များ၌ အချိန်အခါကောင်းများကို ပြန်လည်အမှတ်ရရင်း၊ သို့မဟုတ် ကျယ်လောင်စွာ ရှိုက်ငိုရင်း၊ သို့မဟုတ် နာကျင်မှုဖြင့် ညည်းတွားရင်း ကုန်ဆုံးရလိမ့်မည်၊ သို့မဟုတ် သင်တို့သည် သမ္မာတရား သို့မဟုတ် အသက်၏ ထောက်ပံ့မှု စိုးစဉ်းမျှ မရှိဘဲ အမှောင်ညများတစ်လျှောက် အသက်ရှင်နေရလိမ့်မည် သို့မဟုတ် သင်သည် မျှော်လင့်ချက်မဲ့စွာ စောင့်ဆိုင်းရုံ စောင့်ဆိုင်းနေရလိမ့်မည် သို့မဟုတ် သင်တို့ ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသည်ထိ အင်မတန် ခါးသီးသော နောင်တဖြင့် နေထိုင်နေရလိမ့်မည်...။ သင်တို့ထဲမှ မည်သူမျှနီးပါး ဤဖြစ်နိုင်ချေများကို မလွတ်မြောက်နိုင်ကြချေ။

၄ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲမှ မည်သူမျှ ဘုရားသခင်ကို သင်တို့ အမှန်တကယ် ကိုးကွယ်သည့် ရိပ်မြုံကို နေရာမယူကြဘဲ၊ အသက်နှင့် သမ္မာတရားတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများစွာနှင့် အမှန်တွင် ယင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အရာများကို သင်တို့၏ ယုံကြည်ချက်များထဲသို့၊ စိတ်များထဲသို့၊ ဝိညာဉ်များထဲသို့၊ ခန္ဓာကိုယ်များထဲသို့ ရောထွေးမိရင်း၊ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့မှုနှင့် မကောင်းမှု လောကထဲတွင် မိမိတို့ကိုယ်ကိုယ် မြှုပ်နှံကြလေသည်။ ထို့ကြောင့် သင်တို့အတွက် ငါမျှော်လင့်သည့် အရာမှာ သင်တို့သည် အလင်း၏ လမ်းကြောင်းသို့ ဆောင်ယူခြင်းခံရနိုင်ဖို့ ဖြစ်သည်။ ငါ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းရှိလာဖို့၊ မိမိတို့ကိုယ်ကိုယ် ဂရုစိုက်နိုင်စွမ်းရှိလာဖို့နှင့်၊ သင်တို့၏ အပြုအမူနှင့် ဒုစရိုက်အပြစ်များကို စိတ်မဝင်စားခြင်းဖြင့် ကြည့်ရှုစဉ်၊ သင်တို့၏ ခရီးပန်းတိုင်အပေါ် အလွန်တရာ အလေးအနက် ထားခြင်း မရှိရန် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၈၀ ဘုရား၏တောင်းဆိုချက်များကို သင်မည်မျှမပြည့်မီသနည်းကျူး

နောက်တစ်ခုသို့- ၉၈၂ လူ့ဒုစရိုက်အပြစ်များ၏ အကျိုးဆက်များကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။