ဘုရားသခင်၏အမှု အဘယ်မျှခက်ခဲလှ
၁
ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်အမှုတော်၏ အဆင့်များတွင် ကြီးမားသည့် ဆင်းရဲဒုက္ခ ပါဝင်သည်။
လူသား၏ အားနည်းမှု၊ ချို့တဲ့မှု၊ ကလေးဆန်မှု၊
လူသား၏ အသိတရားမရှိမှုနှင့် လူသားနှင့်ဆိုင်သည့် အရာအားလုံးကို
ဘုရားသခင်က ဂရုတစိုက် စီစဉ်နေခဲ့ပြီး စဉ်းစားဆင်ခြင်ခဲ့သည်။
လူသားသည် စက္ကူကျားတစ်ကောင်နှင့် တူသည်၊ မည်သူမျှ သူ့ကိုရန်မစရဲပါ။
သို့မဟုတ် သူပြန်ကိုက်သည်၊ထွက်သွားပြီး ၊ ယခင်အတိုင်းပြန်ဖြစ်သည်၊ ဘုရားသခင်ကို မသိကျိုးကျွန်ပြုသည်၊
သို့မဟုတ် သူ၏ခန္ဓာကို မသန့်ရှင်းသည်များနှင့် မွေ့လျော်စေရန်
သူ၏ “ဝက်ဖခင်၊ ခွေးမိခင်” ထံသို့ပြေးသွားသည်။
ကြီးမားသည့် ဟန့်တားမှုပေတည်း။
အဆင့်များအားလုံးတွင်၊ ဘုရားသခင်သည် စမ်းသပ်မှု ခံရပြီး ဘေးအန္တရာယ် ရင်ဆိုင်ရသည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် စစ်မှန်၊ ရိုးသားပြီးမလိုမုန်းထားမှု မရှိပါ။
တစ်ယောက်မျှ လက်မခံ သို့မဟုတ် အပြည့်အဝ နာမခံခြင်းက ကိုယ်တော်၏ နှလုံးသားကို ကျိုးပဲ့စေသည်။
ကိုယ်တော်သည် နေ့ရော ညပါ အဆက်မပြတ်လုပ်ဆောင်ပြီး လူသား၏ အသက်တာအတွက် စိုးရိမ်ပူပန်သည်.
ကိုယ်တော်သည် လူသား၏ အားနည်းချက်ကို သနားဂရုဏာသက်သည်။
ကိုယ်တော်သည် နှုတ်ကပတ်တော်နှင့် အလုပ်အားလုံးအတွက် အပြောင်းအလဲ နှင့် အကွေ့အကောက်များကို သည်းညည်းခံရသည်။
လူသားမည်မျှ အားနည်းသည်၊ မနာခံသည်၊ ကလေးဆန်သည်၊ ထိခိုက်လွယ်သည်ကို သိနေရင်း၊
ကိုယ်တော်သည် နေ့ရောညပါ ဤအရာများကို သူ့စိတ်ထဲ တွင် ပြန်ပြောင်းတွေးသည်။
မည်သူသည် ဒါကို သိခဲ့ဖူးသနည်း။ မည်သူ့ကို သူအတွင်းစကား ပြောနိုင်မည်နည်း။
မည်သူသည် ၎င်းကိုနားလည်နိုင်သနည်း။ အို၊ ဘုရားသခင်၏အမှုသည် ခက်ခဲလွန်းလှသည်။
၂
ဘုရားသခင်သည် လူသားအားလုံး၏ အပြစ်များနှင့် ကြောက်တတ်သော နည်းလမ်းများကို အစဉ်အမြဲ မုန်းတီးသည်။
ကိုယ်တော်သည် လူသား၏ အားနည်းချက်နှင့် သူရှေ့ဆက်မည့် လမ်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်သည်။
ကိုယ်တော်သည် လူသား၏ စကားလုံးများနှင့် သူ၏လုပ်ဆောင်ချက်များအားလုံးကို လေ့လာစောင့်ကြည့်သည်၊
၎င်းတို့အားလုံးသည် သူ့အား သနားခြင်းဂရုဏာ၊ အမျက်ဒေါသနှင့် စိတ်နှလုံးပူဆွေးခြင်းဖြင့် ပြည့်နှက်စေသည်။
အပြစ်ကင်းသောသူများအားလုံးသည် ယခု အလွန်အကြင်နာမဲ့လာကြပေပြီ
ဘုရားသခင်သည် သူတို့အတွက် အဘယ်ကြောင့် အစဉ်အမြဲခက်ခဲအောင် လုပ်ရမည်နည်း။
အားနည်းသည့် လူသားသည် ယခုတွင် လုံ့လဝီရိယ မထုတ်နိုင်တော့ပါ။
သို့ဆိုလျှင်ဘုရားသခင်သည် အဘယ်ကြောင့် သူ့အားအစဉ်အမြဲ အမျက်ထွက်သင့်သနည်း။
လူသားသည် တက်ကြွမှုမရှိပဲ အားနည်းပြီး အစွမ်းမဲ့သည်။
သူ၏မနာခံမှုကို အဘယ်ကြောင့် ကြိမ်းမောင်းသနည်း။ မည်သူသည် ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို ကြံ့ကြံ့ခံနိုင်မည်နည်း။
၃
လူသားသည် ထိခိုက်လွယ်ပြီး၊ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်၊
ဘုရားသခင်သည် ယခုတွင် သူ၏အမျက်ဒေါသကို သူ့နှလုံးအတွင်း နက်နက်ရှိုင်းရှိုင်း တွန်းထည့်နေသည်၊
ထိခိုက်လွယ်လွန်းသည့် လူသားသည် သူ့ကိုယ်သူ ဖြည်းဖြည်းချင်း အလေးအနက်စဉ်းစားကောင်း စဉ်းစားနေလိမ့်မည်။
သို့တိုင် ဒုက္ခရောက်နေသည့် လူသားသည် ဘုရားသခင်၏ အလိုတော်ကို တန်ဖိုးမထား။
သူသည် မာရ်နတ်မင်း နင်းခြေခံရသည်ကို သတိမပြုမိ၊
သူသည် သူ့ကိုယ်သူ ဘုရားသခင်အားဆန့်ကျင်ရန် အစဉ်အမြဲ စီစဉ်ထားသည်၊
သို့မဟုတ် သူသည် ဘုရားသခင် အပေါ် အပူမဟုတ်၊ အအေးလည်း မဟုတ်ပေ။
မည်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြဲတန်း အလေးအနက်ယူခဲ့ဖူးသနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။