၂၃၈ ဘုရားသခင်၏ တရားစီရင်ခြင်းက အလွန် အဖိုးထိုက်တန်ပေ

၁ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီး ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ဟောကြားနိုင်ပြီးသည့်နောက်၊ ကျွန်ုပ်သည် သမ္မာတရားကို နားလည်ခဲ့ပြီး သမ္မာတရား၏ စစ်မှန်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု ကျွန်ုပ် တွေးထင်ပေ။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အတော်အတန် ထိရောက်မှု ရှိပြီးသည့်နောက်၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဝါကြွားပြီး ဝင့်ဝါသည်။ ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းတို့ကို ကျွန်ုပ်၏လိုက်စားခြင်း၌ ကျွန်ုပ်စွဲမြဲပြီး၊ မိမိကိုယ်ကိုယ် အခြားသူများနှင့် မကြာခဏ နှိုင်းယှဉ်မိခဲ့။ ကျွန်ုပ်သည် ပေးဆပ်မှု များစွာ ပြုကာ၊ မိမိကိုယ်ကိုယ် အသုံးခံ ခဲ့သည့်အပြင်၊ အလုပ်လုပ်ပြီး ဒုက္ခခံခဲ့သော်လည်း၊ ကျွန်ုပ်သည် ကောင်းကြီးမင်္ဂလာခံစားရဖို့နှင့် သရဖူကို လက်ခံဖို့အလို့ငှာသာ လုပ်ဆောင် ခဲ့ပေသည်။ အရှက်ရခြင်းကိုဖြတ်သန်း၍ ကျွန်ုပ် အလုပ်ကြိုးစားလုပ်ခဲ့သော်လည်း ဂုဏ်နှင့် အဆင့်အတန်းတို့အတွက်သာ ဖြစ်ခဲ့ပြီး၊ သို့တိုင် ဘုရားသခင်ကို ကျွန်ုပ် သစ္စာရှိသည်ဟု တွေးထင်ခဲ့။ ကျွန်ုပ်သည် နှိမ့်ချကာ သည်းခံတတ်ပုံပေါ်သော်လည်း ကျွန်ုပ်၏ သဘာဝမှာ အလွန်မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခဲ့ပေ။ ယခု ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ် ကြုံပြီးသည့်အတွက်၊ နောက်ဆုံးတွင် ကျွန်ုပ် လှုပ်နိုးခံရလေပြီ။ ဤယုံကြည်ခြင်း နှစ်များတစ်လျှောက်၊ ကျွန်ုပ်၏ အသက်တာ စိတ်သဘောထား မပြောင်းလဲပေ၊ ကျွန်ုပ်သည် စာတန်နှင့် သက်ဆိုင်နေဆဲပင်။

၂ စမ်းသပ်မှုများအားဖြင့် ဖော်ထုတ်ခြင်း ခံရကာ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း မည်မျှ နက်နဲသည်ကို သတိပြုမိခဲ့ပေ။ ကျွန်ုပ်သည် ဂုဏ်ဒြပ်နှင့် ဩဇာအာဏာတို့ကို တန်ဖိုးထားပြီး အခြားသူများ၏ ကြည်ညိုခြင်းနှင့် ထောက်ခံခြင်း၌ မကြာခဏ ပီတိဖြစ်လျက်၊ အခြားသူများကို ဆရာလုပ်နိုင်သည့် ခေါင်းဆောင် တစ်ဦးဖြစ်ဖို့ အစဉ် ဆန္ဒရှိလျက်၊ ဘုရားသခင်ကို ဆန့်ကျင်သော လမ်းကြောင်းကို လျှောက်ခြင်း၌ ပေါလုကို အတုယူမိခဲ့- ကျွန်ုပ်သည် မည်မျှ မာနထောင်လွှားပြီး အသိစိတ် ကင်းမဲ့ခဲ့လိုက်လေခြင်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသွားနှစ်ဖက် ပါသောဓါးကဲ့သို့ ကျွန်ုပ်၏ ဆိုးယုတ်သော သဘာဝကို ထိုးဖောက်ပေ။ ဘုရင်တစ်ပါး၏ တန်ခိုးကို ကိုင်စွဲဖို့နှင့် အခြားသူများကို ထိန်းချုပ်ဖို့ ကျွန်ုပ် အစဉ် ဆန္ဒရှိပါက၊ စာတန်နှင့် ကျွန်ုပ် မည်သို့များ ကွာခြားသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်၊ သန့်ရှင်းသည်၊ ပြီးလျှင် မည်သည့်လူတစ်ဦးကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်ပေ။ ကျွန်ုပ်သည် ဘုရားသခင်၏ ရှေ့မှောက်၌ ကြောက်စိတ်ဖြင့် တုန်လှုပ်လျက်၊ မိမိ၏အပြစ်များအတွက် နောင်တဖြင့် ဝန်ခံပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်အား သန့်စင်ပေးပြီး ကယ်တင်ပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ မည်မျှ စစ်မှန်သည်ကို ကျွန်ုပ် မြည်းစမ်းရပေ။

၃ တရားစီရင်ခြင်းကို ကြုံတွေ့ရပြီးသည့်နောက်မှသာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်းထက် မည်သည့်အရာမျှ ပို၍ အဓိပ္ပာယ် မရှိသည်ကို ကျွန်ုပ်တို့ နားလည်လာရသည်။ ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းတို့သည် အနှစ်သာရမဲ့ပြီး လူများကို ပို၍ ပျက်စီးစေသည်။ ကျွန်ုပ်၏ ဆိုးယုတ်သော ခြေလှမ်းများကို စစ်ဆေးခဲ့သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပေသည်။ ကျွန်ုပ်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အလင်းပေးခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်ကာ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာကို သာ၍ မုန်းတီးလာသည်။ ကျွန်ုပ်အတွက် ဘုရားသခင်၏ တရားစီရင်ခြင်းထက် သာ၍ ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာခြင်း မရှိသည်ကို ကျွန်ုပ် နားလည်လာသည်။ သမ္မာတရား မည်မျှ တန်ဖိုးရှိသည်ကို ကျွန်ုပ် မြင်တွေ့ပြီးဖြစ်သည်။ ယင်းက လူတို့ကို သန့်စင်ပြီး စုံလင်စေပြီး၊ ကျွန်ုပ်သည် အစွမ်းကုန် နာကျင်မှုနှင့် စစ်ဆေးခြင်းတို့ကို ခံစားရလျှင်ပင်၊ အဆုံးတိုင် ခရစ်တော်နောက်ကို ကျွန်ုပ် လိုက်ဦးမည်။ နာကျင်မှု မည်မျှ ကြီးမားပါစေ- ကျွန်ုပ်၏ နောက်ဆုံးထွက်သက်ထိပင်- ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်ကို ဘုန်းအသရေ ဆောင်ကြဉ်းပေးဦးမည်။ ဘုရားသခင်၏ ချစ်ခြင်းသည်သာလျှင် အစစ်မှန်ဆုံး ဖြစ်ပြီး၊ ဘုရားသခင်ကို ထာဝရ ကျေးဇူးတင်ပြီး၊ ချီးမွမ်းမည်။

အရှေ့သို့- ၂၃၇ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းက ကျွန်ုပ်၏ စိတ်ထဲအမြဲရှိပေ

နောက်တစ်ခုသို့- ၂၃၉ ကျွန်ုပ်ကို ကယ်တင်ခဲ့သူမှာ ဘုရားသခင် ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။