အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၄၈ ဘုရားသခင်ကို ကျွန်ုပ် မြင်ပြီ

၁ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားကာ သူ့ရှေ့မှောက် လာသည်။ မိမိ၏ မိခင်ထံ ပြန်လာသကဲ့သို့ ကိုယ်တော်၏ နာမတော်ကို ကျွန်ုပ် ဟစ်ကြော်သည်။ ကျွန်ုပ်စိတ်နှလုံးထဲရှိ နာကျင်မှုကို သူသိခဲ့၊ ကျွန်ုပ် အမှန်တကယ် တောင့်တသည့်အရာ သူသိခဲ့။ ကျွန်ုပ်၏ ဆာငတ်သည့် နှလုံးသားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက အားဖြစ်စေ၊ သူ့နှုတ်ကပတ်တော်များ၏ ချိုမြိန်မှုနှင့် သူ့မိသားစု နွေးထွေးမှုကို ကျွန်ုပ် မြည်းစမ်းရ။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက လူ၏ ဆိုးညစ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ထုတ်ဖော်ပြသည်။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြင့် ကျွန်ုပ် ပြည့်ခဲ့ပြီး ဇာတိပကတိအတွက်သာ အသက်ရှင်ခဲ့သည်ကို နောက်ဆုံးတွင် ကျွန်ုပ် မြင်ခဲ့ရ။ သခင့်အပေါ် ကျွန်ုပ်၏ ယုံကြည်ခြင်းက ကောင်းချီးမင်္ဂလာများသာအတွက်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းရှာဖွေဖို့ ဖြစ်ခဲ့ပေ။ ဟိုးအရင်ကတည်းက လူသားတစ်ဦးအဖြစ် ကျွန်ုပ်၏ အသိစိတ် ပျောက်ဆုံးခဲ့ပေပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့၊ မှန်ကန်သော လူသားပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်ခွင့်ပေးခဲ့ပေ။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မြင်ရင်း၊ ကိုယ်တော့်နောက်လိုက်ဖို့ ကျွန်ုပ် အရာရာ စွန့်လွှတ်ခဲ့။

၂ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းမှ ကျွန်ုပ် များစွာ ရိတ်သိမ်းပြီ။ ၎င်းတို့က သမ္မာတရားနှင့် အသက်ဖြစ်ကြပေ၊ ဤအရာကို ကျွန်ုပ် ၏ စိတ်နှလုံးအတွင်၌ သိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေကာ ကျွန်ုပ်အား အရာရာကို ပေးသည်။ ဘုရားသခင်သည် နှိမ့်ချကာ ကွယ်ဝှက်ပေ။ ဤအရာ အလွန်ချစ်ဖွယ်ကောင်းသည်ကို ကျွန်ုပ် မြင်ရပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းက လူသား၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်ပေ။ ဘုရားသခင်၏ စိတ်နှလုံးက အကြင်နာဆုံးပေ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက ပြစ်မှားမှုကို သည်းမခံ၊ သူ့ကို ကျွန်ုပ် စိတ်နှလုံး၌ ကြောက်ရွံ့ကာ နာခံမိ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကြုံရင်း၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရပေ၊ ကျွန်ုပ် ဘုရားသခင်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နေ့တိုင်း ကျွန်ုပ် အရသာခံသည်၊ ကိုယ်တော်၏ ရှေ့မှောက် ကျွန်ုပ် အသက်ရှင်၊ ကျွန်ုပ်၏ နှလုံးသားက ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ပြည့်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်တိကျကာ စစ်မှန်ပေ၊ လူ၏ ချီးမွမ်းမှုများကို ကိုယ်တော် ထိုက်တန်။ ဘုရားသခင်ကို ချစ်ကာ သက်သေခံရန်၊ ကိုယ်တော်၏နံဘေးတွင် အစဉ်အမြဲ ရှိရန် ကျွန်ုပ် ဆန္ဒရှိပေ။

ယခင်က:တရားစီရင်ခြင်းက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်ပြ

နောက်တစ်ခုသို့:ဘုရားရဲ့အချစ်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ