အခန်း (၂၁)
ဘုရားသခင်၏အမြင်တွင်၊ လူတို့သည် တိရစ္ဆာန်လောကထဲက တိရစ္ဆာန်များကဲ့သို့ဖြစ်၏။ ၎င်းတို့သည် အချင်းချင်းရန်ဖြစ်ကြသည်၊ အချင်းချင်းသတ်ဖြတ်ကြပြီး၊ အချင်းချင်း ထူးကဲသည့် တုံ့ပြန်မှုများ ရှိကြ၏။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့သည် မည်သည့်အသက်အရွယ် သို့မဟုတ် မည်သည်လိင်တို့ဖြစ်ပါစေ တစ်ဦးကိုတစ်ဦး လျှို့ဝှက်ကြံစည်နေကြရင်း၊ လူဝံများကဲ့သို့လည်း ဖြစ်ကြသည်။ ထိုသို့ဖြင့်၊ လူသားမျိုးနွယ်တစ်ရပ်လုံး လုပ်ဆောင်ပြီး၊ ထင်ရှားစေသမျှအားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီဖူးခြင်း မရှိပေ။ ဘုရားသခင်က သူ၏မျက်နှာကို ဖုံးအုပ်သည့်အချိန်သည် လောကတစ်ဝှမ်းလုံးရှိ လူတို့ စမ်းသပ်ခံရသည့် အချိန် အတိအကျ ဖြစ်သည်။ လူတို့အားလုံးသည် နာကျင်မှုဖြင့် ညည်းညူကြ၏၊ ၎င်းတို့အားလုံးသည် ရုတ်တရက် ဖြစ်ပွားသော ကပ်ဘေး၏ခြိမ်းခြောက်မှုအောက်၌ အသက်ရှင်ကြပြီး၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏တရားစီရင်ခြင်းမှ မလွတ်မြောက်ဖူးပေ။ အမှန်တွင်၊ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏အဓိက ရည်မှန်းချက်မှာ လူသားအား တရားစီရင်ရန်နှင့် သူ၏ဇာတိပကတိဖြင့် လူသားအား ပြစ်တင်ရှုတ်ချရန် ဖြစ်သည်။ ဘုရားသခင်၏စိတ်ထဲတွင် ၎င်းတို့၏အနှစ်သာရနှင့်အညီ မည်သူသည် ကယ်တင်ခြင်းခံရမည်၊ သို့မဟုတ် ဖျက်ဆီးခြင်းခံရမည်ကို အချိန်ကြာမြင့်စွာကတည်းက ဆုံးဖြတ်ထားပြီးဖြစ်ကာ ဤအရာကို နောက်ဆုံးသောအဆင့်တွင် တဖြည်းဖြည်း ပေါ်လွင်စေမည်ဖြစ်သည်။ နေ့ရက်များနှင့် လများကုန်လွန်သည်နှင့်အမျှ၊ လူတို့သည် ပြောင်းလဲပြီး၊ ၎င်းတို့၏ မူလသဏ္ဌာန်သည် ထုတ်ဖော်ပြခံရ၏။ ဥထဲတွင် ကြက်ရှိသလော သို့မဟုတ် ဘဲရှိသလော ဆိုသည်ကို ဥကွဲ၍ပွင့်သည့်အခါ သိသာလာပေသည်။ ဥကွဲသည့်အချိန်သည် မြေကြီးပေါ်ရှိ ဘေးဒုက္ခများ အဆုံးသတ်သို့ ရောက်လာမည့် အချိန်ဖြစ်သည်။ ဤအရာမှ အထဲတွင် “ကြက်” တစ်ကောင်ရှိသည် သို့မဟုတ် “ဘဲ” တစ်ကောင်ရှိသည်ကိုသိရန်အလို့ငှာ၊ “ဥ”သည် အက်ကွဲကာ ပွင့်ရမည်ဖြစ်သည်ကို မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နှလုံးထဲက အစီအစဉ်ဖြစ်ပြီး၊ ယင်းကို ပြီးမြောက်ရမည် ဖြစ်သည်။
“ညံ့ဖျင်းသည့်၊ သနားစဖွယ် လူသားမျိုးနွယ်ပါတကား။ လူသားသည် ငါ့ကို ချစ်သော်လည်း၊ ငါ့ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို မလိုက်နာနိုင်သည်မှာ အဘယ်ကြောင့်နည်း။” လူသား၏ ဤအခြေအနေကြောင့်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ သူသည် ပြုပြင်ခြင်းကို ကြုံရမည်ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏စက်ဆုပ်မှုကြောင့် သူသည် ကြိမ်ဖန်များစွာ၊ “အို၊ လူသားမျိုးနွယ် အားလုံးထဲမှ ပုန်ကန်သူများ။ ၎င်းတို့သည် ငါ၏ခြေအောက်တွင် ဖျက်ဆီးခြင်းခံရမည်။ ၎င်းတို့သည် ငါ၏ပြစ်တင်ဆုံးမမှု အလယ်တွင် ပျောက်ကွယ်ရမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့၏ အကျည်းတန်သော မျက်နှာကို သိကြဖို့အလို့ငှာ၊ ၎င်းတို့သည် ငါ၏ ကြီးမြတ်သော လုပ်ငန်းကြီး ပြီးစီးသွားသည့် နေ့ရက်တွင် လူသားမျိုးနွယ်အလယ်မှ နှင်ထုတ်ခြင်း ခံရမည်”ဟု ကြေညာပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအား လူ့ဇာတိဖြင့် စကားပြောနေပြီး၊ စကြဝဠာတစ်ခုလုံးအထက်ရှိ ဝိညာဉ်လောကထဲက စာတန်ကိုလည်း ပြောဆိုနေ၏။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ အစီအစဉ်အားဖြင့် စွမ်းဆောင်ရရှိမည့်အရာ ဖြစ်သည်။
အကယ်စင်စစ်၊ ဘုရားသခင်သည် အထူးသဖြင့် သာမန်ဖြစ်ပြီး၊ သူက လူကိုယ်တိုင် ဆောင်ရွက်ပြီး၊ သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်မှသာ ပြီးမြောက်နိုင်သည့် အရာအချို့ရှိ၏။ ယင်းမှာ လူတို့စိတ်ကူးသကဲ့သို့၊ အရာခပ်သိမ်း သူ၏ဆန္ဒအတိုင်း လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်က ထိုနေရာတွင် လဲလျောင်းသည်ဟူ၍ မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏စစ်မှန်သောမျက်နှာနှင့် ပတ်သက်၍ လူတို့ကို မရှင်းမလင်းဖြစ်စေသည့် စာတန်၏ လူတို့၌ နှောင့်ယှက်ခြင်း အကျိုးဆက်ဖြစ်သည်။ ထိုသို့ဖြင့်၊ နောက်ဆုံးသောခေတ်အတွင်းတွင်၊ ဘုရားသခင်သည် မည်သည့်အရာမျှ ကွယ်ဝှက်ခြင်းမရှိဘဲ၊ လူသားထံ သူ၏လက်တွေ့ကျခြင်းကို ပွင့်လင်းစွာ ထုတ်ဖော်ပြရန် လူ့ဇာတိခံယူပြီးဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာလောကကို စကားတစ်လုံးဖြင့် သို့မဟုတ် အတွေး အနည်းငယ်မျှဖြင့် အမြစ်ဖြတ်သုတ်သင်နိုင်သည်ဟူ၍ ဆိုထားသည့်အခါကဲ့သို့သော၊ ဘုရားသခင်၏စိတ်သဘောထားနှင့်သက်ဆိုင်သည့် အချို့သော ဖော်ပြချက်များမှာ ချဲ့ကားပြောခြင်းစစ်စစ် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ လူအများစုက၊ ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော်လည်း၊ စာတန်အား တစ်လုတ်တည်းဖြင့် မမျိုချနိုင်သည်မှာ အဘယ်ကြောင့်နည်းဟူသကဲ့သို့သော အရာများကို ပြောကြသည်။ ဤစကားများမှာ ရယ်ဖွယ်ကောင်းပြီး လူတို့သည် ဘုရားသခင်ကို မသိကြသေးသည်ကို ပြပေသည်။ ဘုရားသခင်အတွက် သူ၏ရန်သူများအား အမြစ်ဖြတ်သုတ်သင်ရန်မှာ လုပ်ငန်းစဉ်တစ်ရပ်လိုအပ်၏၊ သို့သော် ဘုရားသခင်သည် အလုံးစုံ အောင်မြင်သည်ဟု ပြောရန်မှာ မှန်ကန်၏။ ဘုရားသခင်သည် နောက်ဆုံးတွင် သူ၏ရန်သူများကို အနိုင်ယူလိမ့်မည်။ အင်အားကြီးသောနိုင်ငံ တစ်နိုင်ငံသည် အားနည်းသောနိုင်ငံ တစ်နိုင်ငံကို အနိုင်ယူသည့်အခါ၊ ယင်းသည် မိမိဘာသာ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခါတစ်ရံ အင်အားသုံးလျက်၊ တစ်ခါတစ်ရံနည်းဗျူဟာအသုံးပြုလျက်၊ အောင်ပွဲ ရရှိရမည်ဖြစ်သကဲ့သို့သာ ဖြစ်သည်။ လုပ်ငန်းစဉ်တစ်ရပ် ရှိ၏၊ သို့သော် အင်အားကြီးနိုင်ငံသည် မျိုးဆက်သစ် အဏုမြူလက်နက်များရှိပြီး၊ အားနည်းသည်နိုင်ငံသည် လွန်စွာနိမ့်ကျသည့်အတွက်၊ အားနည်းသည့်နိုင်ငံသည် မတိုက်ခိုက်ဘဲ အရှုံးပေးလိမ့်မည်ဟု ပြော၍မရပေ။ ယင်းသည် ရယ်ဖွယ်ကောင်းသော အကြောင်းပြချက်တစ်ရပ်ဖြစ်၏။ အင်အားကြီးသည့်နိုင်ငံသည် အနိုင်ရမည်မှာသေချာပြီး၊ အင်အားနည်းသည့်နိုင်ငံသည် ရှုံးမည်မှာသေချာသည်ဟုပြောသည်မှာ တရားနည်းလမ်းကျသော်လည်း၊ အင်အားကြီးသည့်နိုင်ငံသည် အင်အားနည်းသည့်နိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ ကျူးကျော်ဝင်ရောက်သည့်အခါ သာ၍ကြီးမားသော အင်အားရှိသည်ဟုသာ ပြော၍ရနိုင်ပေသည်။ သို့ဖြစ်၍ လူသားသည် သူ့ကိုမသိဟု ဘုရားသခင် အမြဲ ပြောခြင်း ဖြစ်သည်။ ထို့ကြောင့် အထက်က စကားများသည် ဘုရားသခင်ကို လူသားမသိရသည့် အကြောင်းရင်း၏ တစ်ဖက်ကိုသာ ကိုယ်စားပြုသလော။ ဤသည်တို့မှာ လူသား၏အယူအဆများလော။ အဘယ်ကြောင့် ဘုရားသခင်သည် လူသားအနေဖြင့် သူ၏လက်တွေ့ကျခြင်းကိုသာ သိရန်သာ တောင်းဆိုပြီး၊ ထိုသို့ဖြင့် လူကိုယ်တိုင် လူ့ဇာတိခံယူလာခဲ့သနည်း။ ထို့ကြောင့် လူအများစုသည် ကောင်းကင်ဘုံကို လှိုက်လှဲစွာ ကိုးကွယ်ကြသော်လည်း၊ “ကောင်းကင်ဘုံသည် လူ၏ လုပ်ရပ်များအားဖြင့် မည်သည့်အခါမျှ စိုးစဉ်းမျှ အကျိုးသက်ရောက်ခြင်း မရှိဖူးပေ၊ ပြီးလျှင် လူသားနှင့်ဆိုင်သည့် ငါ၏ ဆက်ဆံမှုသည် သူ၏ လုပ်ရပ်တိုင်းအပေါ် အခြေခံခဲ့မည်ဆိုပါလျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငါ၏ ပြစ်တင်ဆုံးမမှု အလယ်တွင် အသက်ရှင်ကြပေမည်။”
ဘုရားသခင်သည် လူသား၏အနှစ်သာရကို ရိပ်စားမိသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များတွင်၊ ဘုရားသခင်သည် လူသား၏ “ညှဉ်းဆဲခြင်း” အလွန်ခံရသည်မှာ သူသည် လူသားကို နောက်ထပ် မည်သို့မျှ အာရုံစိုက်ရန် စိတ်မဝင်စားသကဲ့သို့ လူသား၌ မျှော်လင့်ချက် စိုးစဉ်းမျှ မရှိသည့်ပုံ ရ၏။ လူသားသည် ကယ်တင်၍မရနိုင်တော့ ပုံပေါ်ပေမည်။ “၎င်းတို့၏ ပါးပြင်များပေါ် မျက်ရည်များ စီးနေကြသည့် များစွာသော လူတို့ကို ငါမြင်ပြီးပြီဖြစ်ကာ၊ ငါ၏ကြွယ်ဝမှုများအတွက် အလဲအလှယ်အနေဖြင့် ၎င်းတို့၏ နှလုံးသားများကို ပူဇော်ကြသည့် များစွာသော လူတို့ကိုလည်း ငါမြင်ရပြီးဖြစ်သည်။ ထိုသို့သော ‘ဘာသာတရား ကိုင်းရှိုင်းမှု’ ရှိသော်ငြားလည်း၊ လူသားသည် ငါ၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်ရန် လိုလားခြင်း လုံးဝ မရှိဖူးသည့်အတွက်၊ လူသား၏ ရုတ်ခြည်းဖြစ်သည့် ပြင်းပြသောဆန္ဒများ၏ အကျိုးဆက်အနေဖြင့် ငါသည် သူ့အား ဘယ်သောအခါမျှ ငါ၏အလုံးစုံကို အခမဲ့ မပေးဖူးပေ။” ဘုရားသခင်သည် လူသား၏သဘာဝကို ထုတ်ဖော်ပြသည့်အခါ၊ လူသားသည် မိမိကိုယ်ကိုယ် အရှက်ရသော်လည်း ဤသည်မှာ အပေါ်ယံအသိသာဖြစ်ပြီး၊ သူသည် သူ၏သဘာဝကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အမှန်တကယ် သိနိုင်စွမ်းမရှိပေ။ ထို့ကြောင့် လူအများစုသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားမလည်ပေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ၎င်းတို့၏ အသက်တာအတွက် လမ်းကြောင်း ရှာမတွေ့နိုင်ကြချေ၊ ထို့ကြောင့် ၎င်းတို့ နုံအလေလေ၊ ၎င်းတို့ကို ဘုရားသခင်က သာ၍ပြင်းထန်စွာ သရော်လေလေဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် အကျည်းတန်မှု အခန်းကဏ္ဍထဲသို့ မရည်ရွယ်ဘဲ ဝင်ရောက်ကြ၏။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် “ပျော့ပြောင်းသော ဓား”ဖြင့် အထိုးခံရသကဲ့သို့ မိမိတို့ကိုယ်ကိုယ် သိလာကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသား၏လုပ်ဆောင်ချက်များကို ချီးမွမ်းပုံရပြီး လူသား၏ လုပ်ဆောင်ချက်များကို အားပေးပုံရသော်လည်း လူတို့အနေဖြင့် ဘုရားသခင်သည် ၎င်းတို့အား လှောင်နေသည်ဟု အစဉ်ခံစားကြ၏။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ၎င်းတို့ ဖတ်သည့်အခါ၊ ၎င်းတို့မျက်နှာရှိ ကြွက်သားများသည် ရံဖန်ရံခါ အကြောဆွဲသည့်အလား ဆတ်ခနဲ့လှုပ်သွားကြသည်။ ဤသည်မှာ ၎င်းတို့ အသိတရား၏ မစင်ကြယ်ခြင်းဖြစ်ပြီး၊ ယင်းတို့သည် တမင်မဟုတ်မလုပ်ဘဲနှင့် ဆတ်ခနဲ့ လှုပ်ကြသည်မှာ ဤအရာကြောင့် ဖြစ်သည်။ လူတို့၏ရယ်ဖွယ်ကောင်းသော ပုံစံကို ရီမုတ်ကွန်ထရိုး “ဗီစီအာရ်” ဖြင့် ဖွင့်နေသော်လည်း ပိတ်၍မရဘဲ သည်းခံရုံသာ တတ်နိုင်သည့်အတွက်၊ ၎င်းတို့၏နာကျင်မှုသည် ရယ်လိုသော်လည်း မရယ်နိင်သကဲ့သို့ မငိုနိုင်သည့် နာကျင်မှုမျိုးဖြစ်သည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အာရုံစိုက်ခြင်း” ကို လုပ်ဖော်ကိုင်ဖက်အားလုံး အစည်းအဝေးများအတွင်းတွင် ဟောပြောထားသော်လည်း၊ အဆင်းနီသောနဂါးကြီး၏ သားပေါက်များ၏ သဘာဝကို မသိသူ မည်သူရှိသနည်း။ မျက်နှာချင်းဆိုင်သည့်အခါ၊ ၎င်းတို့သည် သိုးသငယ်များတမျှ နာခံကြသော်လည်း ကျောခိုင်းလိုက်သည့်အခါ၊ ၎င်းတို့သည် ဝံပုလွေများတမျှ ရက်စက်ကြမ်းကြုတ်ကြပြီး ယင်းကို “များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးသောအခါ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း ၎င်းတို့၏ စိတ်ဝိညာဉ်များထဲတွင် ငါ၏ နှုတ်ကပတ်တော်များကို ချစ်မြတ်နိုးခြင်းမရှိ၊ ထိုအစား ထိုနှုတ်ကပတ်တော်များကို အများပြည်သူပိုင်သည့် ပစ္စည်းကဲ့သို့ သာမန်ကာလျှံကာမျှသာ အသုံးပြုကြပြီး ၎င်းတို့ ဆန္ဒရှိသည့်အခါတိုင်း ယင်းတို့ကို လာသည့်နေရာသို့ ပြန်ပစ်ပေးနေကြသည်။” ဟူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် တွေ့မြင်နိုင်သည်။ ဘုရားသခင်သည် လူသားအား အဘယ်ကြောင့် အစဉ် ဖော်ထုတ်လေပြီနည်း။ ဤအရာက လူသား၏သဘာဝအဟောင်းသည် မည်သည့်အခါတွင်မျှ တစ်လက်မမျှ မလှုပ်ဖူးသည်ကို ပြသပေသည်။ တိုင်တောင်ကဲ့သို့၊ ယင်းသည် သန်းရာပေါင်းများစွာသော လူတို့၏နှလုံးသားများတွင် ဝင့်ကြွားကာ ယုံကြည်စိတ်ချရသော်လည်း၊ ယူဂေါင်းကက ထိုတောင်ကို ရွေ့သောနေ့ရက် ရောက်လာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ သူ၏မိန့်မြွက်ချက်များတွင် ဘုရားသခင်သည် လူသားနှင့်သက်ဆိုင်၍ သတ်မှတ်ချက်များ မပြုသည့်အခိုက်အတန့်၊ သို့မဟုတ် လူသားအား သူ၏ အသက်တာတွင် ထုတ်ဖော်ပြသည့် သူ၏ သဘာဝကို မထောက်ပြသည့် အခိုက်အတန့်ဟူ၍ မရှိပေ။ “လူသားသည် ငါနှင့် ဝေးကွာသောအခါနှင့် ငါ့ကို သူ စစ်ဆေးသောအခါတွင်၊ ငါသည် သူ့ထံမှ ငါ့ကိုယ်ငါ တိမ်များကြားတွင် ကွယ်ဝှက်ထား၏။ အကျိုးဆက်အနေဖြင့်၊ သူသည် ငါ၏ မည်သည့် အရိပ်အယောင်စိုးစဉ်းကိုမျှ ရှာမတွေ့နိုင်သကဲ့သို့၊ ဆိုးယုတ်သောသူတို့ တောင်းဆိုသမျှ လုပ်ဆောင်ရင်း၊ ၎င်းတို့ကို အကြောင်းပြု၍သာ အသက်ရှင်ရလေသည်။” လက်တွေ့အရှိတရားတွင်၊ လူတို့သည် ရှာဖွေခြင်းအတွက် စိတ်ဆန္ဒ အလွန်နည်းပါးသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏မျက်မှောက်၌ အသက်ရှင်ရန် အခွင့်အလမ်း ရှိခဲ၏၊ အကျိုးဆက်အနေဖြင့်၊ လူအများစုသည် ဘုရားသခင်ကို ချစ်ကြသော်လည်း၊ ၎င်းတို့သည် နတ်ဆိုး၏လက်အောက်တွင် အသက်ရှင်ကြပြီး၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးကို နတ်ဆိုးက ညွှန်ကြားထားခြင်း ဖြစ်သည်။ အကယ်၍ လူတို့သည် နေ့စဉ် အခိုက်အတန့်တိုင်း၌ ဘုရားသခင်ကို ရှာဖွေရင်း၊ ဘုရားသခင်၏အလင်း၌ အမှန်တကယ် အသက်ရှင်ခဲ့ကြပါက၊ ဘုရားသခင်အတွက် ဤသို့ပြောရန် လိုမည်မဟုတ်ပေ၊ ဟုတ်ပါသလော။ လူတို့သည် စာကို မေ့ထားလိုက်သည့်အခါ၊ ၎င်းတို့သည် ထိုစာအုပ်နှင့်အတူ ဘုရားသခင်ကို ချက်ချင်း မေ့ထားလိုက်ခြင်းဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကိစ္စကိုသာ စိတ်ဝင်စားကြသည်၊ ယင်းနောက်တွင် ဘုရားသခင်သည် ၎င်းတို့၏နှလုံးသားများမှ ပျောက်ကွယ်သွား၏။ သို့ရာတွင် ၎င်းတို့သည် ထိုစာအုပ်ကို တစ်ဖန်ကောက်ယူသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အား သိပ်မစဉ်းစားခဲ့ကြလေပြီကို ရုတ်တရက် တွေးမိသွား၏။ ယင်းမှာ လူသား၏ “မှတ်ဉာဏ်မရှိသော” ဘဝ ဖြစ်သတည်း။ ဘုရားသခင် သာ၍ စကားပြောလေလေ၊ သူ၏နှုတ်ကပတ်တော်များ သာ၍ မြင့်မားလေလေဖြစ်၏။ ထိုနှုတ်ကပတ်တော်များ အထွတ်အထိပ်သို့ရောက်သောအခါ၊ အမှုအားလုံး အဆုံးသတ်ကာ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ရပ်တန့်လိုက်၏။ ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားမှာ သူ၏အမှု အထွတ်အထိပ်သို့ရောက်ရှိချိန်တွင် ယင်းကို အဆုံးသတ်ရန်ဖြစ်၏၊ ယင်းသည် အထွတ်အထိပ်သို့ရောက်သည်နှင့်တစ်ပြိုင်နက်၊ သူသည် ဆက်လက် အမှုပြုနေခြင်းမရှိဘဲ၊ ရုတ်ခြည်း ရပ်လိုက်၏။ သူသည် မလိုအပ်သောအမှုကို မည်သည့်အခါမျှ မပြုပေ။
အောက်ခြေမှတ်စု(များ)-
က။ “အဘိုးအို ယု” ဟုလည်း သိထားကြသည့် ယုဂေါင်းသည် တရုတ်ရှေးရိုးစဉ်လာ ပုံပြင်တွင် အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယုက တောင်များကို ဖယ်ရှားခဲ့သည့် ဇာတ်လမ်းသည် အမြင်အားဖြင့် မဖြစ်နိုင်သော အလုပ်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ရာတွင် ဇွဲလုံ့လရှိခြင်းကို သရုပ်ဖော်လေသည်။