ကမ္ဘာကြီးသည် သင်နားခိုရာနေရာလောကျူး
၁ စမ်းသပ်မှု၏ ဆင်းရဲဒုက္ခမှ ထွက်ပြေးရင်း ငါ့နှုတ်ကပတ်တော်၏ အပြင်ဘက်မှာ နေကြသောသူများအားလုံးသည်လည်း လောကတစ်လျှောက် လွင့်မျောနေကြသည် မဟုတ်လော။ သူတို့သည် ဟိုဟိုသည်သည် တဖျပ်ဖျပ်လွင့်နေကြသည့် ဆောင်းဦးသစ်ရွက်ကြွေများနှင့် ဆင်တူကြပြီး ငါ့နှုတ်ကပတ်တော်များ၏ ဖြေသိမ့်ရာ ရှိရန်ပင် မဆိုထားနှင့် အနားယူရန် နေရာပင်မရှိချေ။ ငါ၏ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းသည် သူတို့နောက်သို့ မလိုက်သော်ငြားလည်း ထိုသူတို့သည် ကောင်းကင်နိုင်ငံတော်၏ အပြင်ဘက်လမ်းမများ၌ ဟိုဟိုသည်သည် လှည့်လည်သွားလာလျက် တစ်နေရာပြီး တစ်နေရာ လွင့်မျောနေကြသည့် သူတောင်းစားများ ဖြစ်ကြသည် မဟုတ်လော။ ကမ္ဘာကြီးသည် အကယ်ပင် သင်၏နားခိုရာနေရာ ဟုတ်သလော။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းအားဖြင့် လောကကြီးထံမှ အားရကျနပ်သည့်အနေနှင့် အမှေးမှိန်ဆုံး အပြုံးတစ်ခုပင် သင်ရရှိသလော။
ဖုံးကွယ်ထား၍ မရသည့် သင့်နှလုံးသားတွင် ဘာမျှမရှိခြင်းကို ဖုံးဖိထားစိမ့်သောငှာ သင်၏တဒင်္ဂပျော်ရွှင်မှုကို အမှန်တကယ် အသုံးပြု၍ ရသလော။
၂ သင့်မိသားစုထဲမှ မည်သူ့ကိုမဆို သင်လှည့်စား၍ ရနိုင်သော်လည်း ငါ့ကိုကား မည်သည့်အခါမျှ သင်လှည့်စားနိုင်မည် မဟုတ်။ သင်၏ယုံကြည်ခြင်းသည် အလွန်အားနည်းလှသောကြောင့် သင်သည် ယနေ့အထိ ဘဝက လက်ကမ်းပေးရန်ရှိသော ဝမ်းမြောက်မှုများကို တွေ့ရှိဖို့ရန် မတတ်နိုင်ဘဲ ရှိဆဲဖြစ်သည်။ လူတစ်ယောက် ခံနိုင် ရုံမျှသာရှိသော ဆင်းရဲဒုက္ခကို သင်တောင့်ခံရင်း ဇာတိပကတိအတွက် အလုပ်ရှုပ်ကာ သာမန်ညောင်ညအဆင့်တွင် သင့်တစ်ဘဝလုံးကို ကုန်ဆုံးစေမည့်အစား သင့်ဘဝသက်တမ်း၏ တစ်ဝက်လောက်ကို ငါ့အတွက် ရိုးသားစွာ ပို၍ အသုံးပြုသင့်သည်ဟု ငါသင့်ကို တိုက်တွန်းသည်။ သင့်ကိုယ်သင် အလွန်တန်ဖိုးထားပြီး ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ထွက်ပြေးခြင်းမှာ အဘယ်အကျိုးရှိသနည်း။ ငါ၏ ခဏမျှသာဖြစ်သော ပြစ်တင်ဆုံးမခြင်းမှ သင့်ကိုယ်သင် ပုန်းရှောင်နေပြီး ထာဝရအရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းနှင့် ထာဝရပြစ်တင်ဆုံးမခြင်းကိုသာ ရိတ်သိမ်းရလျှင် အဘယ်အကျိုးရှိသနည်း။ ငါ၏ ပြစ်တင်ဆုံးမခြင်းကို ရှောင်ရှားခြင်းအားဖြင့် လောကကြီးထံမှ အားရကျနပ်သည့်အနေနှင့် အမှေးမှိန်ဆုံး အပြုံးတစ်ခုပင် သင်ရရှိသလော။ ကမ္ဘာကြီးသည် အကယ်ပင် သင်၏နားခိုရာနေရာ ဟုတ်သလော။