၇၅၁ ယောဘသည် ဘုရားကို သိကျွမ်းရန် ကြိုးစားခြင်းဖြင့် သူ့တစ်ဘဝလုံးကို ကုန်လွန်စေခဲ့၏ကျူး

၁ ယောဘသည် ဘုရားသခင်ကို မမြင်နိုင်စဉ်တွင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်စဉ်တွင် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်။ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီးဖြစ်ကာ ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောဆိုသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း၊ သူသည် လူကို ဆုချီးမြှင့်ခြင်းနှင့် လူသားထံမှ ယူဆောင်သွားခြင်း လုပ်ဆောင်ချက် အားလုံးက ဘုရားသခင်ထံမှ လာသည်ကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော မည်သည့် သာမန်လူမဆို၏ နှစ်များနှင့် မကွာခြားခဲ့သော်လည်း၊ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာကို ထိခိုက်ဖို့ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးနောက် သူ၏လိုက်လျှောက်ခြင်းအပေါ် ထိခိုက်စေရန် သူအခွင့်မပေးခဲ့ပေ။

၂ ယောဘ၏အမြင်တွင်၊ အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်ရှိပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူတစ်ဦး အသက်တာ၏ မည်သည့် အစိတ်အပိုင်း၌မဆို မြင်၍ရနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိသည်ကို သူသဘောပေါက်နိုင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်ကာလအတောအတွင်း၊ သူ၏ အသက်တာ၏ နေရာတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို သူ မြင်နိုင်ခဲ့သကဲ့သို့ သဘောပေါက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ဝှက်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းအား မတားဆီးခဲ့သကဲ့သို့၊ ယင်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သူ၏ အသိပညာကို မထိခိုက်ခဲ့ပေ။

၃ ယောဘ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ကွယ်ဝှက်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောပေါက်မိခြင်း ဖြစ်ခဲ့ပေသည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်း အလယ်၌ နှုတ်ဆိတ်နေသော်လည်း၊ အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံး သဘောထားနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသော ဘုရားသခင်၏ စိတ်နှလုံး သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ ထိုအခါတွင် အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၅၀ ဘုရား၏ချီးမွမ်းခြင်းကို ယောဘခံရခဲ့သည့် အကြောင်းရင်းများကျူး

နောက်တစ်ခုသို့- ၇၅၂ ယောဘအသက်တာ၏တန်ဖိုးကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။