၃၆၀ ဘုရား၏နှုတ်ကပတ်တော်များထဲ၌ သင်ဧကန် အသက်ရှင်သလောကျူး

၁ အချိန်သည် ကုန်လွန်ကာ မျက်စိတစ်မှိတ်အတွင်း မျက်မှောက်ခေတ် ရောက်ရှိလာပေပြီ။ ငါ့ဝိညာဉ်၏လမ်းပြမှုအောက်တွင်၊ လူအားလုံးသည် ငါ၏အလင်းအလယ် အသက်ရှင်ကြပြီး၊ မည်သူမျှ အတိတ်ကို မစဉ်းစားတော့ပေ၊ သို့မဟုတ် ယမန်နေ့ကို အာရုံစိုက်မှု တစ်စုံတစ်ရာမျှ မပြုကြတော့ပေ။ အဘယ်သူသည် မျက်မှောက်ခေတ်တွင် အသက်ရှင်ကာ မတည်ရှိဖူးသေးသနည်း။ အဘယ်သူသည် နိုင်ငံတော်တွင် အံ့သြဖွယ်ကောင်းသော ရက်များနှင့် လများကို မကုန်လွန်ရသေးသနည်း။ နေအောက်တွင် အဘယ်သူ အသက်မရှင်ရသေးသနည်း။ နိုင်ငံတော်သည် လူသားအလယ် ဆင်းသက်ပြီးဖြစ်သော်လည်း၊ ယင်း၏နွေးထွေးမှုကို မည်သူမျှ အမှန်တကယ် မတွေ့ကြုံရသေးပေ။ လူသားသည် ယင်း၏အနှစ်သာရကို နားလည်ခြင်းမရှိဘဲ၊ ယင်းကို အပြင်ပန်းမှသာ ကြည့်လေသည်။

၂ ငါ၏နိုင်ငံတော် ဖွဲ့စည်းသည့်အချိန်အတောအတွင်းတွင်၊ ယင်းကြောင့် အဘယ်သူသည် ဝမ်းမြောက်ခြင်း မရှိဘဲနေသနည်း။ မြေကြီးပေါ်ရှိ နိုင်ငံများသည် အမှန်တကယ် လွတ်မြောက်နိုင်သလော။ အဆင်းနီသောနဂါးကြီးသည် ၎င်း၏ကောက်ကျစ်မှုကြောင့် အမှန်တကယ် လွတ်မြောက်နိုင်သလော။ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခွင်လုံး ကြေညာထား၏၊ ၎င်းတို့သည် လူအားလုံးအလယ် ငါ၏သြဇာအာဏာကို ပြဋ္ဌာန်းပြီး၊ စကြဝဠာအနှံ့ သက်ရောက်လာလေသည်။ မည်သို့ပင် ဖြစ်စေကာမူ လူသားသည် ဤအရာကို အမှန်တကယ် လုံးဝ မသိလေပြီ။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာသို့ ထုတ်ဖော်ပြချိန်တွင်၊ ယင်းမှာ ကမ္ဘာမြေပေါ်၌ ငါ၏အမှု ပြည့်စုံတော့မည့် အချိန်လည်းဖြစ်၏။ ငါသည် လူသားအားလုံးအကြား အုပ်စိုးပြီး အာဏာကိုင်စွဲသောအခါနှင့် ငါ့ကို တစ်ဆူတည်းသော ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သိမှတ်သော အချိန်တွင်၊ ငါ၏နိုင်ငံတော်သည် မြေကြီးဆီသို့ အပြည့်အဝ ဆင်းသက်လိမ့်မည်။

၃ ယနေ့တွင် လူအားလုံး၌ လမ်းကြောင်းသစ်ပေါ်တွင် အသစ်သော အစပြုခြင်း ရှိကြသည်။ ၎င်းတို့သည် ဘဝသစ်ကို စတင်ကြပြီဖြစ်သော်လည်း၊ ကောင်းကင်နှင့်အလားတူသော မြေကြီးပေါ်က အသက်တာကို မည်သူမျှ အမှန်တကယ် တွေ့ကြုံဖူးခြင်းမရှိပေ။ သင်တို့သည် ငါ၏အလင်းအလယ်တွင် အမှန်တကယ် အသက်ရှင်ကြသလော။ ငါ၏ နှုတ်ကပတ်တော်များအကြားတွင် အမှန်တကယ် အသက်ရှင်ကြသလော။ မည်သူသည် ၎င်းတို့ကိုယ်တိုင်၏ မျှော်လင့်ချက်များကို မတွေးတောသနည်း။ မိမိတို့ကိုယ်တိုင်၏ ကံကြမ္မာကြောင့် မည်သူသည် စိတ်သောက မရောက်သနည်း။ ဒုက္ခပင်လယ်အလယ်တွင် မည်သူသည် မရုန်းကန်ဘဲ နေသနည်း။ မည်သူသည် မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေရန် ဆန္ဒမရှိသနည်း။ ကောင်းကင်နိုင်ငံ၏ ကောင်းချီးမင်္ဂလာများသည် မြေကြီးပေါ်၌ လူသား၏ အလုပ်ကြိုးစားမှုအတွက် အလဲအလှယ်အနေဖြင့် ပေးထားခြင်းဖြစ်သလော။ လူသား၏ စိတ်ဆန္ဒများအားလုံးသည် သူ ဆန္ဒရှိသည်အတိုင်း ဖြည့်ဆည်း၍ရနိုင်မည်လော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၅၉ လူတို့သည် ဘုရားစကားကို နှလုံးသွင်းခြင်းမပြု

နောက်တစ်ခုသို့- ၃၆၁ လူ၏လုပ်ရပ်များ၌ ဘုရားကို လှည့်စားမှုများဖြင့် ပြည့်နှက်နေ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။