၁၃၀ ဘုရားသခင်၏ မျက်မှောက်တော်၌ ကျွန်ုပ် နေထိုင်သည်။

၁ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား စဉ်းစားချင့်ချိန်ပြီး တွေးဆလျက် နေ့စဉ် ဘုရားသခင်၏ မျက်မှောက်တော်၌ ငြိမ်သက်ခြင်း ရှိပါသည်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လျက် ကျွန်ုပ်၏ အတွေးများနှင့် ပြောစကားတို့တွင် ဖောက်ပြန်ပျက်စီးမှုများစွာ တည်ရှိဆဲဖြစ်သည်ကို ကျွန်ုပ်မြင်ရသည်။ အခြားသူများမှ ကျွန်ုပ်အား အထင်ကြီးလေးစားစေရန်အတွက် ကျွန်ုပ်၏ ပြောစကားနှင့် လုပ်ရပ်များတွင် မကြာခဏ ကြွားဝါလေ့ရှိသည်။ အခြားသူများအပေါ် လွှမ်းမိုးရန် ကျွန်ုပ် အမြဲ ကြိုးပမ်းသည်။ ကျွန်ုပ်သည် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပြီး မာနထောင်လွှားသည်။ လူသားတစ်ယောက်၏ အသွင်သဏ္ဍန် မရှိပေ။ ဘုရားသခင့် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းကို ရင်ဆိုင်ရလျက် ကျွန်ုပ် လွန်စွာရှက်ရွံ့ခဲ့ရသည်။ ကျွန်ုပ်သည် ကောင်းမွန်စွာ ပြုမူပုံ ပေါ်ကောင်းပေါ်နိုင်သော်လည်း ကျွန်ုပ်၏ စိတ်သဘောထားမှာ မပြောင်းလဲပေ။ ကျွန်ုပ်တွင် စစ်မှန်မှုမရှိဘဲ အလွန်ပင် မာနထောင်လွှားဆဲဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ကြာမြင့်စွာ မုန်းတီးစက်ဆုပ်ခဲ့သည်။ ကျွန်ုပ် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခဲ့သည်ကို ကျွန်ုပ် မုန်းတီးမိပြီး ဘုရားသခင်၏ တရားစီရင်မှုကို ကျွန်ုပ် လက်ခံလိုပါသည်။

၂ ကျွန်ုပ်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ငြိမ်သက်ပြီး အရာအားလုံး၌ ကိုယ်တော်၏ အလိုတော်ကို ရှာဖွေပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ကိုယ်တော်နှင့် ရင်းနှီးသည်။ သမ္မာတရားအား ကျွန်ုပ်နားလည်ပြီး ကျွန်ုပ်၏ စိတ်နှလုံး အားတက်လာသည်။ လူများ၊ ဖြစ်ရပ်များနှင့် အကြောင်းကိစ္စများကို ကျွန်ုပ် ကြုံတွေ့သည့်အခါ လွဲမှားသည့်အယူအဆတို့ကို ထားရှိခြင်းသည် ကျွန်ုပ်တွင် စစ်မှန်မှုမရှိသည်ကို ပြပေသည်။ ကျွန်ုပ်သည် အစဉ်အမြဲ ညည်းညူသည်။ ကျွန်ုပ်၏ အပြစ်ကင်းစင်မှုကို ထုတ်ဖော်ပြောဆိုပြီး ရှင်းပြဖို့ရန် ကြိုးစားသည်။ ကျွန်ုပ်သည် အနည်းငယ်မျှပင် နာခံခြင်းမရှိပေ။ သမ္မာတရားကို နားလည်သည့်အခါ လူသားအား သန့်စင်ဖို့ရန်အတွက် ဘုရားသခင်၏ အမှုတော်သည် အလွန်ပင်စစ်မှန်သည်ကို ကျွန်ုပ်မြင်ရသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီလေလေ၊ ရှာဖွေရန်အတွက် သမ္မာတရားများ ပို၍ ရှိလေလေဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံပြီး စစ်မှန်မှုသို့ ဝင်ရောက်ရန်သည် အမှန်တကယ်ပင် ဘုရားသခင်နှင့် မျက်နှာခြင်းဆိုင်ဖို့ဖြစ်ပေသည်။ ရှုပ်ထွေးမှု သို့မဟုတ် အကန့်အသတ်များ မရှိတော့ဘဲ ကျွန်ုပ်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့ကြုံရသည်။

၃ ဘုရားသခင်၏ မျက်မှောက်တော်၌ ကျွန်ုပ်နေထိုင်ပြီး ကိုယ်တော်၏ စစ်ဆေးခြင်းကို အချိန်ပြည့် လက်ခံပါသည်။ ကျွန်ုပ်၏ အတွေးများနှင့် လုပ်ရပ်များသည် ဘုရားသခင့် နှုတ်ကပတ်တော်၏တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို တစ်ခုပြီးတစ်ခု လက်ခံပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် လမ်းပြခြင်းတို့နှင့်အတူ ကျွန်ုပ်၏ စိတ်နှလုံးသည် ငြိမ်းချမ်းပြီး သက်သာရာရပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်အား ကြောက်ရွံ့ပြီး ကိုယ်တော်က ကျွန်ုပ်ကို ကွယ်ကာသည်။ ဘုရားသခင်အား ကျွန်ုပ် နောက်တဖန် ဘယ်တော့မှ ပုန်ကန်ပြစ်မှားမည်မဟုတ်ပါ။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မိမိကိုယ်ကိုယ် မကြာခဏ ငြိမ်သက်စေလျက် ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်အား ကြောက်ရွံ့ပြီး ဒုစရိုက်ကို ရှောင်ကြဉ်ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကို ပြုမူနေထိုင်ပါသည်။ ပြီးလျှင် ဘုရားသခင်အား ကျွန်ုပ်ချစ်ပြီး နာခံပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်အား လမ်းပြပြီး ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သည့်လမ်းကြောင်းတွင် ကျွန်ုပ်စတင်လျှောက်လှမ်းသည်။ သမ္မာတရားအား ရရှိခြင်းဖြင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းသည် သန့်စင်ခံရပြီး ကျွန်ုပ်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ချီးမွမ်းပါသည်။

အရှေ့သို့- ကျွန်ုပ်တို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ကျွန်ုပ်တို့ ရွေးချယ်ရမည်

နောက်တစ်ခုသို့- ကျွန်ုပ်၏ ချစ်ခြင်းအား ဘုရားသခင်ကို ကျွန်ုပ်ပေးသည်။

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အနားယူခြင်းသို့ ဝင်ရောက်တဲ့ လူသားတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်း

၁ဘုရားရဲ့အပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းနောက်ဆုံးအနားယူခြင်းမှာ ကြံ့ခိုင်ခြင်းရှိသူတို့ ဝင်ရောက်မည်စာတန်ရဲ့လွမ်းမိုးမှုမှ...

အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကို ဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ဘုရား လမ်းပြခဲ့သော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်