စိတ်သဘောထားပြောင်းလဲသူတို့သည် လူသားတစ်ဦးကဲ့သို့ အသက်ရှင်နိုင်ကြ၏ကျူး
၁ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ရှိသောသူများသည် လူသားတစ်ဦး ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်စွာ အသက်ရှင်နေထိုင်ပြီး ၎င်းတို့၌ သမ္မာတရား ရှိသည်၊ ၎င်းတို့သည် အခြားသူများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ။ စိတ်သဘောထား အပြောင်းအလဲ ရှိပြီးသော သူများမှာ ပို၍ တည်ကြည်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ မည်သည့် အခြေအနေထဲတွင် ၎င်းတို့ ရှိနေပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မှန်ကန်စွာ မည်ကဲ့သို့ ထမ်းဆောင်ပြီး ဘုရားသခင် ကျေနပ်စေရန် အမှုအရာများကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိကြသည်။ စိတ်သဘောထားများကို ပြောင်းလဲပြီးသောသူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် ကြည့်ကောင်းစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ဘုရားသခင် ကျေနပ်စေရန် မည်သည့်အရာကို ပြုရမည်နှင့်ပတ်သက်၍ ၎င်းတို့၏ အတွင်း၌ ရှင်းလင်းမှု ရှိကြသည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်ပါဝင်စားသည် သို့မဟုတ် ၎င်းတို့သည် အလွန်ကြီးမားသော အရာတစ်စုံတစ်ခုကို ပြုပြီးခဲ့သည်ဟု ထင်ချင်မှထင်ရသော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ရှိသည်။
၂ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာသည်၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ အခြေခံသဘောတရားများအားဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရသည်၊ ၎င်းတို့၏ အမြင် လုံးလုံးလျားလျား ပြောင်းလဲပြီးခြင်းနှင့် ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် တူညီခြင်း မရှိပေ။ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ရှင်းလင်းစွာ မြင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲခဲ့ကြသည်၊ ဤသည်မှာ အခြေခံအကျဆုံး အပြောင်းအလဲဖြစ်ပြီး စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။
၃ လူတို့သည် ၎င်းတို့သေဆုံးသောအခါ၌ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ အချည်းနှီးအသက်ရှင်ခဲ့ခြင်း မရှိစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။ လူတို့သည် ဘုရားသခင်ကို ဝတ်ပြုနိုင်ခြင်း၊ နာခံ၍ ကျေနပ်စေနိုင်ခြင်းသည် လူတစ်ဦးဖြစ်တည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ဤသည်မှာ ကောင်းကင်နှင့်မြေကြီးတို့၏ ပြောင်းလဲ၍မရသည့် အခြေခံသဘောတရားများနှင့်အညီ ၎င်းတို့အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် လူသားဟု အခေါ်ခံရန် ထိုက်တန်မည် မဟုတ်ပေ၊ သူတို့၏ဘဝများသည် အနှစ်သာရကင်းမဲ့ကာ အဓိပ္ပာယ် မရှိဖြစ်လိမ့်မည်။ ထို့ကြောင့် လူတစ်ဦး၏ အသက်တာစိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ အတွင်း၌ သမ္မာတရားရှိခြင်းနှင့် ဘုရားသခင်အား သိနားလည်မှုရှိခြင်းဖြစ်၏၊ လူတစ်ဦး၏ ဘဝအပေါ်အမြင်ပြောင်းလဲပြီး တန်ဖိုးများသည် ယခင်နှင့် ကွာခြားကြ၏။ ပြောင်းလဲမှုသည် အတွင်းမှစတင်၍ လူတစ်ဦး၏ အသက်တာမှ စတင်၏၊ ယင်းသည် အပြင်ပန်းပြောင်းလဲမှုသာ မဟုတ်သည်ကား သေချာ၏။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။