၇၃၈ ဘုရားစိတ်ကျေနပ်စေရန် သူ၏ စံနှုန်းကို သင်ကြည့်သင့်၏ကျူး

၁ သင်သည် မည်သည့်အမြင် သို့မဟုတ် ကောက်ချက် တစ်စုံတစ်ရာကို မရွေးချယ်မီ သင်သည် သင့်အပေါ်၌ ရှိသော ဘုရားသခင်၏ သဘောထားနှင့် သူ စဉ်းစားနေသည့်အရာကို ဦးစွာ နားလည်သင့်ပြီး၊ ထို့နောက် သင်၏ကိုယ်ပိုင် အတွေးအခေါ် မှန်သည်မမှန်သည်ကို ဆုံးဖြတ်နိုင်သည်။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် အချိန်ကို အတိုင်းအတာယူနစ်အဖြစ် မည်သည့်အခါမျှ အသုံးပြုခြင်း မရှိခဲ့ဖူးသကဲ့သို့၊ သူသည် လူတစ်ဦးက မည်မျှ ဒုက္ခခံစားခဲ့ရသည် ဟူသည့် စိစစ်သတ်မှတ်ခြင်းမျိုး အပေါ်၌လည်း မည်သည့်အခါမျှ အခြေမပြုခဲ့ဖူးပါပေ။ အချုပ်အားဖြင့်ဆိုရလျှင် ဘုရားသခင်ကိုယ်တိုင်၏ အယူအဆ၌ ရှိသော စံနှုန်းမဟုတ်သည့်အရာ မှန်သမျှသည် လူ၏ စိတ်အထင်မှ လာခြင်းသာဖြစ်ပြီး ထိုကဲ့သို့သော အရာအားလုံးမှာ လူ၏ အယူအဆများပင် ဖြစ်သည်။

၂ သင်၏ ကိုယ်ပိုင်အယူအဆများ နှင့် စိတ်ကူးများအပေါ် ကျိုးကြောင်းမမြင်ဘဲ မလျှော့တမ်း ပြောနေလျှင် ဤအရာ၏ အကျိုးဆက်မှာ ဘုရားသခင် သင့်အား ပစ်ပယ်ခြင်းသာလျှင် ဖြစ်နိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အရည်အချင်းများကို ဘုရားသခင်ရှေ့၌ အမြဲကြွားလုံးထုတ်ကာ သူနှင့် ယှဉ်ပြိုင်ပြီး သူနှင့် အငြင်းပွားသောကြောင့် ဖြစ်ပြီး၊ သင်တို့သည် သူ၏ တွေးခေါ်ခြင်းကို အမှန်တကယ် နားလည်သဘောပေါက်ရန် မကြိုးစားသည့်အပြင် လူသားမျိုးနွယ်အပေါ် သူ၏အလိုတော်နှင့် သူ၏သဘောထားကို နားလည်သဘောပေါက်ရန် မကြိုးစားကြသောကြောင့် ဖြစ်သည်။ ဤပုံစံအတိုင်း ရှေ့ဆက်ခြင်းက သင့်ကိုယ်သင် အရာခပ်သိမ်းအထက်၌ ချီးမြှောက်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ချီးပင့်မြှောက်စားခြင်း မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် ယုံကြည်ပြီး၊ ဘုရားသခင်ကို မယုံကြည်ပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို အလိုမရှိသည့်အပြင် သူသည် သူတို့အတွက် ကယ်တင်ခြင်းကိုလည်း ယူဆောင်လာမည် မဟုတ်ပေ။

၃ အကယ်၍ သင်သည် ဤအမြင်မျိုးကို လက်လွှတ်နိုင်သည်သာမက၊ အတိတ်က သင်ရှိခဲ့သည့် မှားယွင်းသော ထိုအမြင်များကို ပြုပြင်နိုင်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ရှေ့ဆက်နိုင်ပါက၊ ယခုအချိန်မှစ၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုအား ရှောင်ခြင်းလမ်းခရီးကို လက်တွေ့လုပ်ဆောင် နိုင်ပါက၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြီးမြတ်သောအရှင်အဖြစ် ချီးမြှောက်လာနိုင်ပြီး မိမိကိုယ်ကိုယ်နှင့် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် သင်ကိုယ်တိုင်၏ တစ်ကိုယ်ရေစိတ်ကူးများ၊ သဘောထားများ၊ သို့မဟုတ် ယုံကြည်ချက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်နိုင်ပါက၊ ထို့ပြင် ယင်းအစား သင်သည် ကဏ္ဍတိုင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ခြင်း၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားအား သဘောပေါက်ခြင်းနှင့် သိနားလည်ခြင်းကို ရရှိလာခြင်းနှင့် သူ၏စံနှုန်းများကို ဖြည့်ဆည်းပေးခြင်း အားဖြင့် သူ့ကို ကျေနပ်စေခြင်းတို့ ရှိမည်ဆိုပါက၊ ၎င်းမှာ ချီးကျူးလောက်စရာ ဖြစ်ပေမည်။ ယင်းက သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးပေါ်၌ စတင်လုနီးပါးဖြစ်ကြောင်း ညွှန်ပြလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၃၇ လူ၌ ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးရှိသင့်၏ကျူး

နောက်တစ်ခုသို့- ၇၃၉ ဘုရားကို ကြောက်ရွံ့ရိုသေသူတို့သည် အရာရာ၌ ဘုရားကို ထောမနာပြုကြ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။