၉၅၂ လူသား၏ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆွ၏
၁ ငါ၏ဒေါသနှင့်ပြည့်သော အမျက်သည် တောင်များနှင့် မြစ်များကို လှုပ်ခါသောအခါ၊ လူသား၏ သူရဲဘောကြောင်မှုကြောင့် ငါသည် ဤအမျိုးမျိုးသော စောင်မမှုများကို သူ့အပေါ် အပ်နှင်းတော့မည် မဟုတ်ပေ။ ဤအချိန်တွင်၊ ငါသည် သက်ရှိအရာအားလုံးကို နောင်တရရန် အခွင့်ကို ငြင်းပယ်လျက် အမျက်ဒေါသ တိုးမည်ဖြစ်ပြီး၊ လူသားအတွက် ငါ၏ မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်ရင်း၊ သူ လုံးလုံးလျားလျား ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ငါစီရင်မည်။ ဤအချိန်တွင်၊ ဒေါသဖြင့် ပြင်းထန်သော သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့၊ ထောင်သောင်းမျှသော တောင်များ ပြိုကျသကဲ့သို့၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းသည် ပြိုးပြက်ကာ မြည်ဟိန်း၏။ သူ၏ ပုန်ကန်ခြင်းအတွက်၊ လူသားသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအားဖြင့် ထိုးလှဲခံရပြီး အခြားသော ဖန်ဆင်းခံ သတ္တဝါများသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း၏ ပေါက်ကွဲမှုများ၌ သုတ်သင်ပယ်ရှင်းခြင်း ခံကြရသည်။
၂ ပြီးလျှင် စကြဝဠာတစ်ခုလုံးသည် ပရမ်းပတာအဖြစ်သို့ ရုတ်ခြည်းဆင်းသက်သွားပြီး ဖန်ဆင်းခြင်းသည် မူလဘူတ ဇီဝအသက်ကို ပြန်လည်ရယူခြင်းငှာ မတတ်စွမ်းနိုင်။ လူသားမျိုးနွယ် အသင်္ချေ တစ်ပြုံတစ်ခေါင်းသည် မိုးချုန်းသံ၏ မြည်ဟိန်းခြင်းကို မလွတ်မြောက်နိုင်ကြပေ။ လျှပ်ပြက်ခြင်း၏ ပြိုးပြက်မှုများအလယ်၌ လူသားများသည် တောင်များမှ သွယ်ဖြာဆင်းကျလာသည့် ပြင်းထန်သည့် ရေစီးများအားဖြင့် ဖယ်ရှားခံရရန် မြန်ဆန်သော ရေစီးထဲသို့ တစ်အုပ်ပြီးတစ်အုပ် ပြိုလဲကျကုန်သည်။ ရုတ်ခနဲ “လူသားများ”၏ လောကသည် လူသား၏ “ပန်းတိုင်” နှင့်ဆိုင်သော နေရာထဲသို့ အကျုံးဝင်သွားသည်။ အလောင်းကောင်များသည် သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဟိုဟိုသည်သည် မျောနေကြ၏။ လူသားသည် ငါ့ဝိညာဉ်တော်၏ အနှစ်သာရကို ဆန့်ကျင်ပြစ်မှားပြီးဖြစ်ကာ သူ၏ပုန်ကန်မှုသည် ငါ့ကို ပုန်ကန်ပြစ်မှားပြီးဖြစ်သည့်အတွက်၊ လူသားမျိုးနွယ်အပေါင်းတို့သည် ငါ၏အမျက်ဒေါသကြောင့် ငါနှင့်ဝေးရာ သွားကြသည်။ သို့သော် ရေကင်းမဲ့သော အရပ်များတွင်၊ အခြားလူသားတို့သည် ရယ်မောခြင်းနှင့် သီဆိုခြင်းတို့အလယ်၌ ၎င်းတို့ကို ငါပေးသနားပြီးဖြစ်သည့် ကတိတော်များကို ပျော်မွေ့ကြဆဲဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်