၁၈၈ ဘုရားသခင်ထံ လုံးဝ ဆက်လက်အပ်နှံရန် ဆုံးဖြတ်ထားသည်

၁ ကျွန်ုပ်ကို စာတန် အဆုံးစွန် ဖောက်ပြန်ပျက်စီးစေပြီး ဖျက်ဆီးသည်၊ ကျော်ကြားမှုနှင့် ဥစ္စာပစ္စည်းကို ရှာဖွေရင်း၊ အပြစ်ထဲတွင် ကျွန်ုပ်အသက်ရှင်နေခဲ့သည်။ ကျွန်ုပ်၏ စိတ်ထဲတွင် မိမိကိုယ်သာ ကိုးကွယ်ရာ ဖြစ်ခဲ့သည်၊ အသိစိတ် သို့မဟုတ် အကျင့်သိက္ခာအတွက် ကျွန်ုပ် ဘာမျှ ဂရုမစိုက်ခဲ့။ ကျွန်ုပ်အပေါ် သနာကရုဏာ ထားကာ ဆိုးညစ်သော လောကကြီမှ ကျွန်ုပ်ကို ကယ်တင်ရင်း၊ ဘုရားသခင် ကျွန်ုပ်ကို ချီမခဲ့သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်း နှုတ်ကပတ်တော်များက လောက၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို မြင်ရန် ကျွန်ုပ်ကို အခွင့်ပေးသည်။ အယောက်တိုင်းအား ဆိုးယုတ်မှု ချောက်ထဲတွင် ပိတ်မိစေလျက်၊ လူသားမျိးနွယ်ကို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေသည်မှာ စာတန် ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်က ကျွန်ုပ်ကို နိုးထစေပြီး၊ အသက်၏ အလင်းကို ကျွန်ုပ် မြင်ခဲ့ရ။ ကျော်ကြားမှု၊ ဥစ္စာပစ္စည်း၊ ရာထူး နှင့် သွေးသား ပျော်ပါးမှုတို့သည် အမှန်ပင် အနှစ်သာရမဲ့ပြီး၊ ၎င်းတို့ကို ကျွန်ုပ် နောက်ထပ် ရှာဖွေလိုက်စားမည်မဟုတ်။ ဘုရားသခင်ထံ အပ်နှံခြင်း၊ ဘုရားသခင်၏ စိတ်နှလုံးကို အရေးထားခြင်းနှင့်၊ မိမိ၏ တာဝန်ကို ဖြည့်ဆည်းခြင်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ တစ်ခုတည်းသော စစ်မှန်သည့် အခြေခံသဘောတရားများ ဖြစ်ကြပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းတို့ကို လက်ခံရန်နှင့် စစ်မှန်သော လူသား ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ရန် ကျွန်ုပ် ဆန္ဒရှိသည်။

၂ ဘုရားသခင်က ကျွန်ုပ်တို့ကို တောင်းဆိုပြီး၊ ကျွန်ုပ်တို့ ထကာ ကိုယ်တော်၏ မဟာစေခိုင်းချက်ကို တာဝန်ယူသင့်သည်။ သူ့အတွက် ကျွန်ုပ်တို့ မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံခြင်းသည် ထိုသို့သော ဂုဏ်တစ်ခု ဖြစ်ပေ။ အခက်အခဲတွင်၊ ဘုရား နှုတ်ကပတ်တော်များ၏ လမ်းပြမှုက၊ ကျွန်ုပ်ကို သာ၍ပင် ဆုံးဖြတ်ချက်ပြတ်သားစေသည်။ ထွန်သွားပေါ် လက်တင်ပြီး ကျွန်ုပ် အဘယ်ကြောင့် နောက်လှည့်ကြည့်နိုင်မည်နည်း။ နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းကို လက်ခံဖို့ရန်မှာ ရှားပါးလှပေသည်။ စုံလင်ခံရဖို့ ဤအခွင့်အရေးကို ကျွန်ုပ် လုံးဝ မလွဲချော်ရ။ဘုရားသခင်ကို ကျွန်ုပ်တာဝန်မကျေဖြစ်ပါက၊ ကျွန်ုပ်ဘဝ၏ ကျန်ရှိသည့် အချိန်တွင် ကျွန်ုပ် နောင်တရမိပေမည်။ သူ့ကို ကျွန်ုပ် ကျောခိုင်းခဲ့ပါက၊ ကျွန်ုပ် ရာဇဝင်ရိုင်းလိမ့်မည်။ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ မဆောင်ရွက်ခဲ့ဘဲ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်မပေးဆပ်ခဲ့လျှင်၊ သူ၏ ရှေ့မှောက် အသက်ရှင်ဖို့ ကျွန်ုပ် မည်သို့ ထိုက်တန်နိုင်မည်နည်း။ စိတ်ထဲတွင်၊ ကျွန်ုပ်သည် သမ္မာတရားကိုသာ တန်ဖိုးထားပြီး၊ ဘုရားသခင်ကို ဆက်ကပ်အပ်နှံသည်၊ ကျွန်ုပ်သည် သူ့ကို မည်သည့်အခါတွင်မျှ တစ်ဖန် ပုန်ကန်မည်မဟုတ်၊ ပူဆွေးစေမည် မဟုတ်ပေ။ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းဖြင့်၊ မည်သည့်အရာ နှင့် မည်သူမျှ ကျွန်ုပ်ကို မတားဆီးနိုင်။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခတို့ မည်မျှ ခက်ခဲမည်ဖြစ်ပါစေ၊ သူ့ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ် သက်သေခံရပ်တည်မည်။ ကျွန်ုပ်သည် သမ္မာတရားကို ရယူရန်၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရရန်နှင့် သူ့ကို ထာဝရ သက်သေခံရန် ဆုံးဖြတ်ထားသည်။

အရှေ့သို့- ၁၈၇ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်လည်ပေးဆပ်မည်

နောက်တစ်ခုသို့- ၁၈၉ တရားစီရင်ခြင်းမှတဆင့် နိုးထခြင်းတစ်ခု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။