“ကတိခံဝန်ချက်သုံးမျိုး” လက်မှတ်ထိုးအောင်၊ ယုံကြည်ခြင်းကို စွန့်လွှတ်လာအောင် ခရစ်ယာန်တွေကို အတင်းအကျပ် ဖိအားပေးဖို့အတွက် ဆိုးယုတ်တဲ့ စီစီပီက ဘာမဆို လုပ်ပါတယ်။ အတင်းအကျပ် အယူအဆ ပြောင်းလဲတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ကိုယ်ထိလက်ရောက် အပြစ်ပေးစော်ကားတာ၊ အခြေခံ လိုအပ်ချက်တွေကို ပိတ်ပင်တာနဲ့ ပုဂ္ဂိုလ်ရေး သိက္ခာချတဲ့ နည်းဗျူဟာတွေကို အသုံးပြုပါတယ်။ ကျန်းရှီးပြည်နယ်၊ နန်ချန်းမြို့က ခရစ်ယာန် လင်းဖန်းဟာ ဧဝံဂေလိတရား ဟောလို့ဆိုပြီး စီစီပီရဲတွေရဲ့ ဖမ်းဆီးတာကို နှစ်ကြိမ် ခံခဲ့ရတဲ့အပြင် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ သူဟာ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးဖို့ အမြဲတမ်း ငြင်းဆန်ခဲ့ပါတယ်။ မကောင်းဆိုးဝါးဆန်တဲ့ အကျဉ်းထောင်ထဲမှာ အစောင့်တွေက သူ့ကို နှိပ်စက်ဖို့ အင်မတန် ကြမ်းတမ်းတဲ့ နည်းလမ်းမျိုးစုံ သုံးခဲ့ကြပြီး ကြောက်မက်စရာကောင်းတဲ့ နှိပ်စက်မှုနဲ့ အနိုင်ကျင့်စော်ကားတာတွေကို လုပ်ခဲ့ကြပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် သူဟာ အဆစ်အမြစ်ရောင်တာ၊ ပန်းနာရင်ကျပ်၊ ခါးဆစ်ရိုးကျွံတာနဲ့ ခါးကြွက်သားနာတာလိုမျိုး ရောဂါဝေဒနာတွေ ရလာခဲ့ပါတယ်။ ပြစ်ဒဏ်စေ့တဲ့နေ့မှာပဲ သူ့ကို နောက်ထပ် အယူဝါဒသွတ်သွင်းဖို့ ဦးနှောက်ဆေးတဲ့ စခန်းဆီကို တိုက်ရိုက် ခေါ်သွားကြပြီး အိမ်ပြန်ရောက်တဲ့အခါမှာတောင် သူဟာ စောင့်ကြည့်မှုနဲ့ ထိန်းချုပ်မှုအောက်မှာ နေရဆဲပါပဲ... ဒီအစီအစဉ်ကို ကြည့်ရှုပေးကြပါ။
00:22 အသားပေးပြသချက်များ
06:41 လင်းဖန်း ပထမဆုံးအကြိမ် အဖမ်းခံရခြင်းနှင့် ထောင်ဒဏ် ချမှတ်ခံရခြင်း
10:12 လင်းဖန်း ဒုတိယအကြိမ် အဖမ်းခံရပြီး ပြစ်ဒဏ်ချခံရခြင်း၊ သူ့ကို ရက်ရက်စက်စက် နှိပ်စက်ဖို့နှင့် “ကတိခံဝန်ချက်သုံးမျိုး” ရေးလာအောင် အတင်းအကျပ် ဖိအားပေးဖို့ ထောင်အစောင့်တွေ မည်သည့်အရာကိုမဆို လုပ်ဆောင်ခဲ့ပုံ
38:43 ပြစ်ဒဏ်စေ့သည့်နေ့တွင် လင်းဖန်းသည် “ကတိခံဝန်ချက်သုံးမျိုး” ကို ရေးဖို့ ဆက်တိုက် ငြင်းဆန်ခဲ့သည့်အတွက် ဦးနှောက်ဆေးသည့် စခန်းသို့ ခေါ်ဆောင်ခံရပြီး အိမ်ပြန်ရောက်ပြီးနောက်မှာလည်း စောင့်ကြည့်မှုနှင့် ထိန်းချုပ်မှုအောက်မှာ နေရဆဲဖြစ်ပါသည်
43:39 နိဂုံးချုပ်မှတ်ချက်များ
53:10 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ