၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လုံးလုံးလျားလျား ဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ စစ်ဆင်ရေးဖြစ်တဲ့ “သုံးနှစ်ကြာ အလုံးစုံတိုက်ပွဲ” ဟာ ပြီးဆုံးသွားခဲ့ပါတယ်၊ အသင်းတော်ကို အမြစ်ပြတ်ချေမှုန်းဖို့ သူ့ရည်မှန်းချက် မအောင်မြင်ခဲ့တဲ့အတွက်၊ “သုံးနှစ်ကြာ အကြိတ်အနယ်တိုက်ပွဲ” ကို ချက်ချင်း စတင်ခဲ့ပြန်တယ်။ ၂၀၂၅ ခုနှစ်ဟာ ဒီ “အကြိတ်အနယ်တိုက်ပွဲ” ရဲ့ ဒုတိယမြောက်နှစ် ဖြစ်ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တွေကို လုံးဝ “သုတ်သင်ရှင်းလင်းဖို့” နဲ့ အမြစ်ပြတ်ချေမှုန်းဖို့အတွက်၊ နိုင်ငံတစ်ဝန်းလုံးမှာ အကြီးအကျယ် ဖမ်းဆီးမှု စစ်ဆင်ရေးတွေဟာ အရှိန်မလျော့ဘဲ ဆက်ရှိနေခဲ့တာပါ။ အဲဒီအထဲမှာ ကွမ်တုန်းပြည်နယ်ဟာ ခရစ်ယာန်တွေကို ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်တဲ့ နေရာတွေထဲက တစ်ခုဖြစ်ပြီး၊ ဇူလိုင်လ တစ်လတည်းမှာတင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန် အနည်းဆုံး ၁၄၇ ဦးကို တရုတ်ကွန်မြူနစ်ပါတီက ဖမ်းဆီးခဲ့ပါတယ်။ ဟောင်ခိုင် (အမည်လွှဲ) ဟာ ဒီစစ်ဆင်ရေးလှိုင်းမှာ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ခရစ်ယာန်တွေထဲက တစ်ဦးပါ၊ သူ အဖမ်းခံရတုန်းက အသက် ၁၈ နှစ်ပြည့်ခါစပဲ ရှိပါသေးတယ်။ ဟောင်ခိုင်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သစ္စာဖောက်ဖော်ထုတ်ခိုင်းဖို့အတွက်၊ ရဲအရာရှိ ၄ ယောက်က လျှပ်စစ်နံပါတ်တုတ်တွေနဲ့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အနှံ့အပြားကို အလှည့်ကျ လျှပ်စစ်နဲ့ တို့ခဲ့ကြတယ်။ သူ မချိမဆံ့ နာကျင်နေရတာကို လျစ်လျူရှုပြီး ၇ နာရီ၊ ၈ နာရီလောက် ဆက်တိုက် ရိုက်နှက်ပြီး လျှပ်စစ်နဲ့ တို့ခဲ့ကြတာပါ။ ဟောင်ခိုင်ဟာ သေချင်စိတ်ပေါက်တဲ့အထိ လျှပ်စစ်နဲ့ တို့ပြီး ညှဉ်းပန်းတာကို ခံခဲ့ရပေမဲ့၊ အရမ်း နာကျင်တဲ့ကြားကပဲ သူဟာ သူ့ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့၊ ဒါမှမဟုတ် “ကတိခံဝန်ချက်သုံးမျိုး” (အာမခံကြောင်း၊ နောင်တရကြောင်းနဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း) ကို လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက သူ့ဘောင်းဘီကို အတင်းချွတ်ချပြီး သူ့ရဲ့ လိင်အင်္ဂါကို လျှပ်စစ်နဲ့ တို့ဖို့ ပြင်ကြတယ်၊ ဟောင်ခိုင်က ရှောင်ဖို့ အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။ ဘုရားသခင်ကို ယုံကြည်လို့ သူဟာ လူ့ဘဝ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာ ဖြစ်တဲ့အတွက် သူက ဘယ်ဥပဒေကို ချိုးဖောက်ခဲ့လို့လဲ။ တရုတ်ကွန်မြူနစ်ပါတီ ရဲတွေက ဘာဖြစ်လို့ ဒီ ၁၈ နှစ်အရွယ် ခရစ်ယာန်တစ်ဦးကို ဒီလောက် ရက်ရက်စက်စက် နှိပ်စက်ရတာလဲ။ ဒီအစီအစဉ်မှာ ကျွန်တော်တို့ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ “၁၈ နှစ်အရွယ် ခရစ်ယာန်တစ်ဦး ရဲ ၄ ယောက်၏ နာရီပေါင်းများစွာ ရိုက်နှက်ခြင်း၊ လျှပ်စစ်နဲ့တို့ခြင်းကို ခံခဲ့ရ” ဆိုတာပဲ ဖြစ်ပါတယ်။
00:23 အသားပေးပြသချက်များ
03:11 အင်တာဗျူးဖြေဆိုသူ ခရစ်ယာန်ညီအစ်ကိုကို မိတ်ဆက်ခြင်း
03:49 ဘုရားသခင်ကို ယုံကြည်လို့ ဖမ်းဆီးခံရ
05:35 စစ်ကြောရေးအခန်းထဲက နှိပ်စက်ညှဉ်းပန်းမှု၊ ဟောင်ခိုင်ကို ရဲ ၄ ယောက်က ရက်ရက်စက်စက် လျှပ်စစ်နဲ့တို့
18:38 ရဲတွေက ဟောင်ခိုင်ကို “ကတိခံဝန်ချက်သုံးမျိုး” လက်မှတ်ထိုးဖို့ အသည်းအသန် အတင်းအကျပ်ခိုင်းစေ
23:45 ပြန်လွတ်လာပြီး အိမ်ရောက်ချိန်၊ ဟောင်ခိုင်တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ပြည့်၊ သူ့ရဲ့ စိတ်ဝိညာဉ် မချိတင်ကဲ ခံစားရ
29:28 ဟောင်ခိုင်အမေရဲ့ မချိတင်ကဲ မြည်တမ်းသံ
34:33 နိဂုံးချုပ်မှတ်ချက်များ