၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမြစ်ပြတ်ချေမှုန်းဖို့ စီစီပီက သုံးနှစ်တာ “အလုံးစုံတိုက်ပွဲ” ကို စတင်ခဲ့ပါတယ်။ ရှန်တုန်းပြည်နယ်ဟာ ခရစ်ယာန်တွေကို ဖမ်းဆီးတာနဲ့ နှိပ်စက်ညှဉ်းပန်းတာ တော်တော်ကို ဆိုးရွားတဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ “အလုံးစုံတိုက်ပွဲ” စတင်အကောင်အထည်ဖော်ပြီးနောက်မှာ ဒေသခံအာဏာပိုင်တွေက ညှိနှိုင်းဆောင်ရွက်ထားတဲ့ ဖမ်းဆီးမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြတယ်။ ဒီဇင်ဘာလ ၂၆ ရက်ဝန်းကျင်၊ ရှန်တုန်းပြည်နယ်၊ ကျီနန်မြို့မှာ ညှိနှိုင်းဆောင်ရွက်ထားတဲ့ ဖမ်းဆီးမှုစစ်ဆင်ရေးတစ်ခုမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် သူတို့ကို မြို့ထဲက မူးယစ်ဆေးဖြတ်တဲ့စခန်းတစ်ခုမှာ ထိန်းသိမ်းထားပြီး ရဲအရာရှိ ၇၀ ကျော်နဲ့ အထူးပြု ဦးနှောက်ဆေးတဲ့ ဝန်ထမ်းတွေက သူတို့အားလုံးကို ချုပ်နှောင်ထားတာ၊ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းတာနဲ့ ကြမ်းကြမ်းတမ်းတမ်း ဦးနှောက်ဆေးတာတွေကို လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်အောင် အတင်းအကျပ် ဖိအားပေးဖို့အတွက် အတင်းအကျပ် အတွေးအခေါ် ပြောင်းလဲတာကို ခံခဲ့ကြရတာပါ။ ခရစ်ယာန်တချို့ဟာ သူတို့ရဲ့ ယုံကြည်ခြင်းကို စွဲကိုင်ထားကြလို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အခုဆိုရင် ငါးနှစ်ကျော် ကြာခဲ့ပြီဖြစ်ပြီး ဒီခရစ်ယာန်ညီအစ်မတွေအားလုံး ထောင်ကနေ ပြန်လွတ်လာကြပါပြီ။ ဒီသတင်းပေးပို့ချက်မှာ မကြာသေးမီက ပြစ်ဒဏ်စေ့လို့ ထောင်ကနေ ပြန်လွတ်လာတဲ့ သူတို့ထဲက တစ်ဦးဖြစ်သူ ချန်ဟွေကို ကျွန်တော်တို့ အင်တာဗျူးခဲ့ပါတယ်။ သူ့ရဲ့ ပြောပြချက်ကနေတစ်ဆင့် လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တဲ့ အတင်းအကျပ် ယုံကြည်မှုပြောင်းခိုင်းတဲ့ နှိပ်စက်ညှဉ်းပန်းမှုအကြောင်းကို ကျွန်တော်တို့ သိခဲ့ရပါတယ်။
00:23 အသားပေးပြသချက်များ
02:24 အင်တာဗျူးဖြေဆိုသူ ခရစ်ယာန်ညီအစ်မကို မိတ်ဆက်ခြင်း
03:03 လွန်ခဲ့သော ငါးနှစ်က သူ အဖမ်းခံရခြင်း၊ စစ်ဆေးမေးမြန်းခံရခြင်းနှင့် ချုပ်နှောင်ခံရခြင်းတို့ကို ပြန်လည်သတိရခြင်း
08:04 ကြမ်းကြမ်းတမ်းတမ်း ဦးနှောက်ဆေးခြင်းနှင့် အတင်းအကျပ် ယုံကြည်မှုပြောင်းခိုင်းခြင်း
11:12 ရဲများက ခရစ်ယာန်များအား သူတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်ရန်နှင့် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးရန် ရက်စက်စွာ အတင်းအကျပ် ဖိအားပေးခြင်း
32:46 ခိုင်မာစွာ ရပ်တည်ရန် ခရစ်ယာန်ညီအစ်မများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှီခိုအားထားခြင်း
35:43 သူ့ယုံကြည်ခြင်းကို စွဲကိုင်ထားခြင်းကြောင့် စီစီပီက ထောင်ဒဏ် လေးနှစ်နှင့် ခြောက်လ ချမှတ်ခဲ့ခြင်း
38:56 ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ထောင်မှ လွတ်မြောက်လာပြီးနောက် စီစီပီ၏ စောင့်ကြည့်မှုအောက်တွင် ဆက်ရှိနေခြင်း
39:59 နိဂုံးချုပ်မှတ်ချက်များ