တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၆ : သက်ကြီးရွယ်အို ခရစ်ယာန်များ၏ သွေးနှင့် မျက်ရည်များ—မိမိ၏ ယုံကြည်ခြင်းကို စွဲကိုင်ထားသည့်အတွက် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးသွားသော အသက် ၇၉ နှစ်အရွယ်တစ်ဦး

18.02.2026

၂၀၂၄ ခုနှစ်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်တဲ့ စီစီပီရဲ့ “သုံးနှစ်ကြာ အကြိတ်အနယ်တိုက်ပွဲ” ပထမဦးဆုံးနှစ် ဖြစ်ပါတယ်။ နှစ်စကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရစ်ယာန်တွေကို ဖမ်းဆီးမှုတွေက မရပ်မနား ဆက်ဖြစ်နေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်မှာ အန်းဟွေးပြည်နယ်၊ ပိုကျိုးမြို့ အာဏာပိုင်တွေက ညှိနှိုင်းဆောင်ရွက်ထားတဲ့ ဖမ်းဆီးမှု စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပါတယ်။ ၇၉ နှစ်အရွယ် ချင်မေ့နဲ့ တခြားခရစ်ယာန် ၂၁ ယောက်ဟာ ဘုရားသခင်ကို ယုံကြည်မှုကြောင့် သူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီတစ်ခါ အကျဉ်းချခံရပြီးနောက်မှာ ထိန်းသိမ်းရေးစခန်က လူတွေက ချင်မေ့နဲ့ တခြားသူတွေကို “ကတိခံဝန်ချက်သုံးမျိုး” (အာမခံကြောင်း၊ နောင်တရကြောင်းနဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း) လက်မှတ်ထိုးခိုင်းဖို့နဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ခိုင်းဖို့ ထပ်ခါတလဲလဲ ကြိုးစားခဲ့ကြပါတယ်။ ချင်မေ့နဲ့ တခြားသူတွေက အရှုံးမပေးတဲ့အတွက် ကိုယ်ထိလက်ရောက် အပြစ်ပေးတာကို ခံခဲ့ရပြီး တစ်နေ့ကို ၁၃ နာရီကနေ ၁၄ နာရီအထိ သစ်သားပျဉ်ပြားမာမာပေါ်မှာ အတင်းအကျပ် ထိုင်ခိုင်းတာကို ခံခဲ့ရပါတယ်။ သူတို့ဟာ တင်ပျဉ်ခွေပြီး လက်တွေကို ဒူးပေါ်တင်ပြီး ခါးမတ်မတ်ထားပြီး မလှုပ်မယှက် နေရတာပါ။ ချင်မေ့ရဲ့ အံကပ်ကိုလည်း သိမ်းဆည်းလိုက်တဲ့အတွက် သူ စားသောက်ဖို့ ခက်ခဲသွားခဲ့ပါတယ်။ ရှည်ကြာတဲ့ ကိုယ်ထိလက်ရောက် အပြစ်ပေးမှုဟာ သက်ကြီးရွယ်အိုဖြစ်ပြီး အားနည်းတဲ့ အမျိုးသမီးကြီးအတွက် မခံနိုင်လောက်အောင်ပါပဲ။ ၂၁ ရက်ပဲ ကြာပြီးနောက်မှာတော့ ချင်မေ့ဟာ ထိန်းသိမ်းရေးစခန်းထဲမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးသွားခဲ့ပါတယ်။ စီစီပီလက်ချက်နဲ့ မာတုရဖြစ်ခဲ့တာပါ။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်တဲ့ ခရစ်ယာန်တွေလည်း စီစီပီရဲ့ နှိပ်စက်ညှဉ်းပန်းမှု ရလဒ်အနေနဲ့ ရောဂါဝေဒနာတွေကို ခံစားကျန်ရစ်ခဲ့ရပါတယ်။ ဒီအစီအစဉ်ကနေ စီစီပီက ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းတဲ့ အဖြစ်မှန်ကို ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။