တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၃၃ : ရောဂါပြင်းထန်နေသော ခရစ်ယာန်များ စီစီပီ၏ ဖမ်းဆီးခြင်းကို ခံရပြီး ညှဉ်းဆဲခံရ၍ စစ်ဆေးမေးမြန်းခံရပြီးသည့်နောက် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိခဲ့

26.11.2026

ဒီနေ့အစီအစဉ်မှာ တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ခရစ်ယာန်နှစ်ယောက်ဖြစ်တဲ့ ရှူဟိုင်ယန်နဲ့ ကျန်းထုန်းတို့ စီစီပီရဲတွေရဲ့ ဖမ်းဆီး၊ ညှဉ်းဆဲတာကို ခံခဲ့ရပြီး သေလုမြောပါး ဖြစ်ခဲ့ကြတဲ့အကြောင်းကို တင်ပြပေးသွားမှာပါ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကွမ်ရှီး ကွေ့ကန်မြို့က ခရစ်ယာန် ရှူဟိုင်ယန်နဲ့ သူ့လုပ်ဖော်ကိုင်ဖက် ကျိုးချီတို့ဟာ အသင်းတော်အလုပ်အကြောင်း ဆွေးနွေးနေတုန်း ရဲအဖမ်းခံခဲ့ရပါတယ်။ စစ်ဆေးမေးမြန်းခံရတုန်း ရှူဟိုင်ယန်က ရဲတွေကို သူ့မှာ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါ ရှိနေပြီး ခွဲစိတ်ဖို့ လိုအပ်နေတယ်လို့ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ရဲတွေက သူ့ကို ဆေးကုသခွင့် မပေးဘဲ ညှဉ်းဆဲခဲ့တဲ့အတွက် သူ့ရောဂါကို ပိုဆိုးသွားစေခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်ကျောက်ကပ် ကျုံ့သွားပြီး အဆုတ်အကျိတ်ကလည်း အဆုတ်ဂလင်းကင်ဆာ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှာ ကျန်းထုန်းဟာ သူ့အိမ်မှာ ရဲအဖမ်းခံခဲ့ရပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ရာဇဝတ်မှုဆိုင်ရာ ထိန်းသိမ်းရေးစခန်းကို မပြောင်းခင် ပုံမှန်ဆေးစစ်မှုလုပ်တဲ့အခါ ဆရာဝန်က သူ့ဗိုက်ထဲမှာ ရေတွေ အများကြီး စုနေပြီး လေတွေလည်း အရမ်းပွနေတာကို တွေ့လို့ ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု မခံယူရင် အသက်အန္တရာယ် ရှိမယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရဲတွေက သူ့ကို အုပ်ချုပ်ရေးဆိုင်ရာ အချုပ်စခန်းကို ပြန်ခေါ်သွားခဲ့ပါတယ်။ သုံးရက်အကြာမှာ ရဲတွေက ကျန်းထုန်းကို ရာဇဝတ်မှုဆိုင်ရာ ထိန်းသိမ်းရေးစခန်းမှာ ချုပ်ထားလိုက်ပြီး နေ့တိုင်း သောက်ရတဲ့ ဆေးတွေကိုလည်း ဖြတ်လိုက်လို့ သူ့ရောဂါက တဖြည်းဖြည်း ပိုဆိုးလာခဲ့ပါတယ်။ သူ့ဗိုက်ထဲမှာ ရေတွေ အပြင်းအထန် စုလာပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေကို ရောက်ခဲ့ပါတယ်။

00:23 အသားပေးပြသချက်များ

05:28 ရှူဟိုင်ယန် ရောဂါပြင်းထန်နေသော်လည်း ညှဉ်းဆဲခြင်း၊ ရက်စက်စွာ အကြမ်းဖက်ခြင်းကို ခံခဲ့ရ

18:43 ရဲများက ကျန်းထုန်း၏ ဆေးကို ဖြတ်ပြီး ရက်စက်စွာ အကြမ်းဖက်ကာ သူ၏ အသည်းရောဂါကို ပိုဆိုးစေခဲ့ပြီး နောက်ဆုံးအဆင့် အသည်းကင်ဆာ ဖြစ်နေသည့်တိုင် ထောင်သွင်းအကျဉ်းချခဲ့

31:09 နိဂုံးချုပ်မှတ်ချက်များနှင့် ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။