တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၉ : သွေးစွန်းသော အောက်တိုဘာ- ကျိလင်ပြည်နယ်တွင် ခရစ်ယာန် ၂၁၀ ဖမ်းဆီးခံရပြီး ကြီးကြပ်ရေးမှူးနှစ်ဦး သေဆုံး

15.03.2026

၂၀၂၄ ခုနှစ်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်တဲ့ စီစီပီရဲ့ “သုံးနှစ်ကြာ အကြိတ်အနယ်တိုက်ပွဲ” ပထမဦးဆုံးနှစ် ဖြစ်ပြီး အဲဒီကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရစ်ယာန် အနည်းဆုံး ၁၉၀၅၃ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကျိလင်ပြည်နယ်၊ ချန်ချွန်းမြို့မှာ ခရစ်ယာန်တွေကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းဖို့အတွက် ရဲအင်အား ၆၀၀ ကျော်ကို စုရုံးပြီး ကြီးမားတဲ့ ညှိနှိုင်းစစ်ဆင်ရေးကြီး ဆင်နွှဲခဲ့တာဟာ တစ်ရက်တည်းမှာတင် ခရစ်ယာန် အနည်းဆုံး ၂၁၀ ဖမ်းဆီးခံခဲ့ရပါတယ်။ အသင်းတော် ကြီးကြပ်ရေးမှူးနှစ်ဦးဖြစ်တဲ့ ချန်စစ်ယွီ (နာမည်လွှဲ) နဲ့ ချန်ရှောင်ကျွမ် (နာမည်လွှဲ) တို့ဟာ ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာမှာပဲ ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားခဲ့ရပြီး တခြားခရစ်ယာန် အနည်းဆုံး ၁၆ ယောက်လည်း လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရတဲ့အပြင် ကိုယ်ရောစိတ်ပါ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ဒီသတင်းပေးပို့ချက်က စီစီပီရဲ့ ခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းတဲ့ အမှန်တရားကို ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

00:22 အသားပေးပြသချက်များ

03:10 အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ကြီးကြပ်ရေးမှူး ချန်စစ်ယွီ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံး

15:18 အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ကြီးကြပ်ရေးမှူး ချန်ရှောင်ကျွမ် ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံး

27:32 အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ခရစ်ယာန် ချန်လု ဖမ်းဆီးခံရပြီး နည်းပညာမြင့် နှိပ်စက်ညှဉ်းပန်းမှုဖြင့် စစ်ဆေးမေးမြန်းခြင်းခံရ

35:12 နိဂုံးချုပ်မှတ်ချက်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ | စီစီပီ၏ ခရစ်ယာန်များအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ အချက်အလက် မှတ်တမ်း (အပိုင်း ၂)

အာဏာရလာချိန်ကတည်းက စီစီပီဟာ နိုင်ငံရေးလှုပ်ရှားမှုပေါင်းမရေမတွက်နိုင်အောင် စတင်ခဲ့ပြီး၊ ဘာသာရေးယုံကြည်မှုကို အသရေဖျက်ဖို့၊ ပုံဖျက်ဖို့နဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။