၂၀၂၅ ခုနှစ်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်တဲ့ စီစီပီရဲ့ “သုံးနှစ်ကြာ အကြိတ်အနယ်တိုက်ပွဲ” ဒုတိယမြောက်နှစ် ဖြစ်ပါတယ်။ ဟဲနန်ပြည်နယ်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စီစီပီရဲ့ နှိပ်စက်ညှဉ်းပန်းမှု အဆိုးရွားဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ အသင်းတော်ကို လုံးဝ ပပျောက်သွားစေဖို့အတွက် ပြည်နယ်အာဏာပိုင်တွေက ခရစ်ယာန်တွေကို ဖမ်းဆီးရအောင် “သုညအဆင့်ထိ သုတ်သင်ရှင်းလင်းရေး” စစ်ဆင်ရေးတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့တာပါ။ မပြည့်စုံသေးတဲ့ စာရင်းဇယားတွေအရ ၂၀၂၅ ခုနှစ်အတွင်း ဟဲနန်ပြည်နယ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန် အနည်းဆုံး ၁၉၂၈ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဇူလိုင်လ တစ်လတည်းမှာတင် အနည်းဆုံး ၃၁၉ ယောက် ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရပြီးနောက်မှာ သူတို့အများစုဟာ အတင်းအကျပ် ဦးနှောက်ဆေးဖို့အတွက် ဒေသခံ “စောင့်ရှောက်ရေးစင်တာ” မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ မကြာသေးမီက ပြန်လွတ်လာတဲ့ ခရစ်ယာန်တွေထဲက တစ်ယောက်ဖြစ်တဲ့ လီလိ (နာမည်လွှဲ) ကို ကျွန်တော်တို့ အင်တာဗျူးခဲ့ပါတယ်။ သူက ပြင်းထန်တဲ့ နှလုံးရောဂါ ခံစားနေရသူပါ။ ရဲတွေက သူ့အိမ်ထဲ အတင်းဝင်ရောက်ပြီး သူ့ကို အဝတ်အစားချွတ် ရှာဖွေစစ်ဆေးတဲ့အပြင် အိမ်ကို အသည်းအသန် မွှေနှောက်ရှာဖွေခဲ့ကြပါတယ်။ ဒါကြောင့် လီလိဟာ နေရာမှာတင် နှလုံးရောဂါဖောက်လာပြီး အထူးကြပ်မတ်ကုသဆောင်ကို အရေးပေါ် ပို့ဆောင်ခဲ့ရပေမဲ့ ရဲတွေက လူနာဆောင်ထဲအထိ လိုက်ပြီး အသင်းတော်အကြောင်း သတင်းပေးဖို့ ဖိအားပေး စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဆေးရုံက မဆင်းခင်မှာပဲ သူ့ကို အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းပြီး ဦးနှောက်ဆေးခဲ့တာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အများကြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။ ဘာသာတရားမရှိတဲ့ သူ့သားဖြစ်သူတောင် သူ့အမှုမှာ အမှုပတ်ပြီး ရဲတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ ဒီအစီအစဉ်မှာတော့ ဘုရားသခင်ကို ကိုယ့်ယုံကြည်ခြင်းကြောင့် စီစီပီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရတဲ့ လီလိရဲ့ စစ်မှန်တဲ့ အတွေ့အကြုံကို တင်ပြသွားမှာပါ။
00:22 အသားပေးပြသချက်များ
03:15 သူမ၏ ယုံကြည်ခြင်းကြောင့် ဖမ်းဆီးခံရပြီးနောက် လီလိကို ရဲများက အဝတ်အစားချွတ် ရှာဖွေစစ်ဆေးခဲ့ပြီး နေအိမ်ကို မွှေနှောက်ရှာဖွေခဲ့သောကြောင့် နှလုံးဖောက်ကာ အထူးကြပ်မတ်ကုသဆောင်ကို အရေးပေါ် ပို့ဆောင်ခဲ့ရပါသည်
07:59 အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေစဉ်အတွင်း လီလိကို ရဲများက မရပ်မနား နှောင့်ယှက်ပြီး သူမ၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့ပါသည်
10:10 ရဲအရာရှိ ၂၀ ကျော် ဆေးရုံထဲ ဝင်ရောက်စီးနင်းပြီး “ရဲအရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု” စွဲချက်ဖြင့် လီလိ၏ သားဖြစ်သူကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပါသည်
11:24 အသင်းတော်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖော်ထုတ်ပြောပြအောင် အတင်းအကျပ်ခိုင်းစေဖို့ လီလိ၏ သားသမီးများ အနာဂတ်ပျက်စီးအောင် လုပ်မည်ဟု ရဲများက ခြိမ်းခြောက်ခဲ့ပါသည်
16:13 ရောဂါအသည်းအသန် ဖြစ်နေချိန်တွင် လီလိကို ရဲများက အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဓမ္မ ဦးနှောက်ဆေးခဲ့သောကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြီးမားစွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါသည်
31:04 ရောဂါအသည်းအသန် ဖြစ်နေသောကြောင့် ယာယီပြန်လွှတ်ပေးလိုက်သော်လည်း လီလိ အိမ်ပြန်ရောက်သည့်အခါ ရဲများ၏ အဆက်မပြတ် နှောင့်ယှက်စစ်ဆေးခြင်းကို ရင်ဆိုင်ခဲ့ရပြီး မိသားစုတစ်ခုလုံး အေးချမ်းမှုမရှိ ဖြစ်ခဲ့ရပါသည်
34:34 နိဂုံးချုပ်မှတ်ချက်များ- သတင်းဆက်လက်တင်ပြပါမည်