တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၁၁ : ယုံကြည်ခြင်းကို စွဲကိုင်ထားတဲ့အတွက် ငါးနှစ်ကြာ အကျဉ်းချခံရသည့် ခရစ်ယာန်အမျိုးသမီးတစ်ဦး

29.03.2026

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လုံးဝ အမြစ်ပြတ်ချေမှုန်းဖို့အတွက် စီစီပီအာဏာပိုင်တွေက သုံးနှစ်ကြာမယ့် “အလုံးစုံတိုက်ပွဲ” ကို စတင်ခဲ့တယ်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းတာ အဆိုးဆုံးဖြစ်တဲ့ ဒေသတွေထဲက တစ်ခုဖြစ်တဲ့ ရှန်တုန်းပြည်နယ်မှာ စီစီပီရဲတွေက စုပေါင်းညှိနှိုင်းပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကတစ်ဆင့် တစ်ရက်တည်းနဲ့တင် ကျစ်ပေါ်မြို့က အနည်းဆုံး ခရစ်ယာန် အယောက် ၁၂၀ ကို ထိန်းသိမ်းခဲ့တယ်။ သူတို့တွေဟာ နှိပ်စက်ပြီး စစ်ဆေးမေးမြန်းတာ၊ အတင်းအကျပ် အယူဝါဒပြောင်းခိုင်းတာ၊ သူတို့ရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့အတွက် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးဖို့ ဖိအားပေးတာတွေကို ခံရပြီး ရက်ရက်စက်စက် နှိပ်စက်ခံရတာ ဒါမှမဟုတ် ထောင်ဒဏ်ချမှတ်ခံရတာမျိုးတောင် ခံကြရပါတယ်။ လတ်တလော ပြစ်ဒဏ်စေ့လို့ လွတ်လာတဲ့ ခရစ်ယာန်တစ်ဦးဖြစ်တဲ့ လျူချင်းကို ကျွန်တော်တို့ မကြာသေးခင်ကမှ အင်တာဗျူးခဲ့ပါတယ်။ သူက ကိုယ့်ယုံကြည်ချက်ကို ကိုင်စွဲထားတဲ့အတွက် စီစီပီက ထောင်ဒဏ် ငါးနှစ် ချမှတ်တာ ခံလိုက်ရတာပါ။ သူ အဖမ်းခံရချိန်တုန်းက အသက် ၂၄ နှစ်ပဲ ရှိပါသေးတယ်၊ ပြီးတော့ ရက်စက်တဲ့ ညှဉ်းပန်းမှုနဲ့ လူမဆန်တဲ့ မတရားနှိပ်စက်မှုတို့ကို ခံခဲ့ရပါတယ်။ ဒီအစီအစဉ်မှာ သူ ပြန်သတိရတာတွေနဲ့ ပြောပြတာတွေကတစ်ဆင့် သူ့ ယုံကြည်ခြင်းကို ကိုင်စွဲထားတဲ့အတွက် သူခါးစည်းခံခဲ့ရတဲ့ ဝမ်းနည်းကြေကွဲစရာ ဒုက္ခသုက္ခအကြောင်းကို ကျွန်တော်တို့ သိရပါလိမ့်မယ်။

00:20 အသားပေးပြသချက်များ

02:55 ဘုရားသခင်ကို ယုံကြည်မှုကြောင့် အဖမ်းခံရသည့် လျူချင်း

05:20 ရဲများ၏ ရိုက်နှက်စစ်ဆေးခြင်းကို ခံရပြီး ထိန်းသိမ်းရေးစခန်းတွင် အတင်းအကျပ် ဦးနှောက်ဆေးခံရသည့် လျူချင်း

07:13 လျူချင်းနှင့် ခရစ်ယာန် အယောက် ၁၂၀ကျော်သည် ဟိုတယ်တစ်ခုတွင် ထိန်းသိမ်းခံရပြီး တစ်လကျော်ကြာ ဦးနှောက်ဆေးခြင်းခံရ

12:03 ယုံကြည်ခြင်းကြောင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရပြီး ကာလရှည်ကြာ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဦးနှောက်ဆေးခြင်းတို့ကို ခံစားခဲ့ရသည့် လျူချင်း

18:31 ပထမအကြိမ် နှိပ်စက်မှု- စစ်တပ်သုံး ဆောင့်ကြောင့်ထိုင်ပုံစံ အတင်းလုပ်ခိုင်းခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် အစာရေစာ ဖြတ်ခံရခြင်း

23:57 ဒုတိယအကြိမ် နှိပ်စက်မှု- အုပ်စုလိုက် ဝိုင်းရိုက်ခံရခြင်း၊ ရေအေးဖြင့် အပက်ခံရခြင်း၊ မိသားစုကို ကျိန်ဆဲသည့်စာများ အတင်းရေးခိုင်းခံရခြင်းနှင့် ခွေးခြေခုံပေါ် ထိုင်ရသည့် အပြစ်ပေးခံရခြင်း

34:35 တတိယအကြိမ် နှိပ်စက်မှု- ပြင်းထန်သည့် နေပူထဲတွင် စစ်တပ်သုံး မတ်တပ်ရပ်ပုံစံနှင့် လက်လွှဲသည့် လေ့ကျင့်ခန်းများ အတင်းလုပ်ခိုင်းခံရခြင်း

36:52 ဦးနှောက်ဆေးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ကျရှုံးသွားခြင်း၊ လျူချင်းသည် ပြင်းထန်သည့် အလုပ်ကြမ်းများ အတင်းလုပ်ခိုင်းခံရပြီး နာတာရှည် ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်ခဲ့ခြင်း

39:03 နိဂုံးချုပ်မှတ်ချက်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။