၂၀၂၀ ခုနှစ်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက တရုတ်ပြည်မကြီးတစ်ဝန်းကို အလျင်အမြန် ကူးစက်ပျံ့နှံ့နေချိန်မှာ ပြည်သူတွေဟာ ထိတ်လန့်စိုးရိမ်မှုတွေကြားမှာ ရုန်းကန်နေရချိန်မှာတောင် သူတို့ သေမလား ရှင်မလားဆိုတာကို စီစီပီက လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် နှိပ်ကွပ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ပိုတိုးမြှင့်လိုက်ပြီး (၂၀၂၀ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ) သုံးနှစ်ကြာတဲ့ “အလုံးစုံတိုက်ပွဲ” စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန် အတော်များများ ဖမ်းဆီးခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပါတယ်။ တချို့ဆိုရင် သေတဲ့အထိတောင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ မပြည့်စုံတဲ့ စာရင်းအင်းတွေအရဆိုရင် ၂၀၂၁ ခုနှစ်မှာ အနည်းဆုံး ခရစ်ယာန် ကိုးယောက် သေတဲ့အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။ အဲဒီအထဲမှာ စီချွမ်ပြည်နယ်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ တုမင်ဝေ (နာမည်လွှဲ) လည်း တစ်ယောက်အပါအဝင်ပါပဲ။ တုမင်ဝေဟာ အမြဲတမ်း ကျန်းမာရေးကောင်းတယ်၊ ရွှင်ရွှင်လန်းလန်းနဲ့ အကောင်းမြင်တတ်သူပါ၊ ဒါကို ရဲတွေရဲ့လက်ချက်နဲ့ သူဟာ အဖမ်းခံရပြီး ကိုးရက်အကြာမှာတင် နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါကို ရဲတွေကတော့ “သူက ဖုန်းအားသွင်းကြိုးကိုသုံးပြီး သူ့ကိုယ်သူ ကြိုးဆွဲချသွားတာ” လို့ ပြောခဲ့ကြတယ်။ ဒါ ယုံနိုင်စရာ ရှိပါ့မလား။ ဘယ်သူမှ မယုံကြပါဘူး။ သူ့ဘဝရဲ့ နောက်ဆုံး ကိုးရက်တာကာလအတွင်းမှာ တုမင်ဝေ ဘာတွေများ အတိအကျ ကြုံတွေ့ခဲ့ရတာလဲ။ မကြာသေးခင်က ကျွန်မတို့ သတင်းထောက်က တုမင်ဝေနဲ့အတူ ဖမ်းဆီးခံရတဲ့ ခရစ်ယာန် ညီအစ်ကိုတစ်ယောက်ရယ်၊ တုမင်ဝေရဲ့ မိသားစုရယ်ကို အင်တာဗျူးခဲ့ပါတယ်။ သူတို့ရဲ့ ပြောပြချက်တွေကနေတစ်ဆင့် စီစီပီ ဖုံးကွယ်ထားတဲ့ အမှန်တရားကို ကျွန်မတို့ ဖော်ထုတ်သွားမှာပါ။