တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၁၃ : အသက် ၈၀ နီးပါးအရွယ် ခရစ်ယာန်အမျိုးသမီးတစ်ဦး ရဲများ၏ ရက်ရက်စက်စက် နှိပ်စက်မှုကို ခံခဲ့ရ

20.04.2026

၂၀၂၃ ခုနှစ်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ပစ်မှတ်ထားတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ “သုံးနှစ်ကြာ အလုံးစုံတိုက်ပွဲ” နောက်ဆုံးနှစ် ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အမြစ်ပြတ်ချေမှုန်းပြီး ပိတ်ပင်ဖို့၊ တရုတ်နိုင်ငံကို ဘုရားမဲ့ဇုန်အဖြစ် ပြောင်းလဲဖို့နဲ့၊ သူတို့ ထာဝရအာဏာတည်မြဲရေးဆိုတဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အားထုတ်ရာမှာ ခရစ်ယာန်တွေကို ပိုပြီး အရူးအမူး နှိပ်ကွပ်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးမှုတွေက ဆက်တိုက်ဆိုသလို ပိုပြင်းထန်လာပြီး၊ လတိုင်း ရက်တိုင်းလိုလို ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ အသက် ၇၀၊ ၈၀ အရွယ် သက်ကြီးရွယ်အို ခရစ်ယာန်တွေကိုတောင် ချမ်းသာမပေးခဲ့ပါဘူး။ ဩဂုတ်လ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ နှစ်ရက်အတွင်းမှာတင်၊ ဟဲနန်ပြည်နယ်၊ နန်ယန်မြို့က ခရိုင်လေးခုမှာ အနည်းဆုံး ခရစ်ယာန် ၁၇၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၈၀ ကျော် အဘွားအိုတစ်ဦးနဲ့ ၇၀ ကျော်အရွယ် ၁၀ ဦး ပါဝင်ပါတယ်။ မကြာသေးခင်ကပဲ သူတို့ထဲက ခရစ်ယာန်တစ်ဦးဖြစ်တဲ့ ရှုလန်း ကို ကျွန်မတို့ အင်တာဗျူးခဲ့ပါတယ်။ သူ အဖမ်းခံရချိန်မှာ အသက် ၇၈ နှစ်ရှိနေပါပြီ။ ရှုလန်း အသင်းတော်ရဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြောလာအောင် ဖိအားပေးရာမှာ စီစီပီ ရဲတွေက သူ့ကို သုံးရက်တိတိ နှိပ်စက်ခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းနဲ့ မျက်နှာကို ရက်ရက်စက်စက် ရိုက်နှက်တာ၊ မုန်ညင်းရေအစပ်တွေ အတင်းတိုက်တာ၊ လျှပ်စစ်တုတ်နဲ့ ရှော့တိုက်တာတွေ လုပ်ခဲ့တဲ့အပြင်၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ရှုလန်းကို ညစ်ညမ်းဗီဒီယိုတွေ အတင်းကြည့်ခိုင်းပြီး ရိုင်းစိုင်းတဲ့ စကားတွေနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေတောင် လုပ်ခဲ့ပါသေးတယ်။ ရဲတွေရဲ့ ရက်ရက်စက်စက် နှိပ်စက်မှုက ရှုလန်းရဲ့ စိတ်ရောကိုယ်ပါ ဖျက်မရတဲ့ ဒဏ်ရာတွေကို ချန်ရစ်ခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ရှုလန်းရဲ့ စိတ်ဒဏ်ရာရခဲ့တဲ့ နှိပ်ကွပ်ခံရမှု အတွေ့အကြုံကို ကျွန်မတို့ အသေးစိတ် တင်ဆက်ပေးသွားမှာပါ။

00:21 အသားပေးပြသချက်များ

02:55 အသက် ၈၀ နီးပါးရှိပြီဖြစ်သည့် ရှုလန်းသည် စုဝေးပွဲအပြီး ဖမ်းဆီးခံရပြီး ပါးရိုက်ခံရသည်

05:06 ရှုလန်းသည် ၅ နာရီ၊ ၆ နာရီလောက်ကြာအောင် စစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက်ခြင်း၊ ရှော့တိုက်ခြင်းနှင့် မုန်ညင်းစပ်ရည် အတင်းတိုက်ခြင်းတို့ကို ခံခဲ့ရသည်

16:49 ရဲများသည် ရှုလန်းကို ဆက်တိုက် နှိပ်စက်ခဲ့ပြီး ညစ်ညမ်းဗီဒီယိုများ အတင်းကြည့်ခိုင်းကာ ရွံစရာကောင်းသည့် စကားများဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်

26:13 ရှုလန်း၏ မိသားစုသည် “ဘုရားသခင်ကို ယုံကြည်သူတွေကို ရိုက်သတ်လိုက်ရင်တောင် ဘာမှအရေးယူမခံရဘူး၊ ဒါကြောင့် တစ်ခုခုဖြစ်ရင် ရဲကို လာမရှာနဲ့” ဟု ခြိမ်းခြောက်ခံရသည်

29:12 ရဲများ၏ လူမဆန်သော နှိပ်စက်မှုကြောင့် ရှုလန်းထံတွင် နာတာရှည် ရောဂါဝေဒနာ များစွာ ဖြစ်ကျန်ရစ်ခဲ့သည်

31:09 ပြန်လွတ်လာပြီးသည့်နောက်တွင်ပင် ရဲများက ရှုလန်းကို အလွတ်မပေးဘဲ သူမ၏ အိမ်တွင် အနှောင့်အယှက်ပေးခဲ့သည်

32:09 တစ်ချိန်တည်းမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် တခြား သက်ကြီးရွယ်အို ခရစ်ယာန်များ တစ်ဦးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး နောက်တစ်ဦးမှာမူ နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။