၂၀၁၈ ခုနှစ်မှာ စီစီပီဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပစ်မှတ်ထားပြီး “ရက် ၁၀၀ တိုက်ပွဲ” နဲ့ “မိုးကြိုးစစ်ဆင်ရေး” လိုမျိုး အထူးဖိနှိပ်မှု စစ်ဆင်ရေးတွေကို ဆက်တိုက် စတင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တွေဟာ ဖမ်းဆီးခံရတာ၊ အိမ်တွေ ဝင်မွှေခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ဦးနှောက်ဆေးခံရတာတွေကို ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။ မပြည့်စုံတဲ့ စာရင်းအင်းတွေအရ ၂၀၁၈ ခုနှစ် တစ်နှစ်တည်းမှာတင် လူပေါင်း ၁၁၁၁၁ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ၆၈၅ ယောက်ထက်မနည်းဟာ ပုံစံအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတယ်၊ ဒါမှမဟုတ် အတင်းအကျပ် ဦးနှောက်ဆေးခံခဲ့ရပါတယ်။ ၃၉၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ခရစ်ယာန် ၂၀ ထက်မနည်း နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ကျဲ့ကျန်းပြည်နယ်၊ နင်ပိုမြို့က လျူကျိ (နာမည်လွှဲ) ဟာ ဒီလို ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရတဲ့ ခရစ်ယာန် အများကြီးထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ လျူကျိဟာ ရဲတွေရဲ့ ရုတ်တရက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ စစ်ဆေးမေးမြန်းခံရချိန်မှာ လျူကျိဟာ “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးဖို့ အခိုင်အမာ ငြင်းဆန်ခဲ့တဲ့အတွက် စီစီပီရဲတွေရဲ့ ဆက်တိုက် ညှဉ်းပန်းနှိပ်စက်တာနဲ့ အကြမ်းဖက် ဦးနှောက်ဆေးတာကို ခံခဲ့ရပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ရဲတွေက တခြားအကျဉ်းသားတွေကိုတောင် သူ့ရဲ့ လိင်အင်္ဂါထဲကို ဝါးချွန်နဲ့ ခပ်နက်နက် ထိုးထည့်ဖို့၊ လျူကျိရဲ့ ခြေထောက်နှစ်ဖက်ကို အလှည့်ကျ ထပ်ခါထပ်ခါ မြှောက်ပြီး သူ့ရဲ့ အကြောတွေကို အတင်းအကျပ် ဆွဲဆန့်ရင်း နှိပ်စက်ဖို့ ရက်ရက်စက်စက် လှုံ့ဆော်ခဲ့ပါတယ်။ အဲဒါကြောင့် နောက်ဆုံးမှာ သူဟာ လုံးဝနီးပါး ဒုက္ခိတဖြစ်သွားပြီး ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်တော့ပါဘူး။ ဒီအပိုင်းမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ဒုက္ခိတဖြစ်သွားရတဲ့ လျူကျိရဲ့ တကယ့် အတွေ့အကြုံတွေကို တင်ဆက်ပေးသွားမှာပါ။
00:24 အသားပေးပြသချက်များ
04:28 လျူကျိ ရုတ်တရက် ဖမ်းဆီးခံရပြီး ထိန်းသိမ်းရေးစခန်းတွင် ၂၂ ရက်ကြာ အကြမ်းဖက် ဦးနှောက်ဆေးခံရခြင်း
07:10 လျူကျိ ဟိုတယ်တစ်ခုဆီ ပြောင်းရွှေ့ခံရပြီး ရဲများစွာက အလှည့်ကျ ညှဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းခြင်း
11:43 လျူကျိ ယုံကြည်ခြင်းကို စွန့်လွှတ်လာအောင် ရဲများက “သိုးတစ်ကောင်လုံး ကင်ခြင်း” နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်ခြင်း
18:43 လျူကျိသည် ထောင်ဒဏ် ၆ နှစ်ဆိုသည့် ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ခံရပြီး အစောင့်များက ပြစ်ဒဏ်လျှော့ပေါ့ပေးမည်ဟုဆိုကာ အကျဉ်းသားများအား သူ့ကို ညှဉ်းပန်းနှိပ်စက်ဖို့ နည်းလမ်းရှာအောင် လှုံ့ဆော်ခြင်း
26:46 လျူကျိသည် ခြေထောက်အကြော အတင်းအကျပ် ဆွဲဆန့်ခံရခြင်းနှင့် အရှက်ရစေသည့် ညှဉ်းပန်းနှိပ်စက်မှုများကို ထပ်ခါတလဲလဲ ခံရပြီး သတိလစ်မေ့မြောသွားခြင်း
37:07 လျူကျိ နောက်ဆုံးတွင် ပြန်လွတ်လာသော်လည်း စီစီပီ၏ အချိန်ကြာမြင့်စွာ ရက်စက်ကြမ်းကြုတ်မှုကြောင့် သူ၏ ညာဘက်မျက်လုံးနှင့် ခြေထောက်နှစ်ဖက်လုံး မသန်မစွမ်း ဖြစ်သွားရခြင်း