စီစီပီဟာ ဘာသာရေး ယုံကြည်မှုကို အမြဲ နှိပ်စက်ညှဉ်းပန်းလေ့ရှိပြီး တစ်နိုင်ငံလုံးက ကျောင်းဝင်းတွေထဲက ဘုရားကိုယုံကြည်တဲ့ ကျောင်းသားတွေကိုတောင် ချမ်းသာမပေးပါဘူး။ ကျောင်းဝင်းတွေထဲမှာလည်း ဘာသာရေးဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကို အချိန်အကြာကြီး လုပ်ဆောင်နေပြီး ဘာသာရေးအားလုံးကို ဖယ်ရှားဖို့ ကြိုးစားနေတယ်။ ကျောင်းသားတွေကို ဘုရားသခင် ယုံကြည်ဖို့ လုံးဝ တားမြစ်ထားပြီး၊ ကျောင်းဝင်းထဲမှာ ဧဝံဂေလိတရား ဟောဖို့ဆိုတာ ဝေလာဝေးပါပဲ။ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေမှာ စီစီပီက အခုလို ဝါဒဖြန့်ပါတယ်။ “သိပ္ပံပညာကို ယုံကြည်ခြင်းဟာ ကိုယ့်ဆီကနေ စတင်တယ်”၊ “သိပ္ပံပညာကို အားပေးထောက်ခံပါ၊ ဘာသာရေး ယုံကြည်မှုကို ကျောင်းဝင်းတွေထဲကနေ ဖယ်ထုတ်ပါ”၊ “ကိုယ့်ရဲ့ ဦးနှောက်ကို သိပ္ပံပညာနဲ့ လက်နက်တပ်ဆင်ပါ”၊ “သိပ္ပံပညာကို အားပေးတဲ့ ဝန်းကျင်တစ်ခု ဖန်တီးဖို့ ကျောင်းဝင်းတွေထဲမှာ မိစ္ဆာဂိုဏ်း ဆန့်ကျင်ရေး ပညာပေးမှုတွေ လုပ်ဆောင်ပါ”၊ “ပါတီရဲ့ သမိုင်းကို လေ့လာပါ၊ ယုံကြည်ချက်ကို ခိုင်မာစေပါ၊ မိစ္ဆာဂိုဏ်းတွေကို ဆန့်ကျင်ပြီး ပါတီနောက်ကို လိုက်ပါ”၊ “ကျောင်းဝင်းထဲမှာ မိစ္ဆာဂိုဏ်းတွေကို ဆန့်ကျင်ပြီး စိမ့်ဝင်ထိုးဖောက်မှုကို တားဆီးပါ”၊ ပြီးတော့ “မိစ္ဆာဂိုဏ်းတွေကို ဆန့်ကျင်တာဟာ ကလေးတွေဆီကနေ စတင်တယ်” ဆိုပြီးတော့ပေါ့။ အထူးသဖြင့် ကောလိပ်တွေနဲ့ တက္ကသိုလ်တွေမှာဆိုရင်၊ စီစီပီက ဘာသာရေးဆန့်ကျင်ရေး စာရွက်စာတမ်းတွေကို ခဏခဏ ဝေငှပြီး အထူးဟောပြောပွဲတွေ လုပ်လေ့ရှိတယ်။ ကျောင်းသားတွေကို ဘာသာရေးယုံကြည်မှု မရှိဘူး ဆိုတဲ့ ကတိခံဝန်ချက် လက်မှတ်ထိုးခိုင်းပြီး၊ ကျောင်းသားတွေကို ဘုရားသခင်ကို ငြင်းပယ်ဖို့နဲ့ ပြစ်မှားစော်ကားဖို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အတင်းအကျပ် ဖိအားပေးတယ်။ ကျောင်းသားအားလုံးကို ကင်မရာရှေ့မှာ လူသိရှင်ကြား ဘုရားသခင်ကို ငြင်းပယ်ပြီး ပြစ်မှားစော်ကားတဲ့ အကြောင်းအရာတွေကို သူတို့က ဖတ်ခိုင်းပါတယ်။ ဒါဟာ သူတို့ ဘုရားသခင်ကို ယုံကြည်သလား၊ မယုံကြည်ဘူးလားဆိုတာကို သိရဖို့ပါပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို ရှာဖွေဖော်ထုတ်ဖို့ သူတို့က ဒီလို စက်ဆုပ်စရာကောင်းပြီး ကောက်ကျစ်ဆိုးယုတ်တဲ့ နည်းလမ်းတွေကို သုံးကြတာပါ။ ဘုရားသခင်ကို ဆက်ပြီး ယုံကြည်နေတဲ့သူတွေဆိုရင် ကျောင်းထွက်ဖို့ ဖိအားပေးခံရတယ်၊ ဒါမှမဟုတ် ကျောင်းထုတ်ခံရတယ်။ တချို့ဆိုရင် ပြည်သူ့လုံခြုံရေး အာဏာပိုင်တွေဆီတောင် လွှဲပြောင်းပေးခံရတယ်။ ဒီနေ့ အစီအစဉ်မှာတော့ ဘုရားသခင်ကို ယုံကြည်တဲ့အတွက် စီစီပီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားခဲ့ရတဲ့ ကောလိပ်ကျောင်းသားတွေရဲ့ အဖြစ်မှန်ကို ကျွန်မတို့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
00:27 အသားပေးပြသချက်များ
04:07 တက္ကသိုလ်ကျောင်းသူ ချန်ယန်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားဖို့ ငြင်းဆန်ခဲ့သောကြောင့် အတင်းအကျပ် ဦးနှောက်ဆေးခံရ၊ စောင့်ကြည့် နှောင့်ယှက်ခံရပြီးနောက် ကျောင်းမှ ခွင့်ယူဖို့ ဖိအားပေးခံရခြင်း
09:57 ကောလိပ်ကျောင်းသူ ကျန်းလင်းသည် ကျောင်း၏ စစ်ဆေးခြင်းကို ခံရပြီး အခြားကျောင်းသားများနှင့်အတူ ဘာသာတရားမရှိကြောင်း ကတိခံဝန်ချက်ကို လက်မှတ်ရေးထိုးရန် တောင်းဆိုခံရသည်
14:04 တက္ကသိုလ်ကျောင်းသူ လီရှောင်သည် စီစီပီ၏ တောင်းဆိုချက်များအတိုင်း မေးခွန်းများကို မဖြေခဲ့သောကြောင့် သို့မဟုတ် ဘုရားသခင်ကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့သောကြောင့် အတင်းအကျပ် ဖမ်းဆီးခံရ၊ ဦးနှောက်ဆေးခံရပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံရခြင်း
25:22 တက္ကသိုလ်ကျောင်းသူ စုဝမ်ချင်းသည် ဘုရားသခင်ကို ယုံကြည်မှုကြောင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ကျောင်းထွက်ဖို့ အတင်းအကျပ် ဖိအားပေးခံရခြင်း
27:32 အချို့သော တက္ကသိုလ်ကျောင်းသားများနှင့် ပါရဂူကျောင်းသားများသည် ပြည်နယ်ဖြတ်ကျော် ဖမ်းဆီးမှုများ ခံရပြီး အချို့မှာ ကာလရှည် ချုပ်နှောင်ခံရကာ တစ်နေ့ကို သုံးကြိမ်အထိ စစ်ဆေးမေးမြန်းခံရခြင်း
30:21 မဟာတန်းကျောင်းသူ လင်ရှို့ဝန်သည် လွန်ခဲ့သည့်နှစ်များက သူ၏ ယုံကြည်မှုကြောင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ကျောင်းထုတ်ခံရကာ သူမ၏ အလုပ်အကိုင် အနာဂတ်များ ဖျက်ဆီးခံလိုက်ရခြင်း
33:44 နိဂုံးချုပ်မှတ်ချက်များ