တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၁၆ : စီစီပီက ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်ပုံ- ခရစ်ယာန်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး ထောင်ဒဏ်ချမှတ်ခံရ

22.05.2026

ဘုရားမဲ့ဝါဒီ တော်လှန်ရေး ကွန်မြူနစ်ပါတီ အုပ်ချုပ်နေတဲ့ တရုတ်နိုင်ငံမှာဆိုရင်၊ ဘုရားသခင်ကို ယုံကြည်တာဟာ ကွန်မြူနစ်ပါတီကို ဆန့်ကျင်တာနဲ့ အတူတူပါပဲ။ ယုံကြည်သူတွေကို နိုင်ငံရေးရာဇဝတ်သားတွေအနေနဲ့ သတ်မှတ်ပြီး ဖမ်းဆီးအပြစ်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေ ဖမ်းဆီးခံရရင် “သေအောင်ရိုက်သတ်ရင်တောင် အပြစ်ဒဏ်မခံရဘူး” လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တော်တော်များများဟာ ဖမ်းဆီးခံရပြီး လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားနေရပါတယ်။ တချို့က ဖမ်းဆီးခံရပြီးနောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကို ခံရပြီး ဒဏ်ရာဗရပွဖြစ်တဲ့အထိ ရိုက်နှက်ခံကြရတယ်၊ တချို့ကျတော့လည်း မသန်မစွမ်းဖြစ်တဲ့အထိ ရိုက်နှက်ခံရပြီး ပုံမှန်ဘဝမှာ မနေနိုင်ကြတော့ဘူး၊ တချို့က ထောင်ဒဏ်ချမှတ်ခံရတယ်၊ တချို့ကျတော့ ရေရှည်စောင့်ကြည့်ခံရပြီး သူတို့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးကြရတယ်၊ တော်တော်များများကတော့ စီစီပီရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်ဖို့ ပုန်းရှောင်နေကြရပြီး အိမ်မပြန်နိုင်ကြဘူး၊ ပြီးတော့ တချို့က နိုင်ငံရပ်ခြားကို အတင်းအကျပ် ထွက်ပြေးရပြီး အမြဲတမ်း နေရာပြောင်းရွှေ့နေရတဲ့အပြင် ဆင်းရဲဒုက္ခတွေနဲ့ အသက်ရှင်နေကြရပါတယ်။ စီစီပီရဲ့ ရေရှည် ရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်ရပေမဲ့ ခရစ်ယာန်များစွာက ကြောက်ရွံ့နောက်တွန့်မသွားကြပါဘူး။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကြားမှာတောင် ဘုရားသခင်ကို ဆက်ပြီး ယုံကြည်ကြတယ်၊ သူတို့ရဲ့ တာဝန်တွေကို ဇွဲရှိရှိ ထမ်းဆောင်ပြီး ဘုရားသခင်နောက်ကို လိုက်နေကြပါတယ်။ ဒါကြောင့် ဆိုးယုတ်တဲ့ နတ်ဆိုးဖြစ်တဲ့ စီစီပီက အရမ်း ဒေါသထွက်သွားပြီး ဖမ်းဆီးတာနဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ လှုပ်ရှားမှုအသစ်တွေကို အဆက်မပြတ် လုပ်ဆောင်လာပါတယ်။ “အမြစ်ပြတ်ချေမှုန်းပြီးမှသာ တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းမည်” လို့တောင် ကြေညာထားပါတယ်။ အကျိုးဆက်အနေနဲ့ စုဝေးပွဲတွေလုပ်နေတုန်း ခရစ်ယာန်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်းမှာ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တော်တော်များများဟာ စုဝေးနေကြတုန်း ရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရပါတယ်။ ရဲတွေက သူတို့ကို ပြည်သူ့လုံခြုံရေးဗျူရိုကို ခေါ်သွားပြီး လျှို့ဝှက် စစ်ကြောမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ မကြာသေးခင်အချိန်အထိ သူတို့ ဘာတွေခံစားခဲ့ရသလဲဆိုတာကို ကျွန်မတို့ သိပ်မသိခဲ့ရပါဘူး။ အခုဆိုရင် ၃ နှစ်နီးပါး ကြာသွားခဲ့ပါပြီ။ မကြာသေးခင်ကမှ အဲဒီအချိန်တုန်းက ဖမ်းဆီးခံခဲ့ရတဲ့ ခရစ်ယာန်နှစ်ယောက်ဖြစ်တဲ့ ရှောင်ယွန်းနဲ့ ချန်ကျီးတို့ကို ကျွန်မတို့ အင်တာဗျူးလုပ်ခဲ့ပါတယ်။ အင်တာဗျူးလုပ်နေတုန်းမှာ ကျွန်မတို့ သိခဲ့ရတာက၊ သူတို့ကို စစ်ကြောမေးမြန်းနေတုန်းမှာ ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်တာ၊ အနိုင်ကျင့်စော်ကားတာတွေ ခံခဲ့ရတယ် ဆိုတာပါပဲ။ အဲဒီအထဲမှာ အငတ်ထားတာလိုမျိုး လုပ်နေကျနည်းလမ်းတွေအပြင်၊ အိပ်ရေးပျက်အောင် လုပ်တာ၊ ပြီးတော့ ပြင်းပြင်းထန်ထန် ရိုက်နှက်တာတွေ ပါဝင်ပါတယ်။ သူတို့ကို နောက်ပြန် လက်ထိတ်ခတ်ထားပြီး အဲဒီလက်ထိတ်မှာ ၁၅ ကီလိုဂရမ်လေးတဲ့ ကွန်ကရစ်တုံးကို အချိန်အကြာကြီး ဆွဲချိတ်ထားတာမျိုးလည်း လုပ်ခဲ့ပါတယ်။ ရှောင်ယွန်းဆိုရင် ပင့်ကူတွေ၊ အခွံစိမ်း ပိုးတောင်မာတွေလိုမျိုး ပိုးကောင်အမျိုးမျိုးကို အတင်းအကျပ် စားခိုင်းတာ ခံခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကို ဒုက္ခပေးဖို့အတွက် ပင့်ကူတွေ၊ ခူကောင်တွေလိုမျိုး ပိုးကောင်တွေကို သူ့အဝတ်အစားတွေထဲ ထည့်ထားခဲ့ပါတယ်။ ဒါဟာ တကယ်ကို ကြောက်ခမန်းလိလိပါပဲ။ ဒါပေမဲ့ ရဲတွေကတော့ သူ့ကို ညှဉ်းပန်းနှိပ်စက်ဖို့ နည်းလမ်းသစ်တွေ အကြံထုတ်ရင်း အားရပါးရ ရယ်မောနေခဲ့ကြပါတယ်။ ရှောင်ယွန်းနဲ့ ချန်ကျီးတို့ဟာ ရဲတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကို တစ်လတိတိ ခံခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရပါတယ်၊ ဒါပေမဲ့ သူတို့က “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ကြတုန်းပါပဲ။ အဲဒီနောက်မှာတော့ သူတို့ဟာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

00:23 အသားပေးပြသချက်များ

04:53 ရှောင်ယွန်း အငတ်ထားခံရပြီး နောက်ပြန် လက်ထိတ်ခတ်ခံရ

09:18 ရဲတွေက ရှောင်ယွန်းကို မြှူဆွယ် ဖိအားပေးဖို့ ကြိုးစားပြီး၊ “ဦးနှောက်ဆေး ပညာရှင်” က သူ့အပေါ် လှည့်ကွက်တွေ သုံး

14:07 ရဲတွေက ရှောင်ယွန်းကို အအေးခံခိုင်း၊ ကြာပွတ်နဲ့ရိုက်ပြီး ညှဉ်းပန်းနှိပ်စက်

21:52 ရဲတွေက ရှောင်ယွန်းပေါ် ပိုးကောင်တွေပစ်တင်ပြီး သူ့ကို အတင်းအကျပ် မျိုချခိုင်း

25:18 ရှောင်ယွန်း လက်ထိတ်ခတ်ခံရ၊ လက်ကောက်ဝတ်မှာ ကွန်ကရစ်တုံး ဆွဲချိတ်ခံရ၊ အအေးခံရပြီး နောက်ဆုံးမှာ ထောင်ဒဏ်ချမှတ်ခံရ

31:55 ချန်ကျီး တစ်လတိတိ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှု ခံစားခဲ့ရ

37:09 ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်သည့် ဆိုးယုတ်သော စီစီပီရဲအရာရှိများ စာရင်း (အပိုင်း ၁)

41:36 နိဂုံးချုပ်မှတ်ချက်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ | စီစီပီ၏ ခရစ်ယာန်များအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ အချက်အလက် မှတ်တမ်း (အပိုင်း ၂)

အာဏာရလာချိန်ကတည်းက စီစီပီဟာ နိုင်ငံရေးလှုပ်ရှားမှုပေါင်းမရေမတွက်နိုင်အောင် စတင်ခဲ့ပြီး၊ ဘာသာရေးယုံကြည်မှုကို အသရေဖျက်ဖို့၊ ပုံဖျက်ဖို့နဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။