တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၁၇ : နေရပ်ပြန် ခရစ်ယာန်များသည် စီစီပီ၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရ- အသက်များ အန္တရာယ်ရှိနေ

20.06.2026

စီစီပီဟာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမြစ်ပြတ်ချေမှုန်းပြီး ခရစ်ယာန်တွေကို အကုန်အစင် သုတ်သင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှု စစ်ဆင်ရေးတွေကို မပြတ်တမ်း လုပ်ဆောင်နေပါတယ်။ လူ့အသိုင်းအဝိုင်းက အလုပ်လက်မဲ့ လေလွင့်နေသူတွေကိုပါ ခေါ်ယူစုဆောင်းပါတယ်။ ခရစ်ယာန်တွေကို ဖမ်းဆီးတဲ့နေရာမှာ ကူညီဖို့ ဒေသခံ လူမိုက်တွေနဲ့ လူရမ်းကားတွေအပြင် ခရစ်ယာန်တွေကို ရေရှည် စောင့်ကြည့်ပြီး ခြေရာခံဖို့ ရပ်ကွက်ဝန်ထမ်းတွေကိုလည်း အသုံးပြုပါတယ်။ ဒါ့အပြင် စီစီပီဟာ ခရစ်ယာန်တွေကို သတင်းပေးဖို့နဲ့ ကူဖမ်းပေးဖို့အတွက် ငွေကြေးဆုလာဘ် အများကြီးပေးပြီး လူထုကို လှုံ့ဆော်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူတွေကို သွေးထိုးလှုံ့ဆော် လှည့်စားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တွေကို သတင်းပေးတိုင်ကြားတာ၊ ဖိနှိပ်တာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်တဲ့ “ပြည်သူ့စစ်ပွဲ” တစ်ခုကို ဆင်နွှဲစေခဲ့ပါတယ်။ စီစီပီရဲ့ အရူးအမူး ဖမ်းဆီးမှုတွေအပြင် ပြည်သူတွေရဲ့ စောင့်ကြည့်မှုနဲ့ သတင်းပေးတိုင်ကြားမှုတွေကို ရှောင်ရှားဖို့အတွက်၊ ခရစ်ယာန်တွေဟာ တစ်နေရာပြီး တစ်နေရာ ပြောင်းရွှေ့ပုန်းအောင်း နေကြရပြီး၊ စုဝေးပွဲတွေကို နှစ်ယောက်၊ သုံးယောက်လောက်နဲ့ လျှို့လျှို့ဝှက်ဝှက်ပဲ လုပ်ကြရပါတယ်။ ဘုရားသခင်နောက်ကို လိုက်ဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက်၊ ချစ်ရတဲ့သူတွေကို နှုတ်ဆက်ခွဲခွာပြီး ဇာတိရပ်ရွာတွေကို စွန့်ခွာခဲ့ကြရတဲ့ ခရစ်ယာန် အများအပြား ရှိပါတယ်။ တချို့က တခြားဒေသတွေကို ထွက်ပြေးကြသလို၊ တချို့ကျတော့လည်း အခက်အခဲ အမျိုးမျိုးကြားကနေ နိုင်ငံခြားကို ထွက်ပြေးကြပါတယ်။ သူတို့အားလုံးဟာ နာမည်ဖျောက်ပြီး ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေရတဲ့ ဘဝတွေကို ဖြတ်သန်းနေကြရတာပါ။ ဒါပေမဲ့ နိုင်ငံခြားကို ထွက်ပြေးရတဲ့ ဒီခရစ်ယာန်တွေအတွက် အမြဲတမ်း အဆင်ပြေချောမွေ့နေတာတော့ မဟုတ်ပါဘူး။ တချို့က အသက်ရှင်ရပ်တည်ဖို့ အလုပ်ရှာမရလို့၊ တချို့က ခိုလှုံခွင့် လျှောက်ထားမှုတွေမှာ အခက်အခဲတွေ ကြုံရလို့၊ နောက်တချို့ကျတော့လည်း နေမကောင်းဖြစ်ပြီး အလုပ်မလုပ်နိုင်တော့လို့ ဆိုပြီး တရုတ်ပြည်ကို ပြန်လာကြရပါတယ်။ တရုတ်ပြည်ကို ပြန်ရောက်တဲ့အခါ သူတို့ ဘာတွေများ ရင်ဆိုင်ရမလဲ။ သူတို့ကို ဘာတွေများ စောင့်ကြိုနေမလဲ။ ဒီအပိုင်းမှာတော့ နိုင်ငံခြားကို ထွက်ပြေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လာခဲ့တဲ့ ခရစ်ယာန် နှစ်ယောက်ကို ကျွန်မတို့ အင်တာဗျူးထားပါတယ်။ သူတို့ရဲ့ ပြောပြချက်တွေကနေတစ်ဆင့်၊ ခရစ်ယာန်တွေ နေရပ်ပြန်ရောက်တဲ့အခါ ရင်ဆိုင်ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်ညှဉ်းပန်းမှု အဖြစ်မှန်တချို့ကို လေ့လာကြည့်ကြရအောင်ပါ။

00:23 အသားပေးပြသချက်များ

03:30 တရုတ်ပြည်ကို ပြန်ရောက်ရောက်ချင်း ဖမ်းဆီး စစ်ဆေးခံရသည့် လီရန်

10:13 ပြင်းထန်သည့် သွေးတိုးရောဂါကြောင့် အချုပ်ချမခံရဘဲ အိမ်ပြန်ရောက်ပြီး သိပ်မကြာမီတွင်ပင် ထွက်ပြေးခဲ့ရသည့် လီရန်

11:50 လီရန်ကို အိမ်တွင် ဖမ်းမမိသည့်အတွက် သူ့ခင်ပွန်းကို ရဲများ ဖမ်းသွား

15:41 လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းတွင်ပင် ရဲများ၏ ဖမ်းဆီး စစ်ဆေးမေးမြန်းခြင်း ခံရသည့် ယန်ကျင့်

19:24 ဟိုတယ်မှာ သီးသန့်ခွဲခြားနေရစဉ် နိုင်ငံခြားမှ ကိစ္စများအတွက် ရဲများက ယန်ကျင့်ကို ဖုန်းဆက်ပြီး မနားတမ်း ဖိအားပေး

21:57 သီးသန့်ခွဲခြား နေထိုင်မှု ပြီးဆုံး ဇာတိရပ်ရွာကို မပြန်မီ ရဲများ၏ စစ်ဆေး ခြိမ်းခြောက်ခြင်းကို ယန်ကျင့် ထပ်ခံရ

26:08 စစ်ဆေးမေးမြန်းမှုမှ မည်သည့်အရာမျှမရ ယန်ကျင့် ဟေးလုံကျန်းပြည်နယ်ကို လေယာဉ်ဖြင့် ပြန်လာပြီး အိမ်အပြန်လမ်းတွင် စီစီပီ သတင်းပေးများ၏ စောင့်ကြည့်ခြင်းကို ခံရ

26:39 အိမ်ပြန်ရောက်ပြီး သုံးရက်အကြာတွင် အဖမ်းခံရ၊ ရောဂါဆိုးရွားနေသဖြင့် ယန်ကျင့်ကို အာမခံဖြင့် လွှတ်ပေး

31:26 အိမ်တွင် အနားယူနေစဉ် ယန်ကျင့်ကို ရဲများက အကြိမ်ကြိမ် လာရောက် နှောင့်ယှက်

37:17 ဘုရားသခင်ကို မယုံကြည်တော့ကြောင်း ကတိခံဝန်ချက် ရေးပေးရန် ကျေးရွာ အုပ်ချုပ်ရေးမှူးက ယန်ကျင့်ကို အတင်းအကျပ် ဖိအားပေးသော်လည်း သူက ငြင်းဆန်

42:18 နိဂုံးချုပ်မှတ်ချက်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ | စီစီပီ၏ ခရစ်ယာန်များအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ အချက်အလက် မှတ်တမ်း (အပိုင်း ၂)

အာဏာရလာချိန်ကတည်းက စီစီပီဟာ နိုင်ငံရေးလှုပ်ရှားမှုပေါင်းမရေမတွက်နိုင်အောင် စတင်ခဲ့ပြီး၊ ဘာသာရေးယုံကြည်မှုကို အသရေဖျက်ဖို့၊ ပုံဖျက်ဖို့နဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။