တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၂၇ : ခရစ်ယာန်တစ်ဦးသည် ရက်စက်သည့် နှိပ်စက်မှုကို ခံရပြီး လွတ်မြောက်လာပြီးသည့်နောက်ပိုင်းတွင် စီစီပီ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရဆဲဖြစ်သည်

23.09.2026

စီစီပီဟာ ဘာသာရေးယုံကြည်မှုကို အရူးအမူး ဖိနှိပ်နေတယ်၊ ပြီးတော့ ခရစ်ယာန်တွေကို သူတို့ရဲ့ ဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ လူမဆန်တဲ့အပြင် ဥပဒေမဲ့တဲ့လုပ်ရပ်တွေဖြစ်တယ်။ ဒါဟာ အားလုံးက သိထားတဲ့ အမှန်တရားတစ်ခုပါ။ တရုတ်နိုင်ငံမှာ စီစီပီရဲ့ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာကို ခံရတဲ့ ခရစ်ယာန်တွေ သိပ်ကို များလွန်းပါတယ်။ ဒီတစ်ပိုင်းမှာတော့ အဲဒီလိုဖြစ်ရပ်တွေထဲက တစ်ခုကို အဓိက တင်ဆက်ပေးသွားမှာပါ။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ ရဲတွေက ကျန်းရွှီရဲ့ နေအိမ်ကို အတင်းဝင်လာပြီး သူ့အပြင် တခြားခရစ်ယာန် အမျိုးသား နှစ်ဦးကိုပါ အတင်းအကျပ် ဖမ်းဆီးသွားတယ်။ ၂၀၂၀ ခုနှစ်မှာ ကျန်းရွှီဟာ ဘုရားသခင်အပေါ် သူ့ရဲ့ယုံကြည်မှုကို စွဲကိုင်ထားတဲ့အတွက် ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခံခဲ့ရတယ်။ ထိန်းသိမ်းရေးစခန်းနဲ့ ထောင်ထဲမှာ ထောင်စောင့်တွေက အသင်းတော်အချက်အလက်တွေကို ဖော်ထုတ်ပြီး ဘုရားသခင်ကို သစ္စာဖောက်အောင် သူ့ကို အတင်းအကျပ်ခိုင်းစေတဲ့ အနေနဲ့ သူ့ကို ယုတ်မာရက်စက်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ အကျဉ်းသားတွေကို ထောင်စောင့်တွေက အမိန့်ပေးထားတယ်။ ထောင်စောင့်တစ်ယောက်က ငရုတ်ကောင်းအရည်နဲ့ သူ့မျက်နှာတည့်တည့် ဖြန်းခဲ့ပြီး သူ့ရဲ့ ဝှေးစေ့ကို လက်ချောင်းတွေနဲ့ ဆွဲလိမ်ပြီးညှစ်တဲ့ လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ကျူးလွန်ခဲ့တယ်၊ သူ့ရဲ့ လိင်အင်္ဂါကို အားနဲ့ဆွဲညှစ်ပြီး ဆွဲဆောင့်တဲ့အတွက် သူဟာ မခံမရပ်နိုင်အောင် အရမ်းကို နာကျင်ခံစားခဲ့ရတယ်...သုံးနှစ်ခွဲကြာ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေက ကျန်းရွှီရဲ့ စိတ်ရောကိုယ်ပါ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး ရောဂါဝေဒနာမျိုးစုံ စွဲကပ်စေခဲ့တယ်။ သူဟာ ခေါင်းမကြည်မလင်ဖြစ်တာနဲ့ အစာအိမ်နာတာကို ခဏခဏ ခံစားရပြီး သူ့ရဲ့ မှတ်ဉာဏ်ကလည်း သိသိသာသာ ကျဆင်းသွားတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ထောင်က လွတ်လာပြီးတဲ့နောက်မှာ ကျန်းရွှီဟာ ဦးနှောက်သွေးယိုစိမ့်မှု၊ ဆိုးဆိုးရွားရွား ဆီးခဏခဏသွားခြင်းနဲ့ အူကျရောဂါ စတဲ့ နာတာရှည် နောက်ဆက်တွဲဝေဒနာတွေကို ဆက်တိုက်ဆိုသလို ခံစားလာရတယ်။ သူဟာ ပြစ်ဒဏ်စေ့လို့ လွတ်မြောက်လာခဲ့ပေမယ့်လည်း ရဲတွေက သူ့ကို ဆက်လက် စောင့်ကြည့်၊ အနှောင့်အယှက်ပေးပြီး နောက်ယောင်ခံလိုက်နေခဲ့တယ်။ သူဟာ အိမ်ကနေ မဖြစ်မနေ ထွက်ပြေးခဲ့ရပြီး ဒီကနေ့အထိ ပုန်းအောင်းပြီး တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့နေထိုင်နေရတုန်းပါပဲ။ ၂၀၁၈ ခုနှစ်ကနေ အခုအချိန်အထိ သူခံခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအကြောင်း ကျန်းရွှီရဲ့ ပြောပြချက်ကို ဆက်ပြီး နားထောင်ကြည့်ကြရအောင်။

00:23 အသားပေးပြသချက်များ

04:04 ကျန်းရွှီ ရဲတွေရဲ့ ဖမ်းဆီးတာကို ခံရပြီး ထိန်းသိမ်းရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံ ခံရခြင်း

21:58 ကျန်းရွှီ လူသိရှင်ကြား တရားရုံးထုတ်ရာတွင် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံရခြင်း

24:19 ကျန်းရွှီ အကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်မှု ဆက်၍ခံရခြင်း

30:56 ပြစ်ဒဏ်စေ့လို့ လွတ်လာပြီးနောက်ပိုင်းမှာလည်း ကျန်းရွှီသည် စီစီပီ၏ နှောင့်ယှက်ခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းတို့ကို ခံနေရဆဲဖြစ်ခြင်း

38:35 နိဂုံးချုပ်မှတ်ချက်များ

42:06 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ

သက်ဆိုင်သည့် အကြောင်းအရာ

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။