နိုင်ငံတော် ဧဝံဂေလိတရား စကားဝိုင်း အပိုင်း ၁၀ : ကင်မရွန်းနိုင်ငံက သင်းအုပ်ဆရာ ဂေးလ် မင်ဘေးဂ် နှင့် နက်နဲသော ဆွေးနွေးမေးမြန်းမှ
ဂေးလ် မင်ဘေးဂ်ဟာ ကင်မရွန်းနိုင်ငံက ခရစ်ယာန် သင်းအုပ်ဆရာတစ်ပါး ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ သူ့ယုံကြည်မှုရဲ့ ပန်းတိုင်နဲ့ သူဟောပြောတဲ့ တရားဟောချက်တွေရဲ့ အဓိက သတင်းစကားက “အပြစ်ကနေ ရုန်းထွက်လွတ်မြောက်ဖို့နဲ့ သန့်ရှင်းစင်ကြယ်ခြင်း ရရှိဖို့” ပါပဲ။ ဒါပေမဲ့ သန့်ရှင်းစင်ကြယ်ခြင်းကို သူ ပိုလိုက်စားလေလေ၊ သူဟာ အပြစ်တရားရဲ့ ချည်နှောင်မှုထဲမှာ ပိတ်မိနေတုန်းပဲဆိုတာကို ပိုပြီး သဘောပေါက်လာလေလေပါပဲ။ သူ လက်တွေ့လုပ်ဆောင်နေတာနဲ့ ဟောပြောနေတာကြားမှာ ကြီးမားတဲ့ ကွာဟမှုကြီး ရှိနေခဲ့တယ်။ သူ့ကိုယ်တိုင်ရော၊ ဘုရားကျောင်းမှာပါ နေရာအနှံ့ ဖြစ်နေတဲ့ အပြစ်တရား ပြဿနာကို ရင်ဆိုင်ရတဲ့အခါ သူက အဖြေတွေကို အသည်းအသန် ရှာဖွေခဲ့တယ်၊ သမ္မာကျမ်းစာကို သေချာဖတ်ခဲ့တယ်၊ အကူအညီရဖို့ တခြားဘုရားကျောင်းတွေကို သွားခဲ့တယ်၊ ၂၁ ရက် ဆက်တိုက် အစာရှောင် ဆုတောင်းခဲ့တယ်၊ ၇၂ နာရီတိတိ အစာရေစာ ဘာမှ မစားမသောက်ဘဲ တစ်ညလုံး မျက်ရည်တွေနဲ့ သခင့်ဆီ ဟစ်ကြွေးခဲ့တယ်။...ဒါပေမဲ့ သူဟာ အပြစ်လုပ်လိုက်၊ ဝန်ခံလိုက်နဲ့ ထပ်ခါထပ်ခါဖြစ်နေတဲ့ ဆိုးရွားတဲ့ သံသရာထဲကနေ မရုန်းထွက်နိုင်ခဲ့ပါဘူး။ “ဘုရားသခင်က ငါ့ကို ပစ်ပစ်ခါခါငြင်းလိုက်ပြီလား။ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ဖို့ ငါ့မှာ မျှော်လင့်ချက် ရှိသေးရဲ့လား” လို့တောင် သူ သံသယဝင်လာခဲ့တယ်။ မျှော်လင့်ချက် လုံးဝ ကင်းမဲ့ပြီး ထွက်ပေါက်မမြင်ရတော့တဲ့အချိန်မှာပဲ မမျှော်လင့်ထားတဲ့ အတွေ့အကြုံတစ်ခုက သူ့ဘဝကို ပြောင်းလဲသွားစေခဲ့တယ်။ နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးနေခဲ့တဲ့ မေးခွန်းတွေအတွက် အဖြေတွေကို နောက်ဆုံးတော့ သူ ရှာတွေ့သွားခဲ့တယ်၊ သခင့်ကို ယုံကြည်ပြီး အပြစ်တွေ ခွင့်လွှတ်ခံရပြီးတာတောင် လူတွေက ဘာလို့ အပြစ်ဆက်လုပ်နေကြလဲ ဆိုတဲ့ အရင်းခံ အကြောင်းရင်းကို သူ နားလည်သွားတယ်၊ ပြီးတော့ အပြစ်ကနေ လွတ်မြောက်ပြီး သန့်စင်မှုရနိုင်မယ့် လမ်းကြောင်းကိုလည်း ရှာတွေ့သွားခဲ့တယ်။ ဒီနေ့ နိုင်ငံတော် ဧဝံဂေလိတရား စကားဝိုင်းကနေ ကြိုဆိုပါတယ်။ ဘာသာရေးမှာ လမ်းပျောက်ပြီး အပြစ်တရားရဲ့ ချည်နှောင်မှုထဲ ပိတ်မိနေခဲ့တဲ့အကြောင်းနဲ့ နောက်ဆုံးမှာ အပြစ်ကနေ လွတ်မြောက်ပြီး သန့်စင်မှုရနိုင်မယ့် လမ်းကြောင်းကို ဘယ်လိုရှာတွေ့ခဲ့လဲ ဆိုတာနဲ့ပတ်သက်တဲ့ ဂေးလ် မင်ဘေးဂ်ရဲ့ စစ်မှန်တဲ့ အတွေ့အကြုံကို နားဆင်လိုက်ကြရအောင်။
00:10 အစီအစဉ် အစ
01:59 အသင်းတော်မှာ အစေခံရာမှ သန့်ရှင်းစင်ကြယ်ခြင်းကို လိုက်စားခြင်းသို့
11:21 သင်းအုပ်ဆရာတစ်ပါး၏ နာကျင်မှုနှင့် ရုန်းကန်ရမှု- အပြစ်မှ လွတ်မြောက်ရန် အဘယ်ကြောင့် မဖြစ်နိုင်သနည်း
28:55 အဖြေရှာရန် တခြားဘုရားကျောင်းများသို့ သွားရောက်သော်လည်း ပို၍ မှောင်မိုက်သောအရာများကိုသာ တွေ့ရှိရခြင်း
38:32 မျှော်လင့်ချက်မဲ့နေချိန် အလှည့်အပြောင်း- အပြစ်မှ လွတ်မြောက်မည့် လမ်းကြောင်းကို နောက်ဆုံးတွင် ရှာတွေ့ခြင်း
01:02:40 သခင် ပြန်ကြွလာခြင်းကို ကြိုဆိုပြီးနောက် ယခင်ဘုရားကျောင်း၏ ပစ်ပယ်ခြင်းကို ခံရခြင်း
01:13:12 တရားစီရင်မှု တွေ့ကြုံခြင်းမှ ရရှိမှုများ- အသက်တာတွင် စစ်မှန်သော အပြောင်းအလဲများ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။