နိုင်ငံတော် ဧဝံဂေလိတရား စကားဝိုင်း၊ အပိုင်း ၁၉ : အင်ဂိုလာနိုင်ငံက နယ်သာလန်သံရုံး ကောင်စစ်ဝန်ကိုယ်စားလှယ်ဟောင်း ကာလီတို ဒမ်ဘို နှင့် နက်နဲသော ဆွေးနွေးမေးမြန်းမှု

29.11.2026

ကာလီတို ဒမ်ဘို (Carlito Dumbo) ကို ၁၉၈၅ ခုနှစ်မှာ အင်ဂိုလာနိုင်ငံ ဟွမ်ဘို ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၂၇ နှစ်မှာ သူဟာ အင်ဂိုလာမှာရှိတဲ့ နယ်သာလန် သံရုံးရဲ့ ကောင်စစ်ဝန်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဗီဇာနဲ့ ဘဏ္ဍာရေးကိစ္စတွေ အပါအဝင် အရေးကြီးတဲ့ ကိစ္စရပ်တချို့ကို သူ တာဝန်ယူခဲ့ပါတယ်။ သူဟာ နယ်သာလန်သံရုံးနဲ့ အင်ဂိုလာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကြားက အဓိက ဆက်သွယ်ရေး တာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်၊ ကာလီတို အသက် ၁၅ နှစ်အရွယ်မှာ၊ အင်ဂိုလာက ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကနေ လွတ်မြောက်ပြီး ခိုလှုံခွင့်တောင်းခံနိုင်ဖို့အတွက် သူ့အမေက ပိုက်ဆံတွေ စုဆောင်းပြီး သူ့ကို နယ်သာလန်ကို ပို့ပေးခဲ့တယ်။ ဒုက္ခသည်တစ်ယောက်အနေနဲ့ ဘာမှမရှိတဲ့ ဘဝကနေ စတင်ခဲ့ရပေမဲ့ ကာလီတိုဟာ အမြဲတမ်း လုံ့လဝီရိယရှိပြီး စည်းကမ်းရှိသလို အလုပ်လည်း ကြိုးစားခဲ့ပါတယ်။ သူဟာ ဒတ်ချ်၊ အင်္ဂလိပ်နဲ့ စပိန်ဘာသာစကားတွေကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့တဲ့အပြင် ၂၀၀၄ ခုနှစ်မှာ နယ်သာလန်နိုင်ငံက အယ်လ်ဘီဒါကောလိပ်ကနေ စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်ကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာတော့ သူဟာ တောင်ပိုင်းဟော်လန် ပြည်နယ်က ဇဝိန်းဒရက် မြို့တော်ခန်းမမှာ စီမံခန့်ခွဲရေး လက်ထောက်အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် သိပ်မကြာခင်မှာပဲ အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေက သူ့ကို အလုအယက် ခေါ်ယူကမ်းလှမ်းလာကြတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ကာလီတိုဟာ ဒတ်ချ် MBO ပညာရေးစနစ်မှာ အမြင့်ဆုံး အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ နာမည်ကြီး ဒတ်ချ် နိုင်ငံတကာကုမ္ပဏီ အင်မ်းတက်ချ် အုပ်စုက ပိုင်ဆိုင်တဲ့ အဆောက်အအုံ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှာ သူဟာ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေး အရာရှိအဖြစ် အလုပ်ခန့်အပ်ခံခဲ့ရတယ်။ ဒါက သူ့ကို အဲဒီမှာရှိတဲ့ အင်ဂိုလာ ဒုက္ခသည်တွေထဲက ရှားရှားပါးပါး ထိပ်တန်းရုံးဝန်ထမ်းအလွှာဝင်တစ်ဦး ဖြစ်စေခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ကာလီတိုဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို တည်ထောင်ဖို့ အင်ဂိုလာကို ပြန်လာခဲ့တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ နယ်သာလန်သံရုံးရဲ့ ကောင်စစ်ဝန်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။ အလုပ်တွေ အရမ်းများနေတဲ့ ကြားကနေပဲ သူက ငါးဖမ်းလုပ်ငန်း၊ အိမ်ခြံမြေ အငှားချထားရေးနဲ့ ဆိုင်ကယ်တက္ကစီ လုပ်ငန်းတွေလိုမျိုး အပြင်စီးပွားရေးလုပ်ငန်း တချို့မှာလည်း ရင်းနှီးမြှုပ်နှံနိုင်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာ၊ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ တကယ်ကို အောင်မြင်နေတဲ့ အချိန်မှာပဲ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုက သူ့ကို ဘဝရဲ့ အနိမ့်ဆုံး အခြေအနေထိ ထိုးကျသွားစေခဲ့တယ်။ အဲဒါက သူ့ကို သူ့ကိုယ်သူ ပြန်လည်ဆန်းစစ်မှုတွေ အများကြီး လုပ်ဖြစ်သွားစေခဲ့တယ်။ အဲဒီ အနိမ့်ဆုံး အခြေအနေကနေ သူ ဘယ်လို ရုန်းထွက်ခဲ့သလဲ။ ဆက်လက်ပြီး ကာလီတိုရဲ့ ဇာတ်လမ်းကို နားထောင်ကြည့်ကြရအောင်။

04:01 ဆင်းရဲတဲ့ ကလေးဘဝ- အရှက်ခွဲခံရမှုနဲ့ အနိုင်ကျင့်ခံရမှုတွေကို ခါးစည်းခံခဲ့ရခြင်း

12:39 တိုင်းတစ်ပါးက ဒုက္ခသည်ဘဝမှသည် ရုံးဝန်ထမ်း အထက်တန်းစားအဖြစ်သို့

29:11 သံရုံးတွင် အလုပ်ဝင်ပြီးနောက် သူ၏ အလုပ်အကိုင်နှင့် ဘဝ

44:42 သားဖြစ်သူကို ဆုံးရှုံးရပြီးနောက် ပူဆွေးသောကရောက်ခြင်းနှင့် ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း

01:03:38 သမ္မာတရားကို နားလည်ပြီးနောက် သူ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော လိုက်စားမှုများကို ရှင်းရှင်းလင်းလင်း မြင်လာခြင်း

01:25:53 အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးနောက် အပြောင်းအလဲများနှင့် ရရှိမှုများ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။