၁၀၀၉ ဘုရား၏လမ်းကို မလိုက်သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည်ကျူး

၁ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူအားလုံးအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူသားနှင့်သက်ဆိုင်သည့် ငါပြုသော သတ်မှတ်ချက်များအဖို့ သင့်လျော်သည့် အခြေအနေများရှိပြီး၊ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ ငါတောင်းဆိုသောအရာကို လူသားအားလုံး ပြီးမြောက်ရမည်။ သင်၏ အရည်အချင်းများ မည်သို့ရှိသည် သို့မဟုတ် ယင်းတို့ကို သင် မည်မျှကြာ ကိုင်စွဲပြီးဖြစ်သည် ဆိုသည်ကို ငါ ဂရုမစိုက်ပေ။ သင်သည် ငါ၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိဆိုသည်တို့ကိုသာ ငါ ဂရုစိုက်သည်။ သင်သည် သမ္မာတရားမရှိဘဲ၊ ယင်းအစား ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ရင်း၊ ငါ၏ အမည်နာမကို အရှက်ရစေကာ ငါ၏လမ်းခရီးအတိုင်း မပြုမူပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး၊ သင်၏မကောင်းမှုအတွက် သင့်ကို ငါ အပြစ်ပေးမည်၊ ထိုအခါ သင်သည် ပြောစရာ မည်သည့်အရာ ရှိလိမ့်မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်လိမ့်မည်လော။ ယနေ့တွင် ငါပြောပြီးသော စကားများကို သင် အသုံးပြုပါက၊ သင်သည် ငါလက်ခံသော လူစားမျိုးဖြစ်လိမ့်မည်။

၂ ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က “မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၀၀၈ ဘုရားသခင်သည် လူ၏အဆုံးခန်းကို ၎င်းတို့၌ သမ္မာတရား ရှိမရှိအပေါ် အခြေခံ၌ ဆုံးဖြတ်တော်မူ၏

နောက်တစ်ခုသို့- ၁၀၁၀ လူအားလုံး၏ အဆုံးသတ်များအတွက် ဘုရား၏စီမံပေးမှုများကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။