၇၆၇ ဘုရားကို ယုံကြည်သော်လည်း မချစ်ခြင်းသည် အချည်းနှီးအသက်တာပင်တည်းကျူး

၁ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေခြင်းဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။

၂ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၆၆ ဘုရားသခင်ကို ချစ်သည့်သူများ၏ ဆောင်ပုဒ်

နောက်တစ်ခုသို့- ၇၆၈ ဘုရားအလိုတော်အတိုင်း ဆောင်ရွက်ဖို့ အသက်ရှင်ခြင်းဟာ အဓိပ္ပာယ် အရှိဆုံးပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။