စုံလင်စေခြင်းခံရရန် လူ့ဇာတိခံဘုရားကို နာခံလော့ကျူး
၁ ယနေ့ လူ့ဇာတိခံယူသောဘုရားသခင် ရရှိချင်သောလူတစ်စုသည် သူ့အလိုနှင့်ကိုက်ညီ သောသူများ ဖြစ်သည်။ လူတို့သည် ကောင်းကင်ဘုံရှိဘုရားသခင်၏ စိတ်ကူးများနှင့် အမြဲတမ်း ပတ်သက်နေခြင်း၊ မရေရာမှုအတွင်း နေထိုင်ခြင်း သို့မဟုတ် လူ့ဇာတိခံဘုရားသခင်အား ဒုက္ခပေးခြင်းတို့ကို မလုပ်ဘဲ သူ့အလုပ်ကို နာခံခြင်းသာ လိုအပ်သည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို နာခံသောသူများ ဖြစ်သည်။ ဤလူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူသည် သို့မဟုတ် ကောင်းဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်ထဲတွင် လက်ရှိ မည်သည့်အလုပ်မျိုးကို လုပ်ဆောင်နေသည်တို့ကို ဂရုမစိုက်ဘဲ မြေကြီးပေါ်ရှိဘုရားသခင်အား ၎င်းတို့၏နှလုံးသားများကို အပြည့်အဝပေးပြီး သူ့ရှေ့တွင် ၎င်းတို့၏ဖြစ်ခြင်း တစ်ခုလုံးကို ထားရှိသည်။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို မည်သည့်အခါမျှ မစဉ်းစားဘဲ လူ့ဇာတိခံဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ အရေးပေးလွန်းခြင်း မပြုပေ။
၂ လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံသောသူများသည် သူ့အားဖြင့် စုံလင်စေခြင်းခံနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိမည်မဟုတ်ပေ။ ဤသည်မှာ လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ ပေးအပ်သည်မှာ ကောင်းကင်ဘုံရှိဘုရားသခင် မဟုတ်ဘဲ မြေကြီး ပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲတမ်း ချဲ့ထွင်ခြင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်အား သာမန်ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြင်ခြင်းတို့ကို မလုပ်သင့်ပေ။ ဤအရာသည် မတရားပေ။ ကောင်းကင်ဘုံရှိဘုရားသခင်သည် ကြီးမြတ်ပြီး အံ့သြဖွယ်ဖြစ်၍ အံ့သြဖွယ်သော ဉာဏ်ပညာရှိ၏၊ သို့သော်လည်း ဤအရာမှာ လုံးဝမတည်ရှိပေ။ မြေကြီးပေါ်ရှိဘုရားသခင်သည် အလွန်သာမန်ဖြစ်၍ ထူးခြားမှု မရှိပေ၊ သူသည် အလွန်ပုံမှန်ဖြစ်သောသူလည်း ဖြစ်သည်။ သူ၌ ထူးကဲသောစိတ် သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မရှိပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသောနည်းလမ်းအားဖြင့် အလုပ်လုပ်ခြင်းနှင့် ပြောဆိုခြင်းသာ ရှိသည်။ သူ သည် မုန်တိုင်းအားဖြင့်စကားပြောခြင်း သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်းတို့ မရှိသော်လည်း သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ်ဖြစ်ပြီး သူသည် လူသားများကြားတွင် နေထိုင်သော ဘုရားသခင် အမှန်တကယ်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏လက်တွေ့ကျခြင်းကို အကြွင်းမဲ့နာခံနိုင်သောသူများသည် ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။