၄၆ အနန္တတန်ခိုးရှင်သာ လူကို ကယ်တင်နိုင်၏ကျူး

၁ အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကြီးမြတ်ပေတကား။ အံ့ဩဖွယ် ဖြစ်ပေတကား။ ထူးကဲလှပေတကား။ တံပိုးခရာခုနစ်ခုတို့သည် အသံမြည်ကြ၏၊ မိုးကြိုးသံ ခုနစ်ချက်မြည်ကာ ဖလားခုနစ်လုံးအား သွန်းလောင်း၏ - ဤအရာများသည် လူပုံအလယ်၌ ချက်ခြင်း ထုတ်ဖော်ပြခံရမည်ဖြစ်ပြီး သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ထံ နေ့စဉ်လာ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည်သာ ငါတို့ကို ကယ်တင်နိုင်၏၊ ငါတို့သည် ကံဆိုးခြင်းနှင့် တွေ့ကြုံရသည်ဖြစ်စေ၊ ကောင်းချီးကို ခံစားရသည်ဖြစ်စေ သူ့အပေါ် လုံးလုံးလျားလျား တည်မှီပြီး၊ ငါတို့လူသားများသည် ဤအရာကို ဆုံးဖြတ်နိုင်ခြင်း မရှိပေ။ စိတ်နှလုံးတစ်ခုလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အား ဆက်ကပ်ပူဇော်သော သူတို့သည် ကြီးစွာသော ကောင်းချီးများကို ဧကန်မုချ ရရှိကြလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်များကို ထိန်းသိမ်းရန် ကြိုးပမ်းသောသူတို့သည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးခြင်းသာ ဖြစ်လိမ့်မည်။ အရာအားလုံးနှင့် ကိစ္စရပ်အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လက်ထဲ၌သာ ရှိသည်။ သင်၏ခြေလှမ်းများကို ရပ်တန့်မထားပါနှင့်တော့။ ဧရာမပြောင်းလဲမှုကြီးသည် ကောင်းကင်နှင့် မြေကြီးဆီသို့ ရောက်ရှိလာပြီး၊ လူသားသည် ယင်းမှ ပုန်းကွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ သူ့အတွက် ခါးသီးသော ငိုကြွေးမြည်တမ်းခြင်းကလွဲ၍ အခြား ရွေးချယ်စရာရှိလိမ့်မည် မဟုတ်။

၂ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လုပ်နေသည့် အလုပ်နောက်သို့ လိုက်လော့။ သူ၏ အမှုတော် မည်သည့်အဆင့်သို့ တိုးတက်ပြီးသည်နှင့်ပတ်သက်၍ အခြားမည်သူကမျှ အသိပေးစရာမလိုဘဲ၊ မိမိစိတ်ထဲတွင် ရှင်းလင်းသင့်ပေသည်။ ယခု အနန္တတန်ခိုးရှင် ဘုရားသခင်၏ မျက်မှောက်ထဲသို့ သင်တတ်နိုင်သရွေ့ မကြာခဏ ပြန်လာလော့။ အရာရာတိုင်းအတွက် သူ့ကို တောင်းလျှောက်လော့။ သူသည် သင့်အား အတွင်း၌ ဧကန်မုချ အသိဉာဏ် ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး၊ သေရေးရှင်ရေးဖြစ်သော အခိုက်အတန့်များ၌ သူသည် သင့်ကို ကာကွယ်လိမ့်မည်။ ကြောက်ရွံ့ခြင်း မရှိနှင့်။ သူသည် သင်၏ ဖြစ်တည်မှုတစ်ခုလုံးအား ပိုင်ဆိုင်ထားနှင့်ပြီဖြစ်၏။ သူ၏ ကာကွယ်ခြင်းနှင့် သူ၏ စောင့်ရှောက်ခြင်းရှိလျှင်၊ သင့်အတွက် အဘယ်အရာ ကြောက်ဖို့ရှိသနည်း။ ယနေ့တွင် ဘုရားသခင်၏အလိုတော် ဖြစ်မြောက်အောင်မြင်မှုသည် လက်တစ်ကမ်းတွင်ရှိသည်။ သင်၏ ဝိညာဉ်ရေးမျက်စိများကို ဖွင့်လော့- ကောင်းကင်သည် ချက်ချင်း ပြောင်းလဲနိုင်၏၊ သို့သော် သင့်အတွက် ကြောက်ရမည့်အရာ မည်သည့်အရာရှိသနည်း။ သူ၏ လက်ကို အနည်းငယ်မျှ လှုပ်ရှားခြင်းဖြင့်၊ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း ပျက်သုဉ်းသွားကြ၏။ ထို့ကြောင့် လူသားသည် စိုးရိမ်ပူပန်ခြင်းဖြင့် အဘယ်အရာ ရရှိနိုင်သနည်း။ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည် မဟုတ်သလော။

၃ အကယ်၍ ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲဖို့ သူ အမိန့်ပေးပါက၊ ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။ အကယ်၍ ငါတို့သည် စုံလင်ခံရဖို့ဖြစ်သည်ဟု သူဆိုပါက၊ ငါတို့ စုံလင်ခြင်းခံရကြလိမ့်မည် ဖြစ်သည်။ လူသားအနေဖြင့် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ၊ သို့သော် တည်ငြိမ်စွာ ရှေ့ဆက်သင့်၏။ မည်သို့ပင်ဆိုစေ၊ သင်သည် တတ်နိုင်သမျှ အလေးဂရုပြုကာ နိုးနိုးကြားကြား ရှိရမည်။ ကောင်းကင်သည် ချက်ချင်း ပြောင်းလဲသွားနိုင်သည်။ လူသည် မိမိ၏ ပကတိမျက်စိများကို မည်မျှကျယ်ဝန်းစွာ ဖွင့်ထားပါစေ မည်သည့်အရာကိုမျှ သိပ်မြင်နိုင်လိမ့်မည်မဟုတ်။ ယခု ဂရုစိုက်ကြည့်လော့။ ဘုရားသခင်၏ အလိုတော်သည် ပြီးမြောက်ပြီးဖြစ်သည်၊ သူ၏ စီမံကိန်းသည် ပြည့်စုံပြီးဖြစ်သည်၊ သူ၏ အစီအစဉ်သည် အောင်မြင်ပြီး ဖြစ်ကာ သူ၏ သားတို့သည် သူ၏ပလ္လင်ဆီသို့ အားလုံးရောက်ရှိပြီးဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံတိုင်းနှင့် လူမျိုးအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်အတူ တရားစီရင်ဖို့ အတူတကွ လာကြလေသည်။ အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းနေခဲ့ပြီး ဘုရားသခင်၏ သားတို့ကို ထိခိုက်နစ်နာစေခဲ့သော သူတို့သည် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းနှင့် ကြုံရကြလိမ့်မည်- ဤသည်မှာ ဧကန်မလွဲဖြစ်၏။ ဘုရားသခင်အား မိမိတို့ကိုယ်ကိုယ် စစ်မှန်ရိုးသားစွာ ပေးအပ်သူ၊ အရာရာတိုင်းကို ထိန်းသိမ်းသောသူတို့ကို၊ ဘုရားသခင်သည် မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိဘဲ၊ ထာဝရကာလပတ်လုံး ဧကန်မုချ ချစ်လိမ့်မည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၅ ဘုရားဟာကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်မှာလည်းရှိ

နောက်တစ်ခုသို့- ၄၇ အနန္တတန်ခိုးရှင်သာ ထာဝရထမြောက်တော်မူသော အသက်ဖြစ်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။