၄၃၈ ဘုရားအတွက် သင့်စိတ်နှလုံးကို ဖွင့်လျှင်

၁ လူတို့သည် ဘုရားသခင်ကို နားမလည်သကဲ့သို့ သူ၏ စိတ်သဘောထားကို မသိကြသောအခါတွင်၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ အမှန်တကယ် ဖွင့်ဟနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို စတင်တန်ဖိုးထားကာ စိတ်ဝင်စားမှု၊ ယုံကြည်ခြင်းနှင့်အတူ စတင် အရသာခံကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို သင်သည် တန်ဖိုးထားပြီး အရသာ ခံသောအခါတွင်၊ သင်၏စိတ်နှလုံးသည် နည်းနည်းချင်း တဖြည်းဖြည်း သူ့ထံ ဖွင့်ဟလိမ့်မည် ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံ ဖွင့်ဟသောအခါတွင်၊ ဘုရားသခင်နှင့် သင်၏ အပြန်အလှန် အချီအချပြောဆိုမှုများ၊ ဘုရားသခင်အပေါ် သင်၏တောင်းဆိုမှုများနှင့် သင်ကိုယ်တိုင်၏ လွန်ကျူးသော ဆန္ဒများက မည်မျှရှက်ဖွယ်ကောင်းပြီး မည်မျှ စက်ဆုပ်ဖွယ် ဖြစ်သည်ကို သင်ခံစားရလိမ့်မည်။

၂ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် ဖွင့်ဟသောအခါတွင်၊ သူ၏ နှလုံးသားသည် ထိုသို့ အဆုံးအစမရှိသော လောကတစ်ခု ဖြစ်သည်ကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် လုံးဝ မတွေ့ကြုံဖူးသော နယ်ပယ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဤနယ်ပယ်ထဲတွင် လှည့်စားခြင်းမရှိ၊ လှည့်ဖြားခြင်းမရှိ၊ မှောင်မိုက်ခြင်းမရှိသကဲ့သို့ ဆိုးယုတ်ခြင်း မရှိပေ။ ရိုးသား စစ်မှန်ခြင်းနှင့် သစ္စာစောင့်သိခြင်းသာရှိသည်။ အလင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းသာ ရှိသည်။ ဖြောင့်မတ်ခြင်းနှင့် ကြင်နာခြင်းတို့သာ ရှိသည်။ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နေသည်၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသည်၊ ပြီးလျှင် ထိုမှတစ်ဆင့် သင်သည် အသက်ရှင် ရခြင်း၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားရသည်။

၃ ဤအရာတို့သည် ဘုရားသခင်ထံသို့ သင်၏ စိတ်နှလုံးကို ဖွင့်ဟသောအခါ၌၊ သင့်ကို ဘုရားသခင် ထုတ်ဖော်ပြသည့် အရာများ ဖြစ်သည်။ အဆုံးမရှိသော ဤကမ္ဘာလောကသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ဖြင့် ပြည့်နေသည်။ ယင်းသည် သူ၏ချစ်ခြင်းနှင့် သူ၏ ဩဇာအာဏာတို့ဖြင့်လည်း ပြည့်လေသည်။ ဤနေရာတွင် သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ရှုထောင့်တိုင်း၊ သူ့ကို ဘယ်အရာက ဝမ်းမြောက်စေသည်၊ အဘယ်ကြောင့် သူ စိုးရိမ်ပူပန်ပြီး အဘယ်ကြောင့် သူ ဝမ်းနည်းလာသည်၊ အဘယ်ကြောင့် သူ စိတ်ဆိုးလာသည် စသည်တို့ကို သင်မြင်နိုင်သည်။ ဤသည်မှာ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးသော လူ တစ်ဦးစီတိုင်းက မြင်နိုင်သောအရာ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၃၇ ဘုရားကို ချစ်နိုင်ရန် သင့်စိတ်နှလုံးကို ဘုရားထံ လုံးလုံးလှည့်ထားလော့ကျူး

နောက်တစ်ခုသို့- ၄၃၉ သင့်နှလုံးသားထဲသို့ ဘုရားကို ဝင်ခွင့်ပေးလော့ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။