၇၃၅ ဘုရားကို ကြောက်ရွံ့ရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန် လိုက်လျှောက်ရမည့်နည်းလမ်း

ဘုရားကို ကြောက်ရွံ့ခြင်းဆိုတာ

အမည်မသိ ကြောက်စိတ်၊ ရှောင်ပြေးခြင်း၊

ရုပ်တုကိုးကွယ်ခြင်း သို့မဟုတ် အယူသီးခြင်း မဟုတ်။

ဘုရားကို ကြောက်ရွံ့ခြင်းဆိုတာ မြတ်နိုးခြင်း၊

ယုံကြည်ကိုးစား၊ တန်ဖိုးထား၊

နားလည်ခြင်း၊ ဂရုစိုက်ခြင်း၊ နာခံခြင်းလို့ အဓိပ္ပာယ်ရ။

အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းမေတ္တာ၊

အကြွင်းမဲ့ ကိုးကွယ်ခြင်း၊

ပေးဆပ်ခြင်း၊ မညည်းမညူ စွန့်လွှတ်ခြင်းပါ။


ဘုရားကို သေချာစွာ မသိပါက

လူသည် ချစ်မြတ်နိုးခြင်း၊

ယုံကြည်ခြင်း၊ နားလည်ခြင်းမရှိနိုင်။

အမှန်တကယ် အလေးမထား၊ မနာခံနိုင်ဘဲ

ကြောက်ရွံ့မှု၊ စိတ်မငြိမ်မှု၊

သံသယ၊ နားလည်မှုလွဲခြင်းများ ပြည့်နှက်ကာ

ရှောင်ပြေးလို့ တိမ်းရှောင်လိုကြ

ဘုရားကို သေချာစွာ မသိပါက

အထွတ်အမြတ်ထားခြင်းနှင့် ပေးဆပ်ခြင်း မရှိနိုင်၊

လူသားတို့၌ ကိုးကွယ်ခြင်းနှင့် စစ်မှန်သော စွန့်လွှတ်ခြင်း ရှိမည်မဟုတ်၊

အယူသီးမှုထက် မပိုသော

မျက်ကန်းကိုးကွယ်မှုသာ ရှိလိမ့်မည်။


ဘုရားကို သေချာစွာ မသိပါက

လူသည် ဘုရား၏လမ်းအတိုင်းမလိုက်လျှောက်၊

ဘုရားကို မကြောက်ရွံ့ဘဲ ဒုစရိုက်ကို မရှောင်နိုင်။

လူတို့ လုပ်ဆောင်သမျှသည် ပုန်ကန်ခြင်းနှင့် ဖီဆန်ခြင်း၊

အသရေဖျက်စွပ်စွဲခြင်းနှင့်ပြည့်၊

ဘုရားအပေါ် မှားယွင်းသော အကဲဖြတ်မှုများ၊

သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်၏ဆိုလိုရင်းနှင့် ဆန့်ကျင်သော

ဒုစရိုက်နှင့် ပြည့်နှက်ကြလိမ့်မည်။

သို့သော် ဘုရားကို စစ်မှန်သော ယုံကြည်ကိုးစားမှုဖြင့်

သူ့နောက် မည်သို့ လိုက်ရမည်၊

မည်သို့ အားကိုးရမည်ကို သူတို့သိကြလိမ့်မည်။

ထိုအခါမှသာ လူသည် ဘုရားကို

နားလည်သဘောပေါက်ကာ၊

သူ့ကို စတင်အလေးထားကြလိမ့်မည်။


ဘုရားအပေါ် စစ်မှန်သော အလေးထားမှုဖြင့်

လူသည် စစ်မှန်စွာ နာခံတတ်လာမည်။

နာခံခြင်းမှ ဘုရားအပေါ် စစ်မှန်သော

အထွတ်အမြတ်ထားလာလိမ့်မည်။

ထိုစစ်မှန်သော အထွတ်အမြတ်ထားမှုမှ

ခြွင်းချက်မရှိသော ပေးဆပ်မှုရှိလာလိမ့်မည်။

ဤသို့ဖြင့်သာ လူသည် ဘုရား၏သဘောသဘာဝ၊

စိတ်သဘောထားနှင့် သူဘယ်သူဆိုတာကို သိနိုင်သည်။

ထိုသူတို့ ဖန်ဆင်းရှင်ကို သိသောအခါ

စစ်မှန်သော ကိုးကွယ်မှုနှင့် စွန့်လွှတ်မှု ဖြစ်ပေါ်နိုင်သည်။

ထိုအရာများ ဖြစ်လာသည့်အချိန်မှသာ

လူသည် သူတို့၏ ဒုစရိုက်များကို ဖယ်ရှားနိုင်သည်။


ဘုရားကိုကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း

ဟူသောဖြစ်စဉ်တစ်ခုလုံးတွင် ထိုအရာတို့ ပါဝင်သည်။

ထိုအရာတို့သည် ထိုဖြစ်စဉ်တစ်ခုလုံး၏

အဓိကအကြောင်းအရာလည်း ဖြစ်သည်။

ထိုအရာတို့သည် ဘုရားကို ကြောက်ရွံ့၍

မကောင်းမှုကို ရှောင်ကြဉ်သူ ဖြစ်လာအောင်

လျှောက်လှမ်းရမည့် လမ်းလည်း ဖြစ်သည်။

လျှောက်လှမ်းရမည့် လမ်းလည်း ဖြစ်သည်။


“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၃၄ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုသည့်အခါ သူ့ကို သင် အာခံဖို့ အလားအလာရှိသည်

နောက်တစ်ခုသို့- ၇၃၆ ဘုရားသခင်ကို ကြောက်ရွံ့မှသာ မကောင်းသောအကျင့်ကို ရှောင်နိုင်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။