၆၈ ကောင်းသောခါနာန်ပြည်၌ ဝမ်းမြောက်ပျော်ရွှင်မှု

ဘုရားရဲ့အိမ်တော်ကို ပြန်ရောက်တော့

ကျွန်ုပ် အနှိုင်းမဲ့ဝမ်းသာပျော်ရွှင်မှုကို ခံစားရတယ်။

လက်တွေ့ကျတဲ့ဘုရားကို မြင်ခွင့်ရတာ ကံကောင်းလှပါတယ်။

နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တာ လက်တွေ့ ဖြစ်လာပြီ။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေဟာ

လူတို့ကို နိုင်ငံတော်ခေတ်ဆီ ဦးဆောင်လမ်းပြပေးတယ်။

ဘုရားရဲ့စကားကို အခြေပြုပြီး ကျွန်ုပ် လျှောက်လှမ်းရမယ့် လမ်းရှိသည်

လူတစ်ယောက်အနေနဲ့ ရွေးသင့်တဲ့လမ်းကို ကျွန်ုပ် နားလည်။

ဘဝရဲ့ သက်ရှိရေနဲ့ သွန်းလောင်းခံခဲ့ရပြီ။

ဘုရားနဲ့ မျက်နှာချင်းဆိုင်ရတာ အနှိုင်းမဲ့ဝမ်းမြောက်ခြင်းပါ။

ဝေးလံစွာ မရှာဖွေတော့ပါ။ ကျွန်ုပ် အိပ်မက်ထဲက

ကောင်းကင်နိုင်ငံဟာ လက်တွေ့ ဖြစ်ပေါ်လာပြီ။

သာယာတဲ့ ခါနာန်မြေဟာ နှုတ်ကပတ်တော်ရဲ့ ကမ္ဘာပါ။

ဘုရားရဲ့မေတ္တာကို ခံစားရတာ နှိုင်းယှဉ်လို့မရတဲ့ ဝမ်းမြောက်မှုပါ။


သိုးသူငယ်ရဲ့စားသောက်ပွဲကို ကျွန်ုပ်တက်ရောက်ခဲ့ပြီ။

နိုင်ငံတော်ရဲ့ လက်တွေ့ကျသော သင်ကြားမှုကို ခံယူခဲ့ပြီ။

မျက်ရည်မြစ်ဝှမ်းကို ဖြတ်ခဲ့ပေမယ့် ဘုရားဆီကခံစားခဲ့ရတဲ့

မေတ္တာဟာ စစ်မှန်လွန်းတယ်။

အခက်အခဲတွေ စမ်းသပ်မှု တွေဟာ ကျွန်ုပ် နှလုံးသားကို သန့်စင် ပေးပြီး

ဘုရားအပေါ်ထားတဲ့ မေတ္တာကို ပိုစစ်မှန်စေတယ်။

ဘုရားအပေါ်ထားတဲ့ မေတ္တာဟာ တစ်နေ့တစ်ခြားကြီးမားလာတယ်။

ဒီမေတ္တာကြောင့် ကျွန်ုပ် နှလုံးသား ဝမ်းမြောက်တယ်။

ဘုရားရဲ့ ယုံကြည်ရနိုင်ခြင်းနဲ့ မြောင့်မတ်ခြင်း ဟာ

ကျွန်ုပ်ကို ကြည်နူးအံ့အားသင့်စေတယ်။

ဘုရားရဲ့ စိတ်သဘောထားဟာ အင်မတန်ချစ်ဖွယ်ကောင်းတယ်။

ကျွန်ုပ် ရင်ထဲအမြစ်တွယ်နေတယ်။

ဘုရားရဲ့ ချစ်ဖွယ်ကောင်းမှုနဲ့ သန့်ရှုင်းမှု ကို ကျွန်ုပ်မြတ်နိုးလို့ မဆုံးပါ

ရင်ထဲမှာ ချီးမွမ်းခြင်းတေးသံတွေ ပြည့်လျှံလျက်ပါ။


ကောင်းကင်ပေါ်က ကြယ်စင်တွေ ကျွန်ုပ်ကိုပြုံးပြတယ်။

နေမင်းကြီးက ကျွန်ုပ်ဘက်ကို ခေါင်းစိုက်နေတယ်။

နေရောင်ခြည်ကအားလုံးကို အလင်းပြတယ်။

နှင်းစက်တွေက အားလုံးကို စိုပြည်စေတယ်။

နှုတ်ကပတ်တော် ကျွန်ုပ် နဲ့အတူရှိပြီး ကြီးထွားသန်မာစေတယ်။

နှုတ်ကပတ်တော်ဟာ ကြွယ်ဝပြီး အနှိုင်းမဲ့တယ်။

ကျွန်ုပ် တို့စားသောက်ပွဲဟာ တကယ်ပဲချိုမြိန်လှတယ်။

ဘုရားပေးတဲ့ ပြည့်ဝတဲ့အာဟာရဟာ ကျွန်ုပ် တို့ကို

ကြွယ်ဝမှုများစွာပေးတယ်။

ဘုရားရဲ့လူတို့ အားလုံး သူနဲ့အတူနေတယ်။

မြေကြီးပေါ်ရှိ ဘဝဟာ ကောင်းကင်ဘုံမှာ လိုပဲ

ဝမ်းနည်းခြင်းတွေ မျက်ရည်တွေမရှိပါ။ ဒါဟာတို့ရဲ့ ထာဝရဘဝပါ။

ခါနာန်ပြည်မှာ ဘုရားဟာ လူတို့နဲ့အတူနေတယ်။

တို့တွေသူ့ရှေ့မှောက်မှာနေပြီး ဘယ်တော့မှသူနဲ့မခွဲခွာပါ။


ဖြူစင်တောက်ပတဲ့ လရောင်ဟာ ဝင်းလက်နေတယ်။

ကျွန်ုပ် ဘဝဟာ အလွန်လှပါတယ်။

ကျွန်ုပ် ချစ်ဆုံး၊ ကိုယ်တော်ရဲ့ ချစ်ဖွယ်ကောင်းကြောင်းကို

ပြောလို့မဆုံးနိုင်ပါ။

ဘုရားစကားတွေ ချိုမြိန်လှတယ်။

ကျွန်ုပ် နှလုံးသားကို နွေးထွေးစေပြီး မေတ္တာကိုလှုံ့ဆော်တယ်။

ဘုရားရဲ့ စီရင်မှု ဟာ မြောင့်မတ် ပြီး သန့်စင် တယ်။

ကျွန်ုပ် နှလုံးသားကို ဆေးကြောပြီး သန့်စင်စေတယ်။

ကျွန်ုပ် ဘုရားအပေါ်ထားတဲ့မေတ္တာဟာ ချိုမြိန်တယ်။

ကျွန်ုပ် ကို ဝမ်းမြောက်ပြီးကခုန်စေတယ်။

တစ်သက်လုံး ဘုရားနဲ့အတူရှိပါရစေ။

ဘုရားကိုချစ် ကျွန်ုပ် တစ်နေ့လုံးဝမ်းမြောက်မိတယ်။

ခါနာန်ပြည်ဟာ ခရစ်တော်ရဲ့ နိုင်ငံတော်ပါ။

ဘုရားရဲ့လူတို့ ဘုရားကို ထာဝရကိုးကွယ်ကြမယ်။

အရှေ့သို့- ၆၇ ဘုရားသခင်အား ချီးမွမ်းလျက် သီဆိုကခုန်ပါ

နောက်တစ်ခုသို့- ၆၉ ဘုရားသခင်အတွက် သင်၏ လှိုက်လှဲသော ချစ်ခြင်းမေတ္တာကို ဟစ်ဆိုလော့

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။