၅၄၃ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင် ပိုင်ဆိုင်ရမည့်အရာ

၁ ရေစီးကြောင်းကို ဆန့်ကျင်၍ လှေတစ်စင်းကို သင် လှော်ခတ်နေရသည့်အလား၊ ရှေ့သို့ လှော်ခတ်ခြင်းရပ်လျှင် သင် နောက်ပြန်လွင့်ပါသွားမည့်အလား၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် အလွန်ခက်ခဲရပါသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်၏ သဘာဝက လူသားများအတွင်း၌ အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်ကာ ဤသည်မှာ ဖောက်ပြန်ရေးဝါဒီ အင်အားစုဖြစ်သည်။ မှန်ပေ၏၊ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝတစ်ခုနှင့် လူသားများသည် ဘုရားသခင်ကို သစ္စာဖောက်သည့် အရာများကို လုပ်ဆောင်ဖို့ အလွန်ဖြစ်ဖွယ်ရှိပြီး၊ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များသည် သူတို့အတွက် ဆောင်ရွက်ရန် ပင်ကိုအားဖြင့် ခက်ခဲလေသည်။ ဤအရာကို လူသားမျိုးနွယ်၏ သဘာဝအနှစ်သာရအားဖြင့် လုံးဝ ဆုံးဖြတ်ခြင်းဖြစ်သည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သင်ကိုယ်တိုင်၏ စိတ်တွင်းမှ ထိုသမ္မာတရားကို စတင် ချစ်မြတ်နိုးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို လုပ်ဆောင်ဖို့ ခွန်အားရှိလိမ့်မည် ဖြစ်သည်။ ထို့နောက် ဤအရာသည် ပုံမှန်ဖြစ်လာပြီး၊ သက်သောင့်သက်သာနှင့် နှစ်လိုဖွယ်ပင် ဖြစ်လာကာ အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ကြီးမားသည့် အားထုတ်မှုပမာဏ လိုအပ်သည်ဟု သင်ခံစားရလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။

၂ လူသားအသက်တာအကြောင်းနှင့် မည်သည့် လူစားမျိုးသင်ဖြစ်ရမည်- ပွင့်လင်းသူ၊ ဖြောင့်မတ်သောလူ၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို အစေခံသော သူတစ်ဦး မည်သို့ဖြစ်ရမည်- ဆိုသည်တို့နှင့် ပတ်သက်သော သမ္မာတရားကို သင် အမှန်တကယ် နားလည်ပါက၊ ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော လုပ်ရပ်များကို သင် နောက်တစ်ဖန် ဘယ်သောအခါမျှ ကျူးလွန်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ခေါင်းဆောင်အတုအယောင်၊ အမှုတော်ဆောင်အတုအယောင် သို့မဟုတ် အန္တိခရစ်၏ အခန်းကဏ္ဍကို သင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ဆောင်ရွက်လိမ့်မည်မဟုတ်ပေ။ စာတန်က သင့်ကို လှည့်ဖြားလျှင်ပင်၊ သို့မဟုတ် ဆိုးယုတ်သော သူတစ်ဦးက သင့်ကို သွေးထိုးလျှင်ပင်၊ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ သင့်ကို မည်သူက အကျပ်ကိုင်ဖို့ ကြိုးစားသည်ဖြစ်စေ၊ သင်သည် ထိုသို့ လုပ်ဆောင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို ရရှိပြီး၊ သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာပါက၊ မကောင်းမှုကို ၎င်းတို့ စက်ဆုပ်လာနိုင်ကြပြီး အပျက်သဘောဆောင်သော အရာများအတွက် အတွင်းပိုင်း စက်ဆုပ်မှုကို ခံစားလာနိုင်ကြလေသည်။ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်ပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စုံလင်ခံရပြီးဖြစ်သောကြောင့် မကောင်းမှုကို ကျူးလွန်ဖို့ ၎င်းတို့အတွက် ခက်ခဲပေလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၄၂ ယနေ့ သမ္မာတရားကို ရှာဖွေတောင့်တသူများအား သမ္မာတရား ပေးအပ်

နောက်တစ်ခုသို့- ၅၄၄ သမ္မာတရားကို ချစ်သောသူများသည် သမ္မာတရားကို ရရှိလိမ့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။