၆၆၄ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ဘုရားစမ်းသပ်သောအခါကျူး
၁
လူတို့ ယုံကြည်ခြင်းကို ဘုရား စမ်းသပ်တဲ့အခါ
ဘယ်သူမှ စစ်မှန်တဲ့ သက်သေမခံ၊
ဘယ်သူမှ မိမိအရာအားလုံးကို ဆက်ကပ်နိုင်စွမ်းမရှိပါ။
လူဟာ သူ့ကိုယ်သူ ဖွင့်မပြောဘဲ ဖုံးကွယ်ထားဆဲ၊
မိမိနှလုံးသားကို ဘုရား အဓမ္မလုယူသွားမယ့်အလား။
စမ်းသပ်ခံရစဉ် ယောဘပင် ဘယ်တော့မှ အမှန်တကယ်
မြဲမြံစွာ မရပ်တည်ခဲ့သလို
ဒုက္ခဝေဒနာကြားမှာ ချိုမြိန်မှုရနံ့လည်း မသင်းခဲ့။
လူတို့အားလုံး နွေဦးရဲ့နွေးထွေးမှုမှာ
အစိမ်းရောင်အငွေ့အသက် ထုတ်ဖော်ပြ
ဆောင်းရာသီရဲ့ အေးမြလေပြင်းအောက်မှာ ဘယ်တော့မှ မစိမ်းစိုကြ။
ဝိညာဉ်ရင့်ကျက်မှု ကြုံလှီချည့်နဲ့လို့
လူဟာ ဘုရားရဲ့ရည်ရွယ်ချက်ကို မဖြည့်ဆည်းပေးနိုင်။
၂
လူသားတစ်ရပ်လုံးမှာ
အခြားသူတွေအတွက် စံနမူနာအဖြစ်
အစေခံနိုင်သူ တစ်ယောက်မှ မရှိ၊
လူတို့အားလုံး အခြေခံအားဖြင့်
တူကြပြီး တစ်ယောက် မှ ခြားနားမှုမရှိ၊
လူတို့ကို တစ်ယောက်နဲ့ တစ်ယောက်ခွဲခြားစရာ နည်းနည်းသာ ရှိ
ဒီအကြောင်းကြောင့် ခုချိန်မှာတောင် လူတို့
ဘုရားအမှုကို အပြည့်အဝ သိနိုင်စွမ်း မရှိကြသေး။
ဘုရားရဲ့ ပြစ်တင်ဆုံးမမှု လူအားလုံးအပေါ် ကျရောက်ချိန်မှသာ
လူတို့ မိမိကိုယ်ကို မသိလိုက်ဘဲ သူ့ရဲ့အမှုတွေကို သတိပြုမိလာကြကာ
ဘုရားရဲ့လုပ်ဆောင်ချက်တစ်ခုမှ မပါ၊
ဘယ်သူ့ကိုမှ အတင်းအကျပ် မခိုင်းစေဘဲ
လူတို့ သူ့ကို သိကျွမ်းလာကြပြီး
သူ့အမှုတွေကို ထိုသို့ မျက်မြင်တွေ့လာကြမှာ။
ဒါ ဘုရားရဲ့ အစီအစဉ်ပါ၊
မြင်သာအောင် ဖွင့်ပြထားသော သူ့အမှုလက္ခဏာသွင်ပြင်၊
လူသားတို့ သိသင့်တဲ့အရာ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်