၁၃၈ ကိုယ်တော် သွားသည့်နေရာတိုင်း ကိုယ်တော်ကို ကျွန်ုပ် ဖက်တွယ်မည်

၁ ကိုယ်တော်ကို ကျွန်ုပ်၏ နှလုံးသား ပေးပြီ။ ကျွန်ုပ်တွင် ကိုယ်တော်မှအပ အခြားအချစ် မရှိ။ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းက နက်သော စမ်းချောင်းတစ်ခု၊ အတောင့်တဆုံး ချစ်ရသူပေ။ ကျွန်ုပ်၏ ကျန်ရှိသည့် ဘဝတစ်ခုလုံး ကိုယ်တော်နောက် လိုက်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ၊ ဤသည်မှာ ကျွန်ုပ်၏ တည်ကြည်လေးနက်သော သစ္စာဖြစ်ပေ။ ဘုန်းအာနုဘော်တော်နှင့်ဆိုင်သော ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို သိမ်းပိုက်ပြီ။ နာကျင်စရာ စစ်ဆေးမှုက ကျွန်ုပ်၏ နှလုံးသားကို ကြေကွဲစေ။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ် မြင်ပြီ။ ကိုယ်တော်ကို ကြောက်ရွံ့ဖို့ဖြစ်မှန်း ကျွန်ုပ် သိ။ ကြိမ်ဖန်များစွာ၊ ကိုယ်တော် ကျွန်ုပ်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းပေ။ ကွယ်ဝှက်ထားသော မျက်ရည်များစွာနောက်တွင်မှ၊ ကိုယ်တော် ချစ်ဖွယ်အကောင်းဆုံးဖြစ်သည်ကို ကျွန်ုပ် သိရ။ ကိုယ်တော်အတွက်မှလွဲ၍ မည်သည့်အရာမျှ ကျွန်ုပ် မလိုချင်။ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ်၏ ဘဝကို ပေးရန် ကျွန်ုပ် လိုလားနေ။ ကိုယ်တော်ကို ကျွန်ုပ် ချစ်မည် အဆုံးထိ၊ အဆုံးထိပေ။ ပြီးလျှင်၊ ကိုယ်တော်နှင့်အတူ ထာဝရ ကျွန်ုပ် ရှိလိမ့်မည်။

၂ အဘယ်သူ ကိုယ်တော်ကို မချစ်နိုင်မည်နည်း။ ကိုယ်တော် ချစ်ဖွယ်အကောင်းဆုံးပေ။ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းက သစ္စာရှိကာ မည်သည့်အရာကမျှ မဟန့်တားနိုင်။ ကျွန်ုပ်၏ ချစ်ခြင်းက မြစ်နားတွင် ခိုင်မာစွာ စိုက်ပျိုးထားသည့် သစ်ပင်တစ်ပင်ပေ။ ယင်းက အပူကို မကြောက်ရွံ့ပေ။ မိုးခေါင်ရာတွင် ညိုးမသွားပေ။ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းအတွက် ကျွန်ုပ် ဒုက္ခခံရပေ။ မနက်ဖြန်အတွက် ကျွန်ုပ် မပူပန်။ လေများဖြစ်စေ၊ မိုးသက်မုန်တိုင်းများဖြစ်စေ၊ အားလုံးကို ကိုယ်တော့်အတွက် ကျွန်ုပ် ခံစားပေ။ ကိုယ်တော်၏ သက်သေခံဖြစ်ဖို့ အသရေပျက်ခြင်း ကျွန်ုပ် ခံရ။ ကိုယ်တော်၏ ကြီးမြတ်သော မေတ္တာအတွက် ပြန်ပေးဆပ်ရမည့်အရာကို ကျွန်ုပ် ပူဇော်ပေ။ ကိုယ်တော်ကို ကျွန်ုပ် ချစ်မည် အဆုံးထိ၊ အဆုံးထိပေ။ ပြီးလျှင်၊ ကိုယ်တော်နှင့်အတူ ထာဝရ ကျွန်ုပ် ရှိလိမ့်မည်။

၃ ကျွန်ုပ်၏အထဲတွင် ကျွန်ုပ်၏နှလုံးသား လောင်မြိုက်နေ။ သာ၍လျင်မြန်စွာ ကြီးထွားဖို့၊ ကိုယ်တော်ကို သာ၍ ဖြူစင်စွာ ချစ်ဖို့ ကျွန်ုပ် တမ်းတကာ ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော်အား ကျွန်ုပ် ပေးသည်။ အသည်းအသန် ကျွန်ုပ် ငိုကြွေးကာ ဆုတောင်းမိ။ စိတ်ပျက်ခြင်းကို ကျွန်ုပ် မခံနိုင်ပေ။ ကျွန်ုပ်၏ မသန့်စင်မှုများကို စွန့်ပစ်ကာ စားပွဲတော်တွင် ကိုယ်တော်ကို ကျွန်ုပ် ပူးပေါင်းပါဝင်မည်။ ဘယ်သောမျှ တစ်ဖန် မခွဲခွာဖို့၊ ကိုယ်တော်ကို တွေ့မြင်ရန် ကျွန်ုပ် တောင့်တလိုက်ပါဘိ။ မဖော်ပြနိုင်သော မချိတင်ကဲ ဝေဒနာအတွင်းတွင်၊ ကျွန်ုပ်ကို နှစ်သိမ့်ဖို့ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ကျွန်ုပ်ရှိပေ။ အသရေဖျက်ခြင်းနှင့် ငြင်းပယ်ခြင်း၊ အားလုံးကို သည်းခံဖို့ ကျွန်ုပ် လိုလားနေ။ ကိုယ်တော်ကို တွေးခြင်းက ကျွန်ုပ်၏ ချစ်ခြင်းကို နှိုးဆွပေပြီ။ ကျွန်ုပ်၏ ဆုတောင်းခြင်း အသံတွင် ယင်းကို ကိုယ်တော် ကြားနိုင်ပေသည်။ နာကျင်မှုမှတဆင့်ပင်၊ စာတန် ကျွန်ုပ်ကို ဝိုင်းလျှင်ပင်၊ ကိုယ်တော်ကို ချစ်ခြင်းအတွက် ကျွန်ုပ် နောင်တရမည်မဟုတ်ပေ၊ ထို့ကြောင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော်ကို ကျွန်ုပ်ပေးသည်။ ကိုယ်တော် သွားသည့် နေရာတိုင်း၊ ကိုယ်တော်ကို ကျွန်ုပ် ဖက်တွယ်မည်။ ပြီးလျှင် ကျွန်ုပ် တောင့်တ၊ အို ကျွန်ုပ် တောင့်တ ကိုယ်တော်နှင့် ပြန်လည် ပေါင်းစည်းဖို့လေ။

အရှေ့သို့- ၁၃၇ ဘုရားသခင်ကို ထာဝရထိ ကျွန်ုပ် ချစ်မည်

နောက်တစ်ခုသို့- ၁၃၉ အိုဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် မည်မျှ တမ်းတသည်ကို သိပါ၏လော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။