၉၂၃ စာတန်သည် ဘုရား၏သြဇာအာဏာကို လုံးဝစည်းမကျော်ရဲပေကျူး

၁ စာတန်လုပ်သည့်အရာအားလုံး၏ သဘာဝသည် ထိခိုက်စေရန်၊ ကြားဝင်နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ မလိုမုန်းထားတတ်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောဆောင်သည့် ဝေါဟာရများနှင့် ဆက်နွှယ်ပြီး ကိုက်ညီသည်။ ထို့ကြောင့် မဖြောင့်မတ်ဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရနှင့် ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။

၂ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။

၃ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်နှင့် ဆန့်ကျင်သည့်အချက်ကို ပံ့ပိုးခြင်းဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၂၂ မည်သူ့လူ၊ မည်သူ့အရာကမျှ ဘုရား၏အာဏာနှင့် တန်ခိုးကို မကျော်လွန်နိုင်ကျူး

နောက်တစ်ခုသို့- ၉၂၄ စာတန်၏အနှစ်သာရသည် လူမဆန်ဘဲ ဆိုးယုတ်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။