ဘုရား၏လက်သင့်ခံမှုကို ရရှိရန် သင်တို့ကြိုးစားသင့်၏ကျူး
၁ ပထမဦးစွာ သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားသခင်၏ အိမ်တော်ထဲ၌ ပါဝင်နေသည်ကို သင်တို့ အသိအမှတ်ပြုသဖြင့် သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံးတည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်သည် လုပ်ဆောင်မှုများ၌ ကိုယ်ကျင့်တရားကောင်းကာ၊ ၎င်းတို့အတွင်းရှိ သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။ ဒုတိယအချက်အနေဖြင့် ဘုရားသခင်က ရိုးသားသူကိုနှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရရှိသဖြင့် သူ၏နှုတ်ကပတ်တော်ကို အမြဲယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်းဖြစ်သည်။
၂ တတိယအချက်အနေဖြင့်ပြောလိုသည်မှာ ဘုရားသခင်အား တစ်သက်တာလုံး ယုံကြည်ရင်း နေလာသည့် လူသားအားလုံးသည် တစ်ချိန်မဟုတ် တစ်ချိန်တွင် ဘုရားသခင်အပေါ် အတိုက်အခံပြုပြီး လှည့်ဖြားတတ်ကြသည်။ အချို့သော မကောင်းမှုများအား ပြစ်မှုအဖြစ် သတ်မှတ်ရန်မလိုသော်လည်း အချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စီမံခန့်ခွဲရေး အမိန့်တော်များကို ဖောက်ဖျက်သော၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားရာရောက်သော၊ လုပ်ရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ စီမံခန့်ခွဲရေး အမိန့်တော်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်ခမ်းကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ဖုံးထဲသို့ကျဆင်း၍ သန့်ရှင်းသော ဝိညာဉ်တော်နှင့် အလင်းတို့ကို ဆုံးရှုံးရလိမ့်မည်။
၃ သင်တို့သည် သင်တို့၏အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့် မပြောသင့်မလုပ်သင့်သည့်အရာများကို သင်ပြောမိလုပ်မိလျှင် ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့်အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်းမှာလည်း သင်သည် လူသားကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားအား ကြိမ်ဖန်များစွာ စော်ကားမိလျှင် ငရဲသားဖြစ်ရန် သေချာသည်။ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး ကိုယ်ကျင့်တရားအတိုင်း လုပ်ဆောင်သူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။