၄၂၂ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ရှိရန် သမ္မာတရားကို ရှာဖွေလော့

၁ ထိုသူတို့၏ ဆုတောင်းချက်များမှာ ရေသွယ်ပြွန်တစ်ချောင်းသဖွယ်လည်း ဖြစ်ကာ ယင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်သည်ကို ရှင်းလင်းစွာ နားလည်သင့်ပေသည်။ လူတို့သည် မှန်ကန်သော အခြေအနေ၌ရှိပြီး ဆုတောင်းရှာဖွေကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း တစ်ပြိုင်နက်တည်း အလုပ်လုပ်လာလိမ့်မည်။ ဤသည်မှာ မတူညီသော ရှုထောင့်နှစ်ခုမှ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုအလား ဖြစ်သည်၊ တစ်နည်းအားဖြင့် ယင်းမှာ လူတို့ ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းရန် ဘုရားသခင်မစနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားတို့ ဘုရားသခင်ရှေ့မှောက် ရောက်လာသည့်အခါ သူတို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်သည်၊ ယင်းသည် ဘုရားသခင် လူတို့ကို ကယ်တင်ပြီး သန့်စင်ပေးသည် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ ထို့ပြင် ယင်းသည် လူတို့၏ သင့်လျော်သော အသက်တာဝင်ရောက်ခြင်းအတွက် လမ်းကြောင်းပင်ဖြစ်ပြီး၊ ယင်းမှာ သဘင်အခမ်းအနားတစ်မျိုး မဟုတ်ပါပေ။ ဆုတောင်းခြင်း၏ အဓိပ္ပာယ်မှာ အလွန်အမင်းပင် လေးနက်သည်တကား။ သင် မကြာခဏ ဆုတောင်းပြီး မည်သို့ဆုတောင်းရမည်ကို သင်သိပါက၊ ကျိုးနွံနာခံစွာနှင့် ကျိုးကြောင်းဆီလျော်စွာ မကြာခဏ ဆုတောင်းပါက၊ သင်၏ အတွင်းစိတ်အခြေအနေမှာ အထူးသဖြင့် သင့်လျော်နေလိမ့်မည်။

၂ ဆုတောင်းခြင်း၏ အဓိပ္ပာယ်မှာ အလွန်အမင်းပင် လေးနက်သည်တကား။ သင် မကြာခဏ ဆုတောင်းပြီး မည်သို့ဆုတောင်းရမည်ကို သင်သိပါက၊ ကျိုးနွံနာခံစွာနှင့် ကျိုးကြောင်းဆီလျော်စွာ မကြာခဏ ဆုတောင်းပါက၊ သင်၏ အတွင်းစိတ်အခြေအနေမှာ အထူးသဖြင့် သင့်လျော်နေလိမ့်မည်။ မိမိဘာသာ ဆုတောင်းသည့်အခါ၊ သင် အသုံးပြုသည့် စကားလုံးများသည် စိတ်အားထက်သန်မှုရှိကာ လေးနက်ရမည်။ ဤနည်းဖြင့်သာ ခရစ်တော်၏ မျက်မှောက်၌ သင် ပုံမှန်ုဖြစ်နိုင်လိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လူများ မည်သို့ လာသင့်သနည်း။ ဆင်ခြင်တုံတရားဖြင့် စကားပြောရမည့်ပုံ၊ လူသားအနေအထားမှ စကားပြောရမည့်ပုံနှင့် စိတ်နှလုံးမှ စကားပြောရမည့်ပုံတို့ကို သိရှိရန် ဆုတောင်းခြင်းနှင့် မိမိကိုယ်ကိုယ် မိမိ ပြန်လည်ဆန်းစစ်ခြင်းမှတဆင့် လာသင့်သည်။ ကြားကောင်းရုံမျှ အရာများ သို့မဟုတ် ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားသည့် အရာများကို မပြောနှင့်။ ဤအရာကို သင်တစ်ခဏမျှ လက်တွေ့လုပ်ဆောင်လျှင်၊ ဘုရားသခင်ထံ မည်သို့ဆုတောင်းရမည်ဆိုသည်နှင့် သူနှင့်အတူ မည်သို့မိတ်သဟာယပြုရမည်ဆိုသည်တို့ကို သင် သိလိမ့်မည်ဖြစ်ပြီး၊ ထို့အခါ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိဖို့ သင့်အတွက် လွယ်ကူလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဆုတောင်းခြင်းနှင့် ယင်း၏အလေ့အထတို့၏ အရေးပါမှု” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၂၁ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကိုရရန် သင်၏ စိတ်နှလုံးကို ဆုတောင်းချက်၌ ဖွင့်ဟလော့

နောက်တစ်ခုသို့- ၄၂၃ စစ်မှန်သော ဆုတောင်းခြင်းမရှိဘဲ စစ်မှန်သော အစေခံခြင်းမရှိ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။