၇၀၉ စိတ်သဘောထားဆိုင်ရာ အပြောင်းအလဲများ ရရှိရန် သမ္မာတရားကို ရှာဖွေလော့

၁ သမ္မာတရားကို လိုက်စားခြင်းဖြင့်သာ သင်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများကို ရရှိနိုင်သည်- ဤသည်မှာ သင် နားလည်ရမည့် အရာတစ်ခုဖြစ်ပြီး စေ့စေ့စပ်စပ် နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို လုံလောက်သည့် နားလည်မှု သင်၌ မရှိလျှင်၊ သင် အလွယ်တကူ ချွတ်ချော်ပြီး ပျောက်ဆုံးလိမ့်မည်။ သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။

၂ မိမိတို့၏ ဆိုးယုတ်သော ပြုမူချက်များကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝဗီဇ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ သင်ရှိသည့်အခါတွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် မြင်နိုင်ပြီး မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့နှင့်သက်ဆိုင်သည့် အထင်သေးဖွယ်ဖြစ်ခြင်းနှင့် အကျည်းတန်ခြင်းတို့ကို သင် သတိပြုမိနိုင်သည့်အခါတွင်၊ သင်သည် စက်ဆုပ်မိမည်၊ ရွံရှာမိမည်ဖြစ်ပြီး စိတ်သောကရောက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ တစ်ချို့သောအရာတို့ကို သတိရှိရှိ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ငြိမ်းအေးခြင်းကို သင် ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို သတိရှိရှိ သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ပျော်ရွှင်မှုကို သင် ခံစားရလိမ့်မည်။ သင်သည် မိမိကိုယ်တိုင်၏ အကျည်းတန်မှုကို ဖော်ထုတ်ရင်း၊ မိမိကိုယ်ကိုယ် ဇာတိရုပ်ကို သတိရှိရှိ ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်း၊ အတွင်းတွင် ခံစားချက်ကောင်းလိမ့်မည်ဖြစ်ကာ စိတ်၏ တိုးတက်သော အခြေအနေတစ်ခုတွင် ရှိသည်ဟု မိမိကိုယ်ကိုယ် ခံစားရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင့်စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေခြင်း၏ ပထမအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ဖို့နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရန်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ထိုးထွင်းသိမြင်မှုကို သင်ရရှိနိုင်မည်၊ ထိုးထွင်းသိမြင်မှုအားဖြင့်သာလျှင် အမှုအရာများကို သင် လုံးလုံးလျားလျား နားလည်နိုင်မည်၊ အမှုအရာများကို လုံးလုံးလျားလျား နားလည်ခြင်းအားဖြင့်သာလျှင် ဇာတိပကတိကို သင် စွန့်လွှတ်နိုင်ပြီး၊ ဘုရားသခင်အား သင်၏ယုံကြည်မှုနှင့် ပတ်သက်၍ လမ်းကြောင်းမှန်အပေါ် တစ်ဆင့်ချင်း ရောက်ရှိနိုင်မည်ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၀၈ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်

နောက်တစ်ခုသို့- ၇၁၀ ဘုရား၏အမှုကို နာခံခြင်းအားဖြင့်သာ သင့်စိတ်သဘောထား ပြောင်းလဲနိုင်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။