၅၂၁ သမ္မာတရားကို ရှာဖွေသာသူများသာလျှင် ဘုရား၏စုံလင်စေခြင်းကို ခံရနိုင်သည်ကျူး

၁ နေ့စဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွန်ကြီးမားပြီး အရေးပါသည်ဟု လူတို့ရှုမြင်ကြသော ကိစ္စရပ်အချို့ရှိပြီး အရေးမပါသော အသေးအမွှားများဟု ရှုမြင်ခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤကြီးမားသော ကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မြင်တတ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးထားသည်ဟု သူတို့က ယူဆကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့်အခါတွင်၊ လူတို့၏ မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သူတို့၏ ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အဆင့်မမီဘဲရှိကာ၊ မည်သည့် ဗျာဒိတ်တော်ကိုမျှ မရနိုင်သည့်အပြင် တန်ဖိုးရှိသော တကယ့်အသိပညာကို မရရှိနိုင်ကြပေ။ သေးငယ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူရှုခြင်း၊ တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်ရှေ့၌ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများ၊ ကိစ္စရပ်များနှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးထားသော အခြေအနေများကို အမြဲလျစ်လျူရှုပါက၊ ဤသည်မှာ သင်သည် နေ့စဉ်နေ့တိုင်းနှင့် အချိန်တိုင်းမှာပင် သင့်အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကိုရော သူ၏ ခေါင်းဆောင်မှုကိုပါ အမြဲပစ်ပယ် နေသည်ဟု အဓိပ္ပာယ် သက်ရောက်သည်။

၂ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်ရပ်ကို စီစဉ်ပေးသည့် အခါတိုင်းတွင်၊ သူသည် တိတ်တဆိတ် စောင့်ကြည့်နေလျက်၊ သင်၏ စိတ်နှလုံးကို စိုက်ကြည့်နေပြီး၊ သင်၏စိတ်ကူးများနှင့် သုံးသပ်ချက်များကို အကဲခတ်နေ၍၊ သင် မည်သို့တွေးပုံကို စောင့်ကြည့်နေကာ သင်မည်ကဲ့သို့ ပြုမူမည့်ပုံတို့ကို ကြည့်ရှုရန် စောင့်ဆိုင်းနေပါသည်။ အကယ်၍ သင်သည် ဂရုမစိုက်သော လူတစ်ဦး၊ ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်နေပါက၊ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်စုံတစ်ရာကို စီစဉ်ပေးသောအခါ၊ သင်သည် ဘုရားသခင် ပြည့်စုံစေလိုသည့်အရာ သို့မဟုတ် သင်ဖြည့်ဆည်းပေးရန် သူမျှော်လင့်ထားသည့် တောင်းဆိုချက်များကို သင် သတိမူလိမ့်မည်မဟုတ် သို့မဟုတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်ကြုံတွေ့သော လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်နှင့် မည်ကဲ့သို့ ဆက်စပ်မှု ရှိကြောင်းကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။

၃ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြီးမြတ်စေခြင်း သို့မဟုတ် သင့်အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများကို ဘုရားသခင်ထံမှလာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ အဖြစ် အရှိကိုအရှိအတိုင်း ရှုမြင်ခြင်း မရှိခဲ့ပေ။ ထိုအစား သင့်အား ဘုရားသခင် ပေးအပ်ခဲ့သော အခွင့်အရေးများကို တစ်ခုပြီးတစ်ခု သင် ငြင်းပယ်ပြီဖြစ်ပြီး ၎င်းတို့အား အကြိမ်ကြိမ်အခါခါ လက်လွှတ် ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့ထုတ်ဖော်ပြသည့် လွန်ကဲသော မနာခံခြင်းပင် မဟုတ်လော။ လူတို့သည် ၎င်းတို့ထံ ဘုရားသခင် စေလွှတ်သော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ငြင်းပယ်သည့်အခါနှင့် ထိုအရာများထံမှ ၎င်းတို့ ခေါင်းရှောင်သည့်အခါ၊ ဤသို့သော လူများအပေါ် ဘုရားသခင်၏ သဘောထား တစ်ခုတည်းသာ ရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သောလူကို သူ၏ အနက်ရှိုင်းဆုံး နှလုံးသားထဲမှ ပစ်ပယ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ မည်သည့်အခါမျှ မလျှောက်လှမ်းခဲ့သောသူတစ်ယောက်နှင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း မရှိခဲ့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၂၀ သမ္မာတရားအား စစ်မှန်စွာ လိုက်စားသူများကို ဘုရားကောင်းချီးပေးလိမ့်မည်ကျူး

နောက်တစ်ခုသို့- ၅၂၂ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကိုရရှိရန် ဘုရား၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်လော့ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။